iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယားသ႐ုပ္ေဆာင္မင္းသား ပတ္ယူခ်န္းသည္ လိင္ပိုင္းဆိုင္ရာ တိုက္ခိုက္္သည္ဟူေသာ စြပ္စြဲခ်က္မ်ားျဖင့္ အမ်ိဳးသမီးေလးဦး၏ အမႈဖြင့္တိုင္တန္း ျခင္းႏွင့္ ရင္ဆုိင္ေနရစဥ္ ဆိုးလ္ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕သည္ အမ်ိဳးသမီးတစ္ဦးေပးအပ္ခဲ့ ေသာ အတြင္းခံေဘာင္းဘီတစ္ထည္မွ အမ်ိဳးသားတစ္ဦး၏ DNA ကို ေတြ႕ရွိခဲ့သည္ဟု ထုတ္ျပန္ေၾကညာခဲ့သည္။

ရဲတပ္ဖြဲ႕သည္ ေကဒရာမာစတား ပတ္ယူခ်န္းအေပၚ စြပ္စြဲ ခ်က္ေလးခုစလံုးကို စံုစမ္းေနၿပီး ယင္းအမႈကို ကိုင္တြယ္ေျဖရွင္းရန္ အထူးတပ္ဖြဲ႕တစ္ဖြဲ႕ ဖြဲ႕ခဲ့သည္ဟု သိရသည္။ အမ်ိဳးသမီးတစ္ဦးက ပတ္ယူခ်န္းအေပၚ ၎တိုင္တန္းခ်က္၌ အတြင္းခံ တစ္ထည္ကို သက္ေသအေထာက္အထားအျဖစ္ ရဲတပ္ဖြဲ႕ထံ ေပးအပ္ခဲ့သည္။ အတြင္းခံ၌ ေတြ႕ရွိေသာ အမ်ိဳးသား DNA မွာ ပတ္ယူခ်န္း၏ DNA ဟုတ္မဟုတ္ကို ဆက္လက္စစ္ေဆးေနသည္ဟု သိရသည္။ ထိုအေတာအတြင္း ပတ္ယူခ်န္း၏ ေအဂ်င္စီC-JeS Entertainment က အနည္းဆံုးအမ်ိဳးသမီးႏွစ္ဦးကို ၿခိမ္းေျခာက္အက်ပ္ ကိုင္မႈႏွင့္ မဟုတ္မမွန္စြပ္စြဲမႈမ်ားျဖင့္တရားစြဲရန္ စီစဥ္ေနသည္ဟုေျပာခဲ့သည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 တောင်ကိုရီးယားသရုပ်ဆောင်မင်းသား ပတ်ယူချန်းသည် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်များဖြင့် အမျိုးသမီးလေးဦး၏ အမှုဖွင့်တိုင်တန်း ခြင်းနှင့် ရင်ဆိုင်နေရစဉ် ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့သည် အမျိုးသမီးတစ်ဦးပေးအပ်ခဲ့ သော အတွင်းခံဘောင်းဘီတစ်ထည်မှ အမျိုးသားတစ်ဦး၏ DNA ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့သည် ကေဒရာမာစတား ပတ်ယူချန်းအပေါ် စွပ်စွဲ ချက်လေးခုစလုံးကို စုံစမ်းနေပြီး ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းရန် အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့သည်ဟု သိရသည်။ အမျိုးသမီးတစ်ဦးက ပတ်ယူချန်းအပေါ် ၎င်းတိုင်တန်းချက်၌ အတွင်းခံ တစ်ထည်ကို သက်သေအထောက်အထားအဖြစ် ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သည်။ အတွင်းခံ၌ တွေ့ရှိသော အမျိုးသား DNA မှာ ပတ်ယူချန်း၏ DNA ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးနေသည်ဟု သိရသည်။ ထိုအတောအတွင်း ပတ်ယူချန်း၏ အေဂျင်စီC-JeS Entertainment က အနည်းဆုံးအမျိုးသမီးနှစ်ဦးကို ခြိမ်းခြောက်အကျပ် ကိုင်မှုနှင့် မဟုတ်မမှန်စွပ်စွဲမှုများဖြင့်တရားစွဲရန် စီစဉ်နေသည်ဟုပြောခဲ့သည်။

Credit: 7 Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top