iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7 Day Daily



#Unicode

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ကင်ဆူဟွန်းခေါ် ကလောက်ဒီယာကင်သည် ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား The Dark Tower ၌ အီဒရစ်အယ်လ်ဘာနှင့် မက်သရူးမက်ကွန်နာဟေးတို့နှင့် အတူ သရုပ်ဆောင်မည်ဖြစ် သည်။

The Dark Tower ရုပ်ရှင် ဇာတ်ကားသည် အမေရိကန် စာ ရေးဆရာ စတီဖင်ကင်း ရေးသား သော ဝတ္ထုကို အခြေခံရိုက်ကူး မည့် သိပ္ပံစိတ်ကူးယဉ် သည်း ထိတ်ရင်ဖို ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ကလောက်ဒီ ယာကင်က Arra Champignon ဟူသော ဇာတ်ရုပ်ကို သရုပ် ဆောင်မည်ဖြစ်သည်။ ၎င်းသရုပ် ဆောင်ရမည့် ဇာတ်ရုပ်အသေး စိတ်ကိုမူ အေဂျင်စီက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ကိုရီးယားသရုပ်ဆောင် မင်းသမီး ကလောက်ဒီယာကင် သည် Marco Polo ရုပ်သံဇာတ် လမ်းတွဲနှင့် Avengers:Age of Ultron ရုပ်ရှင်ဇာတ်ကားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မင်း သမီးတစ်လက်ဖြစ်လာသည်။ ကလောက်ဒီယာကင်သည် Monster ရုပ်ရှင်ဇာတ်ကား ရိုက် ကူးရေးပြီးနောက် The Dark Tower ဇာတ်ကားရိုက်ကူးရန် တောင်အာဖရိကသို့ သွားရောက် မည်ဟု ၎င်း၏အေဂျင်စီက ပြော သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top