iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတစ်ဦးက ကားလမ်းမရဲ့ ဘေးဘက်ဖွင့်လှစ်ထားတဲ့ အလှပန်းအရောင်းဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်သွားခဲ့ပြီး နောက် တော့ ရုတ်တရက် နောက်ပြန်လှည့်လာပြီး မိခင်ဖြစ်သူဆီကိုပေးဖို့ နှင်းဆီပန်း ခြင်းတစ်ခြင်းဝယ် ယူလိုက်ပါတယ်။

ဒါပေမဲ့လည်း မိုင်နှစ်ရာလောက်ဝေးတဲ့ မိခင်ဆီကို သွားပို့ပေးဖို့ဆို တာက သူမအတွက် အဆင်မပြေနိုင်သေးတာကြောင့် ပန်းဆိုင်ရဲ့ ပန်းလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို ရွေးချယ်လိုက်ပြီး မိခင်ဖြစ်သူထံ ပို့ပေးဖို့ မှာခဲ့လိုက်ပါတယ်…

ပြီးနောက် ဆိုင်အပြင်ထွက်လာတဲ့ သူမက ဆိုင်နံရံမှာကပ်မှီပြီး ဆိုင်အတွင်းက ပန်းတွေကိုငေးမောကြည့်နေတဲ့ ကလေးမလေး တစ်ယောက်ကို သတိထားမိသွားပါတယ်။
အဲ့ဒါနဲ့ သူမလည်း ကလေးမလေးကို မေးမြန်းစပ်စုကြည့်လိုက်ပါ တယ်…

“ သမီး… ဘာဖြစ်နေသလဲကွယ်” လို့မေးတော့ ကလေးမလေးက..
“ သမီး… နှင်းဆီပန်းလိုချင်လို့.. အန်တီ။ သမီးမေမေအတွက် ပေး ချင်လို့” လို့ ပြန်ဖြေတော့ သူမက…
“ သမီးရယ်….ဒါများ လာခဲ့။ အန်တီ့နောက်လိုက်ခဲ့” ဆိုပြီး ကလေး မလေးကို ပန်းဆိုင်ထဲခေါ်သွားပြီး ပန်းစည်းတစ်စည်းဝယ်ပေးလိုက် ပါတယ်။

ကလေးမလေးလိုချင်နေတဲ့ ပန်းစည်းဝယ်ပေးလိုက်ပြီးနောက် ကလေးမလေးရဲ့ မိခင်ရှိရာကိုပါ လိုက်ပို့ပေးခဲ့ချိန်မှာတော့ သူမအ တွက် စိတ်လှုပ်ရှားစရာ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အ ပျက်နဲ့ကြုံခဲ့ရပါတော့တယ်….

“ အန်တီ… သိပ်ကိုကျေးဇူးတင်ပါတယ်။ အန်တီက မေမေ့အတွက် နှင်းဆီပန်းစည်းကို ယူလာပေးနိုင်ခဲ့တာကြောင့်ပါ… ဟိုးနားမှာလှမ်း မြင်နေရတဲ့ အုတ်ဂူဖြူဖြူလေးက သမီးမေမေပေါ့ ” လို့ ဆိုတော့ သူမရင်ထဲ သိမ့်ခနဲတုန်အောင် ခံစားမိသွားခဲ့ရပါတယ်…..

ဒီ အသက်ငယ်ငယ်ကလေးမလေးကတောင်… သူမရဲ့ကွယ်လွန် သွားခဲ့ပြီးဖြစ်တဲ့ မိခင်ဖြစ်သူအတွက် ပန်းစည်းကိုအရောက် ပို့ပေး နိုင်ခဲ့တာ….

ငါကကော…. ဘာလို့များ ငါ့မိခင်ဆီကိုယ်တိုင်မပို့ပေးနိုင်ရမှာလဲဆို တဲ့… ခံစားမှုအသိနဲ့ ကိုယ့်ကိုကိုယ်နောင်တရစွာ ပြန်မေးမိရင်း…..
သူမပန်းစည်းပို့ပေးဖို့ အမှာထားခဲ့တဲ့ ပန်းဆိုင်ဆီ ချက်ခြင်းအပြေး သွားကာ ပန်းပို့ပေးတဲ့ဝန်ဆောင်မှုအမှာကို ဖျက်ပစ်လိုက်ပြီး…. သူမကိုယ်တိုင်ပဲ မိုင် ၂၀၀ ကျော်ဝေးလှံတဲ့ မိခင်ဖြစ်သူထံကို ပန်း စည်းပေးဖို့ အရောက်ပြေးလွှားသွားခဲ့ပါတော့တယ်………



Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top