iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးေတြဟာ အမ်ဳိးသားေတြထက္ အိပ္ခ်ိန္ ပိုလုိအပ္ေၾကာင္း သိပၸံပညာရွင္မ်ား ရွာေတြ႔ရိွခဲ့ပါတယ္။ ဘာလို႕လဲဆုိေတာ့ အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္က ပိုမိုခက္ခဲရႈပ္ေထြးျပီး ပိုအသုံးျပဳရလုိ႔ပဲ ျဖစ္ပါတယ္။

ဂ်ာမနီႏုိင္ငံ မြန္းနစ္ခ်္ျမိဳ႕ Max Planck Institute က သိပၸံပညာရွင္ေတြက အိပ္ေမာက်ျခင္းက ဦးေႏွာက္စြမ္းရည္ ဘယ္လုိထိခုိက္ေစလဲ စဥ္းစားသုံးသပ္ရန္ အရြယ္ေရာက္ျပီးသူ ၁၆၀ ရဲ႕ အိပ္စက္မႈပုံစံေတြကို အေသးစိတ္ေလ့လာခဲ့ၾကပါတယ္။ အမ်ဳိးသမီးမ်ား ႏွစ္ႏွစ္ျခိဳက္ျခဳိက္အိပ္ေပ်ာ္တဲ့အခါ အဆင့္ျမင့္ IQs နဲ႔ ဆက္စက္တဲ့ ဦးေႏွာက္လႈပ္ရွားမႈကို အားေပးျမင့္တင္ေပးေၾကာင္း ရွာေဖြေတြ႔ရိွခဲ့ပါတယ္။ ဒါေပမယ့္ အမ်ဳိးသားေတြအတြက္ ျခားနားမႈမရိွခဲ့ပါဘူး။ ပိုအိပ္ေပးတဲ့အခ်ိန္မွာ ရရိွတဲ့ အက်ဳိးေက်းဇူးမ်ဳိးဘဲ တစ္ေမွးအိပ္တဲ့အခါမွာလည္း ရရိွၾကပါတယ္။

ပါေမာကၡ Martin Dresler က ကြ်ႏု္ပ္တုိ႔ရရိွတဲ့ ရလဒ္အေျဖက အိပ္စက္ျခင္းနဲ႔ ဦးေႏွာက္ဥာဏ္ရည္ႏွစ္ခုၾကား ပတ္သက္ဆက္ႏြယ္မႈက ထင္မွတ္ထားတာထက္ ပိုမိုခက္ခဲရႈပ္ေထြးေၾကာင္း ထင္ရွားတယ္လုိ႔ ဆုိပါတယ္။ ဦးေႏွာက္ဥာဏ္ရည္ထဲမွာ ပါဝင္တာ အခ်က္ေပါင္းမ်ားစြာရိွျပီး အိပ္စက္ျခင္းက တစ္ခုတည္းသာ ရိွပါေသးတယ္။ အမ်ဳိးသားနဲ႔ အမ်ဳိးသမီးေတြအေၾကာင္း ေလ့လာျခင္းက ေနာက္ေလ့လာသုေတသနအဆင့္အတြက္ ပိုမိုသိက်တဲ့ ကန္႔သတ္ခ်က္တစ္ခု ရရိွေစပါတယ္။

ရွာေဖြေတြ႔ရိွခ်က္ေတြက အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္ဟာ အမ်ဳိးသားေတြဟာထက္ ပိုမိုက္ခက္ခဲရႈပ္ေထြးတာေၾကာင့္ အိပ္စက္မႈ ပိုလုိအပ္ႏုိင္ေျခရိွေၾကာင္း ေတြ႔ရိွခဲ့တဲ့ Loughborough University မွ မၾကာေသးမီက သုေတသနာျပဳခ်က္ကို ေထာက္ခံထားပါတယ္။ အမ်ဳိးသမီးေတြ အလုပ္ေပါင္းစုံလုပ္ေလ့ရိွတယ္။ တစ္ခ်ိန္တည္းမွာ အလုပ္မ်ားစြာ လုပ္ၾကတယ္။ ဒါ့ေၾကာင့္ သူတုိ႔က ေယာက်္ားေလးေတြထက္ ဦးေႏွာက္ ပိုအသုံးျပဳၾကပါတယ္။ ဒီတြက္ေၾကာင့္ အိပ္ခ်ိန္ပို လုိအပ္တာျဖစ္တယ္လုိ႔ ပါေမာကၡ Jim Horne က ဆုိပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန် ပိုလိုအပ်ကြောင်း သိပ္ပံပညာရှင်များ ရှာတွေ့ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်က ပိုမိုခက်ခဲရှုပ်ထွေးပြီး ပိုအသုံးပြုရလို့ပဲ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ မွန်းနစ်ချ်မြို့ Max Planck Institute က သိပ္ပံပညာရှင်တွေက အိပ်မောကျခြင်းက ဦးနှောက်စွမ်းရည် ဘယ်လိုထိခိုက်စေလဲ စဉ်းစားသုံးသပ်ရန် အရွယ်ရောက်ပြီးသူ ၁၆၀ ရဲ့ အိပ်စက်မှုပုံစံတွေကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။ အမျိုးသမီးများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါ အဆင့်မြင့် IQs နဲ့ ဆက်စက်တဲ့ ဦးနှောက်လှုပ်ရှားမှုကို အားပေးမြင့်တင်ပေးကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားတွေအတွက် ခြားနားမှုမရှိခဲ့ပါဘူး။ ပိုအိပ်ပေးတဲ့အချိန်မှာ ရရှိတဲ့ အကျိုးကျေးဇူးမျိုးဘဲ တစ်မှေးအိပ်တဲ့အခါမှာလည်း ရရှိကြပါတယ်။

ပါမောက္ခ Martin Dresler က ကျွနု်ပ်တို့ရရှိတဲ့ ရလဒ်အဖြေက အိပ်စက်ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုက ထင်မှတ်ထားတာထက် ပိုမိုခက်ခဲရှုပ်ထွေးကြောင်း ထင်ရှားတယ်လို့ ဆိုပါတယ်။ ဦးနှောက်ဉာဏ်ရည်ထဲမှာ ပါဝင်တာ အချက်ပေါင်းများစွာရှိပြီး အိပ်စက်ခြင်းက တစ်ခုတည်းသာ ရှိပါသေးတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေအကြောင်း လေ့လာခြင်းက နောက်လေ့လာသုတေသနအဆင့်အတွက် ပိုမိုသိကျတဲ့ ကန့်သတ်ချက်တစ်ခု ရရှိစေပါတယ်။

ရှာဖွေတွေ့ရှိချက်တွေက အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေဟာထက် ပိုမိုက်ခက်ခဲရှုပ်ထွေးတာကြောင့် အိပ်စက်မှု ပိုလိုအပ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့တဲ့ Loughborough University မှ မကြာသေးမီက သုတေသနာပြုချက်ကို ထောက်ခံထားပါတယ်။ အမျိုးသမီးတွေ အလုပ်ပေါင်းစုံလုပ်လေ့ရှိတယ်။ တစ်ချိန်တည်းမှာ အလုပ်များစွာ လုပ်ကြတယ်။ ဒါ့ကြောင့် သူတို့က ယောကျ်ားလေးတွေထက် ဦးနှောက် ပိုအသုံးပြုကြပါတယ်။ ဒီတွက်ကြောင့် အိပ်ချိန်ပို လိုအပ်တာဖြစ်တယ်လို့ ပါမောက္ခ Jim Horne က ဆိုပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top