iMyanmarHouse.com - Best Property Website for Myanmar
×


၁- အကြောင်းအရင်း


ဘာကြောင့် စိတ်ဆိုးတယ်ဆိုတယ်ဆိုတဲ့ အကြောင်းအရင်းကို အရင် ရှာရပါမယ်။ ဘာကြောင့် စိတ်ဆိုးမှန်းမသိရင် သူ့ကို တိုက်ရိုက်မေးရပါမယ်။ အကြောင်းအရင်းမသိဘဲ တောင်းပန်နေဖို့ မလိုပါဘူး။ တစ်ခါတစ်လေ နားလည်မှုလွဲတာတွေကြောင့် စိတ်ဆိုးနေတတ်ပါတယ်။

၂ - တာဝန်ယူ

သင့်အတွက် စိန်ခေါ်မှု တစ်ခုလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်အမှားလုပ်တယ်ဆိုရင် အမှားကို သင်ကိုယ်တိုင်လက်ခံနိုင်ရပါမယ်။ ဒီလို လက်ခံနိုင်ပြီဆိုမှ တောင်းပန်ပါ။

၃ - မက်ဆေ့ဂ်ျ

လေးနက်တဲ့ ပြဿ     နာကို ဖုန်းနဲ့မက်ဆေ့ဂ်ျပို့ပြီးတောင်းပန်တာမျိုး မလုပ်ပါနဲ့။ သူ့ဘက်က ကျေအေးတယ်ဆိုပေမဲ့ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

၎ - အချိန်

သူ့ဘက်က စိတ်ကြည်နေတဲ့အချိန်၊ ပျော်နေတဲ့ အချိန်၊ သူ့ကိုယ်သူ ကျေနပ်နေတဲ့ အချိန်ဟာ တောင်းပန်ဖို့ အကောင်းဆုံးပါပဲ။

၅ - အကြောင်းပြချက်

သင့်ဘက်က အကြောင်းပြချက်ပေးမယ်ဆိုရင် သေချာစဉ်းစားပါ။ အကြောင်းပြချက်ပေးတဲ့အခါ အမှားဟာ သင်နဲ့ မဆိုင်တဲ့ ပုံစံမျိုး မဖြစ်ပါစေနဲ့။


Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top