iMyanmarHouse.com - Best Property Website for Myanmar
×

ဒီရက်ပိုင်းတွေထဲမှာ ဆယ်လီတွေရဲ့အကွဲအပြဲသတင်းတွေ ဆက်တိုက်ကြားရပြီးနောက်မှာ နောက်ထပ်စုံတွဲတစ်တွဲကလည်း ကွဲသွားကြပြန်ပါပြီ။ မော်ဒယ်လေး ဂျီဂျီဟက်ဒီးနဲ့ အဆိုတော် ဇေးမောလစ်တို့ လမ်းခွဲလိုက်တာပဲ ဖြစ်ပါတယ်။

ငယ်ရွယ်ချောမောတဲ့ စုံတွဲလေးဟာ ချစ်သက်တမ်း ၇ လ အကြာမှာ လမ်းခွဲလိုက်ကြောင်းကို E! သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြလိုက်တာပါ။ သတင်းရင်းမြစ်တွေအရ ဂျီဂျီနဲ့ ဇေးတို့ဟာ ယခင်ကလည်း ပြတ်ခဲ့ဖူးပြီး ပြန်တွဲနေကြတာလို့ သိရပါတယ်။

ဧပြီလတုန်းက ဂျီဂျီရဲ့မွေးနေ့ပွဲမှာ ပြဿနာဖြစ်ပွားရာကနေ ခဏတာာပြတ်စဲခဲ့ကြတယ်လို့ ရင်းနှီးသူတစ်ဦးကပြောပါတယ်။ ယခုလက်ရှိ အခြေအနေမှာ လမ်းခွဲတယ်ဆိုပေမယ့် ပြန်တွဲကြမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

  Credit: Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top