iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္ကာလမွာ အ႐ြယ္ေရာက္သူေတြဟာ ႐ံုးကအလုပ္စားပြဲမွာ အခ်ိန္ၾကာျမင့္စြာထိုင္ၿပီး အလုပ္လုပ္ေနတာ ေန႔တုိင္းလိုလိုပါပဲ။ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ေန႔စဥ္ အလုပ္စားပြဲမွာ ထိုင္ေနရသူေတြဟာ သာမာန္လူေတြထက္္ကို ပိုေစာၿပီး ေသဆံုးႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္း ပိုမ်ားျပားတယ္လို႔ ကမ္းဘရစ္ခ်္တကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ရပ္က ေဖာ္ျပလာပါတယ္။

တကယ္လို႔ အလုပ္စားပြဲမွာ တစ္ေနကုန္ထုိင္ၿပီး အလုပ္လုပ္ေနသူေတြဟာ အနည္းဆံုး တစ္ေန႔ကို တစ္နာရီစာေတာ့ ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ ဒါမွာသာ ၈ နာရီၾကာ ထိုင္ခဲ့လို႔ ရလာတဲ့ေဘးဥပါဒ္ေတြကို ေလ့က်င့္ခန္းလုပ္ျခင္းက က်န္းမာေရးခ်ိဳ႕ယြင္းမႈမျဖစ္ေအာင္ တားဆီးေပးႏိုင္မွာပါ။ တစ္နာရီစာေလာက္မွ ေလ့က်င့္ခန္းမလုပ္ႏိုင္ဘူးဆုိရင္ေတာ့ အလုပ္လုပ္ေနရင္း လမ္းထေလွ်ာက္သင့္ပါတယ္။ ဥပမာအားျဖင့္ ေရထေသာက္တာ၊ သူငယ္ခ်င္းေတြကို ေကာ္ဖီေဖ်ာ္ေပးတာမ်ိဳး လုပ္ေပးရင္းနဲ႔ အေညာင္းမိတာကို ေလ်ာ့ပါးေစႏိုင္ပါလိမ့္မယ္။

ႏွစ္ ၂၀ ၾကာ ေလ့လာခဲ့တဲ့ ဒီသုေတသနဟာ အ႐ြယ္ေရာက္ၿပီးသူ လူေပါင္းတစ္သန္းေလာက္ကို ႏွစ္စဥ္ ေပါင္ ၁.၇ သန္း အကုန္က်ခံကာ ေလ့လာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ႏွစ္စဥ္ လူေပါင္း ၉၀၀၀၀ နီးပါးဟာ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ကင္ဆာ၊ အမ်ိဳးအစား(၂) ဆီးခ်ိဳနဲ႔ စိတ္ေၾကာင့္ဦးေႏွာက္ထိခိုက္မႈေတြေၾကာင့္ ေသဆံုးေနရပါတယ္။ ဒါေတြဟာ အလုပ္စားပြဲမွာ အခ်ိန္ၾကာေညာင္းစြာ ထိုင္ေနရျခင္းရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြပါ။ ခပ္သြက္သြက္လမ္းေလွ်ာက္တာနဲ႔ စက္ဘီးစီးတာမ်ိဳးက အေညာင္းထိုင္သူေတြအတြက္ အသင့္ေလ်ာ္ဆံုး ေလ့က်င့္ခန္းေတြျဖစ္တယ္လို႔လည္း သုေတသနထုတ္ျပန္ခ်က္ထဲမွာ အၾကံေပးထားပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယနေ့ခေတ်ကာလမှာ အရွယ်ရောက်သူတွေဟာ ရုံးကအလုပ်စားပွဲမှာ အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်နေတာ နေ့တိုင်းလိုလိုပါပဲ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ နေ့စဉ် အလုပ်စားပွဲမှာ ထိုင်နေရသူတွေဟာ သာမာန်လူတွေထက်ကို ပိုစောပြီး သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပြားတယ်လို့ ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြလာပါတယ်။

တကယ်လို့ အလုပ်စားပွဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေသူတွေဟာ အနည်းဆုံး တစ်နေ့ကို တစ်နာရီစာတော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါမှာသာ ၈ နာရီကြာ ထိုင်ခဲ့လို့ ရလာတဲ့ဘေးဥပါဒ်တွေကို လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးချို့ယွင်းမှုမဖြစ်အောင် တားဆီးပေးနိုင်မှာပါ။ တစ်နာရီစာလောက်မှ လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်တော့ အလုပ်လုပ်နေရင်း လမ်းထလျှောက်သင့်ပါတယ်။ ဥပမာအားဖြင့် ရေထသောက်တာ၊ သူငယ်ချင်းတွေကို ကော်ဖီဖျော်ပေးတာမျိုး လုပ်ပေးရင်းနဲ့ အညောင်းမိတာကို လျော့ပါးစေနိုင်ပါလိမ့်မယ်။

နှစ် ၂၀ ကြာ လေ့လာခဲ့တဲ့ ဒီသုတေသနဟာ အရွယ်ရောက်ပြီးသူ လူပေါင်းတစ်သန်းလောက်ကို နှစ်စဉ် ပေါင် ၁.၇ သန်း အကုန်ကျခံကာ လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် လူပေါင်း ၉၀၀၀၀ နီးပါးဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ အမျိုးအစား(၂) ဆီးချိုနဲ့ စိတ်ကြောင့်ဦးနှောက်ထိခိုက်မှုတွေကြောင့် သေဆုံးနေရပါတယ်။ ဒါတွေဟာ အလုပ်စားပွဲမှာ အချိန်ကြာညောင်းစွာ ထိုင်နေရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ ခပ်သွက်သွက်လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာမျိုးက အညောင်းထိုင်သူတွေအတွက် အသင့်လျော်ဆုံး လေ့ကျင့်ခန်းတွေဖြစ်တယ်လို့လည်း သုတေသနထုတ်ပြန်ချက်ထဲမှာ အကြံပေးထားပါတယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top