iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္သေဘာက်ေနတဲ့ ေကာင္ေလးနဲ႔ ရင္းႏွီးခြင့္ရဖို႔ မသိမသာေလး ႀကိဳးစားလို႔ရတဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ တစ္ခါတေလေတာ့လည္း ေရလာဖုိ႔ ေျမာင္းေပးရတယ္ မဟုတ္လား။

၁။ မျပည့္စံုတဲ့ မက္ေဆ့ေလးေတြပို႔ပါ

ေျပာဖို႔ သင္အရမ္းရွက္ေနရင္ သူ႔ဆီကို မျပည့္စံုတဲ့ မက္ေဆ့ေလးေတြပို႔လုိ႔ သူ႔ကို အရိပ္အျမြတ္ေျပာရင္း သူ႔ကို အေတြးမ်ားေအာင္ လုပ္ႏိုင္ပါတယ္။

ဥပမာ- ငါ နင့္ကို ေျပာစရာရွိတယ္။ ဒါေပမဲ့ ဘယ္လိုေျပာရမယ္မွန္း မသိဘူး။

        - ငါတုိ႔ ..... ထားလုိက္ပါေတာ့။

        - ငါ လူတစ္ေယာက္ကို သေဘာက်ေနတယ္။ နင့္ကို ေျပာျပလုိ႔ရလား။

        - ငါေျပာစရာရွိတယ္။ ဒါေပမဲ့ နင္ဘယ္လိုတံု႔ျပန္မလဲ ငါမသိဘူး။

        - အတန္းထဲမွာ ငါ ဘယ္သူ႔ကို သေဘာက်လဲ သိလား....ထားလုိက္ပါေတာ့ေလ။

သူ ေသခ်ာစဥ္းစားရင္ သင္ သူ႔ကို သေဘာက်ေနတာ သူသိသြားပါလိမ့္မယ္။ သူလည္း သင့္ကို သေဘာက်ေနတာ ဆုိရင္ သူ စၿပီးလႈပ္ရွားလိမ့္မယ္။

၂။ သူ႔ကို အကူအညီေတာင္းဖို႔ နည္းလမ္းရွာပါ

ကိုယ့္ဘက္က အရမ္းကို ကဲလြန္းတယ္လို႔ အထင္မခံရဘဲ ကိုယ့္ Crush နဲ႔ေတြ႕ဖို႔ အလြယ္ဆံုးနည္းက သူ႔ဆီက အကူအညီေတာင္းဖို႔ပါပဲ။ သင့္ Crush က ကြန္ပ်ဴတာကၽြမ္းက်င္သူဆိုရင္ သင့္လက္ေတာ့ပ္ထဲကို ေဆာ့ဖ္ဝဲသစ္တစ္ခု သြင္းဖို႔ သူ႔ကို အကူအညီေတာင္းႏုိင္ပါတယ္။ သူက ကိုယ္မသိတဲ့ ဘာသာစကားတစ္ခုခုကို တတ္ကၽြမ္းသူဆုိရင္ေတာ့ စာတစ္ခုခုကို ဘာသာျပန္ခုိင္းတာမ်ဳိး၊ အတန္းတူတူ တက္တာဆုိရင္ စာရွင္းျပခုိင္းတာမ်ဳိး လုပ္လို႔ရပါတယ္။

၃။ သင့္ေမြးေန႔မွာ ဖိတ္လုိက္ပါ

သင္နဲ႔သူက သူငယ္ခ်င္းဆုိရင္ ဒီနည္းလမ္းက ပိုအဆင္ေျပပါတယ္။ သူက သင့္ေမြးေန႔ကို လာၿပီး လက္ေဆာင္ေပးရင္ သူေပးတဲ့လက္ေဆာင္မ်ဳိး ဘယ္သူကမွ မေပးဖူးေၾကာင္း၊ အရမ္းသေဘာက်ေၾကာင္း ေျပာပါ။ အေျခအေနေကာင္းရင္ သူနဲ႔ ႏွစ္ေယာက္တည္း အျပင္ထြက္ဖို႔ ထပ္ခ်ိန္းလိုက္လုိ႔ရပါတယ္။

၄။ အတူေလွ်ာက္လည္ဖို႔ ေျပာပါ

သင့္ရဲ႕သူငယ္ခ်င္းတစ္ေယာက္ကို ခ်စ္ေနတာဆုိရင္ေတာ့ ပ်င္းလုိ႔ အျပင္ထြက္ခ်င္ေၾကာင္း၊ ႐ုပ္ရွင္ၾကည့္ခ်င္ေၾကာင္း၊ ဘယ္သူမွ အေဖာ္ေခၚမရေၾကာင္းေျပာၿပီး သူနဲ႔ အျပင္အတူထြက္ဖို႔ စကားစၾကည့္ပါ။

၅။ သူ႔ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းတစ္ေယာက္နဲ႔ ရင္းႏွီးေအာင္လုပ္ၿပီး သူနဲ႔ မိတ္ဆက္ခိုင္းပါ

Crush နဲ႔ ကိုယ္နဲ႔က လံုးဝအစိမ္းသက္သက္ႀကီးျဖစ္ေနရင္ေတာ့ ဒီနည္းလမ္းကို သံုးရပါလိမ့္မယ္။ အရင္ဆံုးေတာ့ သင့္ Crush ရဲ႕အရင္းႏွီးဆံုး သူငယ္ခ်င္းတစ္ေယာက္နဲ႔ သူငယ္ခ်င္း ျဖစ္ေနဖို႔ လိုပါတယ္။ အဲဒီတစ္္ေယာက္နဲ႔ ခင္ခ်င္လုိ႔ မိတ္ဆက္ေပးပါလို႔ ေျပာပါ။ နည္းနည္းေတာ့ မ်က္ႏွာေျပာင္ဖို႔ လုိတာေေပါ့။

၆။ ကိုယ့္အခ်စ္ဆံုးသူငယ္ခ်င္းကို ေျပာခုိင္းပါ

ကိုယ္သေဘာက်ေနတာကို သူသိေစဖုိ႔ အလြယ္ဆံုးနည္းကေတာ့ သူငယ္ခ်င္းကို ေျပာခုိင္းတာပါပဲ။ သူလည္း သင့္ကို သေဘာက်ေနတယ္ဆုိရင္ စလႈပ္ရွားပါလိမ့္မယ္။

၇။ သူ႔ေဘးနားမွာ ထုိင္ပါ

ဘတ္စ္ကားတစ္စီးတည္း စီးခြင့္အျမဲၾကံဳသူျဖစ္ရင္ သူ႔ေဘးနားမွာ ထုိင္ဖို႔ ႀကိဳးစားပါ။ တစ္႐ံုးတည္း၊ တစ္ေက်ာင္းတည္းဆုိရင္ သူ႔ေဘးနားမွာ ခဏထုိင္ခြင့္ရမယ့္ အေျခအေနတစ္ခုကို ဖန္တီးၿပီး စကားစရွာၿပီး ေျပာႏုိင္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ကိုယ်သဘောကျနေတဲ့ ကောင်လေးနဲ့ ရင်းနှီးခွင့်ရဖို့ မသိမသာလေး ကြိုးစားလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တစ်ခါတလေတော့လည်း ရေလာဖို့ မြောင်းပေးရတယ် မဟုတ်လား။

၁။ မပြည့်စုံတဲ့ မက်ဆေ့လေးတွေပို့ပါ

ပြောဖို့ သင်အရမ်းရှက်နေရင် သူ့ဆီကို မပြည့်စုံတဲ့ မက်ဆေ့လေးတွေပို့လို့ သူ့ကို အရိပ်အမြွတ်ပြောရင်း သူ့ကို အတွေးများအောင် လုပ်နိုင်ပါတယ်။

ဥပမာ- ငါ နင့်ကို ပြောစရာရှိတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမယ်မှန်း မသိဘူး။

        - ငါတို့ ..... ထားလိုက်ပါတော့။

        - ငါ လူတစ်ယောက်ကို သဘောကျနေတယ်။ နင့်ကို ပြောပြလို့ရလား။

        - ငါပြောစရာရှိတယ်။ ဒါပေမဲ့ နင်ဘယ်လိုတုံ့ပြန်မလဲ ငါမသိဘူး။

        - အတန်းထဲမှာ ငါ ဘယ်သူ့ကို သဘောကျလဲ သိလား....ထားလိုက်ပါတော့လေ။

သူ သေချာစဉ်းစားရင် သင် သူ့ကို သဘောကျနေတာ သူသိသွားပါလိမ့်မယ်။ သူလည်း သင့်ကို သဘောကျနေတာ ဆိုရင် သူ စပြီးလှုပ်ရှားလိမ့်မယ်။

၂။ သူ့ကို အကူအညီတောင်းဖို့ နည်းလမ်းရှာပါ

ကိုယ့်ဘက်က အရမ်းကို ကဲလွန်းတယ်လို့ အထင်မခံရဘဲ ကိုယ့် Crush နဲ့တွေ့ဖို့ အလွယ်ဆုံးနည်းက သူ့ဆီက အကူအညီတောင်းဖို့ပါပဲ။ သင့် Crush က ကွန်ပျူတာကျွမ်းကျင်သူဆိုရင် သင့်လက်တော့ပ်ထဲကို ဆော့ဖ်ဝဲသစ်တစ်ခု သွင်းဖို့ သူ့ကို အကူအညီတောင်းနိုင်ပါတယ်။ သူက ကိုယ်မသိတဲ့ ဘာသာစကားတစ်ခုခုကို တတ်ကျွမ်းသူဆိုရင်တော့ စာတစ်ခုခုကို ဘာသာပြန်ခိုင်းတာမျိုး၊ အတန်းတူတူ တက်တာဆိုရင် စာရှင်းပြခိုင်းတာမျိုး လုပ်လို့ရပါတယ်။

၃။ သင့်မွေးနေ့မှာ ဖိတ်လိုက်ပါ

သင်နဲ့သူက သူငယ်ချင်းဆိုရင် ဒီနည်းလမ်းက ပိုအဆင်ပြေပါတယ်။ သူက သင့်မွေးနေ့ကို လာပြီး လက်ဆောင်ပေးရင် သူပေးတဲ့လက်ဆောင်မျိုး ဘယ်သူကမှ မပေးဖူးကြောင်း၊ အရမ်းသဘောကျကြောင်း ပြောပါ။ အခြေအနေကောင်းရင် သူနဲ့ နှစ်ယောက်တည်း အပြင်ထွက်ဖို့ ထပ်ချိန်းလိုက်လို့ရပါတယ်။

၄။ အတူလျှောက်လည်ဖို့ ပြောပါ

သင့်ရဲ့သူငယ်ချင်းတစ်ယောက်ကို ချစ်နေတာဆိုရင်တော့ ပျင်းလို့ အပြင်ထွက်ချင်ကြောင်း၊ ရုပ်ရှင်ကြည့်ချင်ကြောင်း၊ ဘယ်သူမှ အဖော်ခေါ်မရကြောင်းပြောပြီး သူနဲ့ အပြင်အတူထွက်ဖို့ စကားစကြည့်ပါ။

၅။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ ရင်းနှီးအောင်လုပ်ပြီး သူနဲ့ မိတ်ဆက်ခိုင်းပါ

Crush နဲ့ ကိုယ်နဲ့က လုံးဝအစိမ်းသက်သက်ကြီးဖြစ်နေရင်တော့ ဒီနည်းလမ်းကို သုံးရပါလိမ့်မယ်။ အရင်ဆုံးတော့ သင့် Crush ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်နေဖို့ လိုပါတယ်။ အဲဒီတစ်ယောက်နဲ့ ခင်ချင်လို့ မိတ်ဆက်ပေးပါလို့ ပြောပါ။ နည်းနည်းတော့ မျက်နှာပြောင်ဖို့ လိုတာေပေါ့။

၆။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို ပြောခိုင်းပါ

ကိုယ်သဘောကျနေတာကို သူသိစေဖို့ အလွယ်ဆုံးနည်းကတော့ သူငယ်ချင်းကို ပြောခိုင်းတာပါပဲ။ သူလည်း သင့်ကို သဘောကျနေတယ်ဆိုရင် စလှုပ်ရှားပါလိမ့်မယ်။

၇။ သူ့ဘေးနားမှာ ထိုင်ပါ

ဘတ်စ်ကားတစ်စီးတည်း စီးခွင့်အမြဲကြုံသူဖြစ်ရင် သူ့ဘေးနားမှာ ထိုင်ဖို့ ကြိုးစားပါ။ တစ်ရုံးတည်း၊ တစ်ကျောင်းတည်းဆိုရင် သူ့ဘေးနားမှာ ခဏထိုင်ခွင့်ရမယ့် အခြေအနေတစ်ခုကို ဖန်တီးပြီး စကားစရှာပြီး ပြောနိုင်ပါတယ်။


Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top