iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝလက်တွဲဖော်အဖြစ် တစ်ဘဝလုံးပျော်ရွှင်နိုင်မယ့် စုံတွဲတွေကို ရာသီခွင်ကတဆင့် ကြည့်ပြီး သိရှိနိုင်ပါတယ်။ ရာသီခွင်အရ လိုက်ဖက်တဲ့ စုံတွဲတွေကတော့-

၁)မိဿနဲ့ ကုမ်

ရာသီခွင်နှစ်ခုစလုံးက စွန့်စားရတာကို အရမ်းကြိုက်တဲ့သူတွေဖြစ်ပြီး ဘယ်တော့မှ ပျင်းရိငြီးငွေ့တာကို မလိုလားတဲ့သူတွေ ဖြစ်ပါတယ်။အသစ်အသစ်တွေကို စူးစမ်းလိုစိတ်တူညီကြတဲ့အတွက် သူတို့နှစ်ယောက်က အဖွဲ့တစ်ဖွဲ့လို ပူးပေါင်းလုပ်ကိုင်ပြီး ပျော်ရွှင်အောင် နေတတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ အတွက်လည်း အချိန်ပေးဖို့ သဘောထားတူညီတဲ့သူတွေဖြစ်တာကြောင့် အဆင်အပြေဆုံး စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

၂)သိဟ်နဲ့ ဓနု

သိဟ်နဲ့ ဓနု ရာသီဖွားအကြားမှာ စိတ်ခံစားချက် ပြင်းပြတာခြင်း တူညီကြပါတယ်။ နှစ်ဦးစလုံးက မီးရာသီတွေဖြစ်ပြီး အချင်းချင်း နားလည်မှုအရမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်။အမြဲတမ်း ပျော်ရွှင်နေတဲ့ စုံတွဲဖြစ်တာကြောင့် အများက အားကျရတဲ့ အတွဲတစ်တွဲ ဖြစ်ပါတယ်။

၃)ကန်နဲ့ ပြိဿ

နှစ်ဦးစလုံးက မြေရာသီဖွားတွေ ဖြစ်ပြီး အရမ်းကို လက်တွေ့ကျကျနဲ့ ဘဝကို ဖြတ်သန်းလိုကျတဲ့ စိတ်ထားချင်း တူညီသူတွေ ဖြစ်ပါတယ်။ရိုးသားပြီး ပွင့်လင်းတဲ့အတွက် ရေရှည်တည်တံ့ပြီး လေးနက်တဲ့ စုံတွဲတွေ ဖြစ်ပါတယ်။သစ္စာအရှိဆုံးသူနှစ်ယောက်ဖြစ်ပြီး တန်ဖိုးထားမှုနဲ့ စရိုက်လက္ခဏာတွေ တူညီကြပါတယ်။

၎)တူနဲ့ မေထုန်

တူနဲ့ မေထုန်ရာသီဖွားတွေက အရမ်းထက်မြက်ပြီး စိတ်ပိုင်းဆိုင်ရာကို အလေးထားပုံနဲ့ စိတ်ဝင်စားမှုချင်း အရမ်းတူညီပါတယ်။တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး အချင်းချင်း ဗဟုသုတ ဖလှယ်ရင်း သူငယ်ချင်းလို ရင်းရင်းနှီး နှီးနဲ့ ငြိမ်းချမ်းစွာ နေရတာကို သဘောကျတဲ့သူတွေ ဖြစ်ပါတယ်။

၅)ဗြိစ္ဆာနဲ့ ကရကဋ်

စိတ်ခံစားချက်ချင်း အရမ်းလိုက်ဖက်ညီတဲ့ အတွဲဖြစ်ပါတယ်။တစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းကို ဟန်ချက်ညီမျှအောင် တစ်ယောက်က ကူညီပေးနိုင်ပြီး ပိုပြီးကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရရှိစေပါတယ်။တစ်ဦးအပေါ် တစ်ဦးအရမ်းဂရုစိုက်ပြီး အကျင့်စရိုက်ချင်းလည်းတူညီပါတယ်။

၆)ဓနုနဲ့ မိဿ

နှစ်ဦးစလုံး မီးရာသီဖွားဖြစ်တာကြောင့် အရမ်းကို ပြင်းပြတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ယောက်စိတ်အားထက်သန်တဲ့အရာကို တစ်ယောက်က ပံ့ပိုးပေးပြီး ဖြည့်ဆည်းပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ဆန့်ကျင်ဘက်တွေက ဆွဲဆောင်နိုင်တယ်ဆိုပေမဲ့ ဒီရာသီနှစ်ခုရဲ့ တူညီမှုတွေကတော့ ပိုပြီးနီးစပ်အောင် ဖန်တီးပေးထားသလို ဖြစ်ပါတယ်။

၇)မေထုန်နဲ့ ကုမ်
အချင်းချင်း နားလည်မှု အရှိဆုံး စုံတွဲဖြစ်ပါတယ်။ တွေ့တာမကြာသေးတဲ့သူတွေ ဖြစ်နေရင်တောင် နှစ်ရှည်လများသိလာခဲ့တဲ့သူတွေလို နားလည်နိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူတွေ ဖြစ်ပြီး ဖန်တီးနိုင်စွမ်း ထက်မြက်ကြပါတယ်။တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုလည်း တစ်ယောက်က နားလည်ပေးနိုင်တဲ့အတွက် ဘဝတစ်သက်တာလုံး ပျော်ရွှင်ချမ်းမြေ့ရမယ့် လက်တွဲဖော်တွေ ဖြစ်ပါတယ်။



Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top