iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်က ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုအမျိုးမျိုးကို ခံစားရလေ့ရှိပါတယ်။ ဒီသက်ရောက်မှုတွေက မိမိရဲ့ အတွေးအခါ်၊ အပြုအမူ၊ ခံစားချက်တွေအပြင် ခန္ဓာကိုယ်ကျန်းမာရေးတွေနဲ့လည်း သိသိသာသာကို ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးနိုင်ဖို့အတွက် ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ်မှာ သက်ရောက်နိုင်တဲ့ အရာလေးတွေကို သိထားဖို့ပြောပြပေးချင်ပါတယ်။

၁)အရောင်များ

အရောင်တွေက ခံစားချက်အပေါ်ကို သက်ရောက်မှုရှိတယ်လို့ မြောက်မြားစွာသော လေ့လာတွေ့ရှိမှုတွေအရ သိရှိရပါတယ်။ဥပမာ - အပြာရောင်က တည်ငြိမ်ခြင်း ၊ မျှော်လင့်ချက်ရှိခြင်းကိုပြပြီး အနီရောင်က တက်ကြွခြင်းကို ပြပါတယ်။

၂)ရာသီဥတု

နေရောင်ခြည်က ဆီရိုတိုနင် ဟော်မုန်းဓာတ်ကို ထွက်ရှိစေတဲ့အတွက် စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေပါတယ်။အလွန်အမင်း ပူလွန်း၊အေးလွန်းခြင်းက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး လေးလံထိုင်းမှိုင်းတာ၊စိတ်ကူးစိတ်သန်းအသစ်တွေ မရရှိတာတွေ ဖြစ်တတ်တာကြောင့် ရာသီဥတု ကြည်လင်နေရင် လူမှာလည်း စိတ်ရော ကိုယ်ပါ လန်းဆန်းနေမှာဖြစ်ပါတယ်။

၃)လူမှု မီဒီယာများ

 ကော်နယ်တက္ကသိုလ်ရဲ့တွေ့ရှိမှုအရ ဖေ့စ်ဘွတ်က သူငယ်ချင်းတွေ ပျော်ရွှင်တဲ့အခါ ကိုယ်လည်းလိုက်ပြီးပျော်ရွှင်တတ်သလို သူတို့ကြောင့်လည်း ဝမ်းနည်းစရာ စိတ်မကျေနပ်စရာတွေကိုလည်း ပိုပြီးဖြစ်စေနိုင်တယ်လို့ ဆိုတာကြောင့် ယနေ့ အိုင်တီခေတ်မှာ မီဒီယာတွေရဲ့ ထိတွေ့မှုက အရေးပါလာပြီဖြစ်ပါတယ်။

၎)ချစ်သူရဲ့ စိတ်နေစိတ်ထား

အသိစိတ်ကဖြစ်စေ ၊မသိစိတ်ကဖြစ်စေ ကိုယ့်ချစ်သူရဲ့ စိတ်အခြေအနေက ကိုယ့်အပေါ်ကို ရိုက်ခတ်လေ့ရှိပါတယ်။ လူတွေဆိုတာ  ကိုယ့်ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်နဲ့အနီးကပ် အတူရှိနေတဲ့သူရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေက ကိုယ့်စိတ်နဲ့ အများကြီးဆိုင်ပါတယ်။ ဒါကြောင့် ကြည်လင်ပျော်ရွှင်နေတဲ့ ပတ်ဝန်းကျင်မှာရှိနေနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၅)အပူချိန်

အရမ်းအေးလွန်းတဲ့ အပူချိန်က ခန္ဓာကိုယ် ကြွက်သားများကို ကျုံ့စေပြီး စိတ်ပူပင်မှုကို ဖြစ်စေပါတယ်။ အလားတူပဲ အရမ်းပူလွန်းတဲ့ အပူချိန်မှာလည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အခန်းအပူချိန်ကို မျှတအောင်ထားခြင်းက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်သက်သာရာရစေပါတယ်။

၆)အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက်တဲ့သူအများစုက ခင်မင်ဖော်ရွေမှုနည်းခြင်း ၊မပျော်ရွှင်ခြင်းနဲ့ ကိုယ်ချင်းစာနာစိတ်တွေ လျော့နည်းနေတတ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

၇)စားသောက်ပုံ

ကိုယ့်ရဲ့စားသောက်ပုံက စိတ်ကျန်းမာရေးနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအသောက်မှာ သကြားဓာတ်မြင့်နေရင် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်သလို ဘယ်ရီသီး၊ အခွံမာသီးနဲ့ ချောကလက်စားခြင်းက ကိုယ့်စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top