iMyanmarHouse.com - Best Property Website for Myanmar
×

ချိုင်းချွေးနံ့ထွက်မှာ၊ ကွက်မှာကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်နေကြရသူတိုင်း စိုးရိမ်တတ်ကြပါတယ်။ ဒီတော့ အပြင်ထွက်တော့မယ်ဆို ရေချိုးမယ်၊ အ၀တ်အစားလဲမယ်၊ ပြီးတာနဲ့  ချိုင်းချွေးနံ့ပျောက်ဆေးကို ချိုင်းမှာ သုတ်လိမ်းပေးတတ်ကြတယ်မဟုတ်လား။ ဒီအချက်ဟာ လူတိုင်း လုပ်ဆောင်နေကြတဲ့ အရာပါ။ တကယ်တော့ ခုလို လုပ်ဆောင်နေခြင်းဟာ လုံးဝအမှားကြီး မှားနေတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ချိုင်းချွေးနံ့မထွက်အောင် deodorant ကို ချိုင်းမှာ လိမ်းတော့မယ်ဆို မနက်ပိုင်း လုံးဝမလိမ်းဖြစ်အောင် သတိထားရပါလိမ့်မယ်။

ခုလို ပြောလိုက်လို့ အပြင်သွားရမယ့်အချိန်က မနက်ပိုင်းဖြစ်နေတော့ ဘယ်လိုလုပ်မလဲရယ်လို့ ပြန်မေးပါလိမ့်မယ်။ ချိုင်းချွေးနံ့သုတ်လိမ်းတဲ့အခါ အရေးတကြီး သိထားရမယ့် အချက်တွေရှိနေပါတယ်။ ပထမတစ်ချက်ကတော့ ချိုင်းချွေးနံ့မထွက်အောင် ချိုင်းမှာ ကိုယ်သုတ်လိမ်းလိုက်တဲ့ deodorant နဲ့ antiperspirant တွေအတွက် သူတို့အသားထဲကို စိမ့်ဝင်ချိန်ဆိုတာ ရှိတယ်ဆိုတာပါပဲ။ ချိုင်းချွေးပေါက်တွေထဲက ချွေးတွေ အဆီတွေ မထွက်စေဖို့ သူတို့ကို သုတ်လိမ်းလိုက်ပေမယ့် အချိန်တစ်ခုတော့ စောင့်ကြရပါတယ်။ ဒီ့အတွက် ညနေနဲ့ ညဘက်အချိန်တွေက ခန္ဓာကိုယ်နည်းနည်းအေးသွားတဲ့အချိန် ဖြစ်တာမို့ ချွေးနံ့ပျောက်ဆေးတွေ ချိုင်းမှာလိမ်းဖို့ ကောင်းမွန်တဲ့အချက် ဖြစ်တယ်ဆိုတာပါပဲ။

ဒီတော့ ညဘက်အချိန်မှာ အဲ့ဒါတွေကို သုတ်လိမ်းပြီး အိပ်လိုက်လို့ မနက်ရေချိုးတဲ့အခါ ညက ချိုင်းမှာ လိမ်းထားတာတွေ ပါသွားမှာ မစိုးရိမ်ပါနဲ့။ အဲ့ဒီအချိန်မှာ ချိုင်းက အဆီတွေအားလုံးကို စုပ်ယူပြီးသွားတာမို့ စိုးရိမ်စရာ မလိုတော့ပါဘူး။

နောက်ထပ် အရေးကြီးတဲ့တစ်ချက်က သင့်ခန္ဓာကိုယ်ဟာ မနက်ဘက်မှာ ချွေးအထွက်ဆုံးအချိန်ကာလပါ။ ဒီတော့ မနက်ပိုင်းသာ deodorant သုတ်လိမ်းလိုက်မယ်ဆို သူက ချွေးတွေဆက်တိုက်ထွက်နေတဲ့အချိန် ဘာကိုမှ စုပ်ယူထားနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ညဘက်အချိန်မှာသာ deodorant သုံးပါ။ ခုလို ညဘက် သုံးထားလိုက်ရင် အနည်းဆုံး ၂၄နာရီကြာအောင်တော့ ချိုင်းချွေးမထွက်အောင် ထိန်းထားနိုင်ပါလိမ့်မယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top