iMyanmarHouse.com - Best Property Website for Myanmar
×

ယောကျာ်းလေးသူငယ်ချင်း
သူငယ်ချင်းယောင်ဆောင်နေတဲ့ သူငယ်ချင်းမျိုးကို ပြောတာမဟုတ်ပါဘူး။ သင်ကလည်း သူနဲ့အတူ ရုပ်ရှင်သွားမကြည့်ချင်တဲ့ ယောကျာ်းလေးသူငယ်ချင်းပါ။ တစ်ချို့ပြဿနာတွေမှာ မိန်းကလေးသူငယ်ချင်းတွေ မမြင်တဲ့ ရှုထောင့်ကနေ သူကမြင်တတ်ပါတယ်။ မိန်းကေလေးတွေထက် ရှင်းလင်းမှုရှိတဲ့ အကြံညဏ်မျိုးတွေလည်း သူတို့ကပေးတတ်ပါတယ်။

အမြဲပျော်အောင် လုပ်ပေးတတ်တဲ့ သူငယ်ချင်း
သင်ကြိုးစားတဲ့အရာတွေတိုင်းကို အမြဲတမ်း အကောင်းပြောတဲ့လူပါ။ သင့်နောက်မှာ အမြဲရှိတဲ့ သူငယ်ချင်းမျိုးဖြစ်ပြီး သင်အောင်မြင်တာကို အမြဲ မြင်ချင်တဲ့လူမျိုးပါ။ သင့်ကို အမြဲယုံကြည်နေတဲ့ သူငယ်ချင်းမျိုးပါ။ ဒီလိုသူငယ်ချင်းမျိုးတွေကြောင့် ငါဟာအနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ရှိတဲ့လူလို ခံစားလာရပါတယ်။ သူတို့တွေက သင်ဘာပို့စ်တင်တင် လိုက်ခ်လုပ်ပေးတဲ့လူမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ပျော်တတ်တဲ့သူငယ်ချင်း
ရယ်မောခြင်းက ဆေးတစ်ခွက်ဖြစ်ပြီး ဒီလိုသူငယ်ချင်း မျိုးကတော့ ဆေးကိုဂါလံလိုက် တိုက်မဲ့လူပါ။

မိသားစုသူငယ်ချင်း
တစ်ဝမ်းကွဲညီအစ်မ ဒါမှမဟုတ် ယောင်းမ သူငယ်ချင်းမျိုးပါ။ ဒီလိုသူငယ်ချင်းမျိုးတွေက သင့်အကြောင်းတင်မကဘူး သင့်မိသားစုသမိုင်းကိုပါ ကောင်းကောင်းသိတဲ့လူတွေပါ။ တစ်ချို့ပြဿနာတွေမှာ သူစိမ်းတွေအတွက် ဘာမှမဟုတ်ဘူးဆိုပေမဲ့ ကျွန်မတို့မှာ ကိုယ့်သမိုင်းနဲ့ ကိုယ်ရှိကြပါတယ်။ အနားမှာ ဒီလိုသူငယ်ချင်းမျိုး ရှိတယ်ဆိုရင်တော့ ဘုရားပေးတဲ့လက်ဆောင်ပါပဲ။

ဘဝတူ သူငယ်ချင်း
သင်က ကုမ္ပဏီဝန်ထမ်းတစ်ဦးဆိုရင် သူကလည်း ကုမ္ပဏီဝန်ထမ်းပါ။ သင်က ကျောင်းသူဆိုရင် သူကလည်း ကျောင်းသူပါ။ သူရဲ့ နေပုံထိုင်ပုံ ရည်မှန်းချက်တွေ၊ဘဝမှာ ဦးစားပေးအရာတွေက သင်နဲ့ဆင်တဲ့လူပါ။ နေ့စဉ်ဘဝမှာ သင်တစ်ခုခုဖြစ်လာပြီဆိုရင် သူတို့ကအနားမှာရှိပေးမဲ့လူပါ။



Credit : ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top