iMyanmarHouse.com - Best Property Website for Myanmar
×

မုဆိုးမတွေဟာ လက်ရှိအိမ် ထောင်သည် အမျိုးသမီးတွေထက် စိတ်ဖိစီးမှု ကိုယ်ကာယချည့်နဲ့မှု ပိုမိုလျှော့နည်းကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။  အီတလီနိုင်ငံ University of Padua က ယင်းလေ့လာမှု ဦးစီးသုတေသီ Caterina Trevisan က ခင်ပွန်းသည်ရှိနေခြင်းက အမျိုးသမီးတွေကို စိတ်ဖိစီးမှု ဖြစ်နိုင်ခြေပိုများပြီး တာဝန်ပိုတင်းကျပ်ပြီး မချင့်မရဲဖြစ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယျေဘုယျအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်ကြပါတယ်။ နောက်ပိုင်းတွေမှာ ခင်ပွန်းသည်ကို ပြုစုပေးရတာမို့ ပြုစုစောင့်ရှောက်ရတဲ့ ဝန်ထုပ်ဝန်ပိုးကနေ အကျိုးသက်ရောက်မှုတွေလည်း ရခံစားနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေမှာ စိတ်ကျရောဂါအန္တရာယ် ပိုနည်းကြောင်း ထောက်ပြထားပါတယ်။

Single အမျိုးသမီးတွေမှာလည်း စိုးရိမ်ကြောင့်ကြမှု ပိုနည်းတယ်၊ အလုပ်ကျေနပ်အားရမှုပိုများပြီး လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြပါတယ်။ မိသားစု သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားနိုင်ကြပါတယ်။
မုဆိုးမတွေဟာ မုဆိုးဖိုတွေထက် လက်တွဲဖော်ဆုံးရှုံးပြီး မုဆိုးမဘဝဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြပါတယ်။ အမျိုးသမီးတွေ မုဆိုးမဘဝမှာ စိတ်ဓာတ်ကျအားငယ်မှု ခံနိုင်စွမ်းပိုရှိကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကိုယ်တွယ်ဖြေရှင်းဖို့ အားကိုးအားထားစရာတွေ ပိုများပြီး သူတို့စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန် ပြောဆိုဖော်နိုင်ကြလို့  ဖြစ်ကြောင်း လေ့လာမှုများစွာက ဖော်ပြခဲ့ပါတယ်။ 

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top