iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယားသ႐ုပ္ ေဆာင္မ်ားျဖစ္ေသာ ယြန္းေဂ်ာင္ ဟြန္းႏွင့္ ဟန္ဂါအင္းတို႔ ဇနီး ေမာင္ႏွံသည္ ၎တို႔၏ ရင္ေသြး ရက္တစ္ရာျပည့္ အထိိမ္းအမွတ္ ပြဲ က်င္းပခဲ့သည္။

ေကဒရာမာစတား ဇနီး ေမာင္ႏွံသည္ အိမ္ေထာင္သက္ ၁၁ ႏွစ္အၾကာ ယခုႏွစ္ဧၿပီ ၁၃ ရက္တြင္ ပထမဆံုးရင္ေသြး သမီး ေလးထြန္းကားခဲ့သည္။ ေပ်ာ္ရႊင္ ေနေသာ မိဘႏွစ္ပါးသည္ အျခား ေသာ မိဘမ်ားကဲ့သို႔ ၎တို႔ ကေလး ရက္တစ္ရာျပည့္အထိမ္း အမွတ္ပြဲေလး က်င္းပခဲ့သည္။

ယြန္းေဂ်ာင္ဟြန္းႏွင့္ ဟန္ ဂါအင္းသည္ ၂၀၀၃ တြင္ KBS 2 TV ႐ုပ္သံလိုင္း၏ Yellow Hand kerchief ဒရာမာဇာတ္လမ္းတြဲ၌ ပူးတြဲသ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ခ်စ္သူမ်ားျဖစ္လာ၍ ၂၀၀၅တြင္ လက္ထပ္ခဲ့ၾကသည္။

ဟန္ဂါအင္းသည္ လက္ရွိ တြင္ ရင္ေသြးကိစၥမ်ားျဖင့္ အလုပ္ မ်ားေန၍ ႐ိုက္ကူးေရးမ်ားကို ရပ္ နားထားသည္။ ယြန္းေဂ်ာင္ဟြန္း သည္ အေမရိကန္ႏွင့္ တ႐ုတ္ပူး ေပါင္းတင္ဆက္သည့္ Skiptrace ႐ုပ္ရွင္ဇာတ္ကား၌ ပါဝင္သ႐ုပ္ ေဆာင္ထားသည္။ တ႐ုတ္ႏိုင္ငံ၌ မၾကာမီ႐ံုတင္ျပသမည့္ Skiptrace ဇာတ္ကားတြင္ ဂ်က္ကီခ်န္း၊ ဖန္ ဘင္းဘင္း၊ ဂြၽန္နီေနာ့စ္ေဗးလ္တို႔ လည္း ပါဝင္သ႐ုပ္ေဆာင္ထား သည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်သော ယွန်းဂျောင် ဟွန်းနှင့် ဟန်ဂါအင်းတို့ ဇနီး မောင်နှံသည် ၎င်းတို့၏ ရင်သွေး ရက်တစ်ရာပြည့် အထိမ်းအမှတ် ပွဲ ကျင်းပခဲ့သည်။

ကေဒရာမာစတား ဇနီး မောင်နှံသည် အိမ်ထောင်သက် ၁၁ နှစ်အကြာ ယခုနှစ်ဧပြီ ၁၃ ရက်တွင် ပထမဆုံးရင်သွေး သမီး လေးထွန်းကားခဲ့သည်။ ပျော်ရွှင် နေသော မိဘနှစ်ပါးသည် အခြား သော မိဘများကဲ့သို့ ၎င်းတို့ ကလေး ရက်တစ်ရာပြည့်အထိမ်း အမှတ်ပွဲလေး ကျင်းပခဲ့သည်။

ယွန်းဂျောင်ဟွန်းနှင့် ဟန် ဂါအင်းသည် ၂၀၀၃ တွင် KBS 2 TV ရုပ်သံလိုင်း၏ Yellow Hand kerchief ဒရာမာဇာတ်လမ်းတွဲ၌ ပူးတွဲသရုပ်ဆောင်ခဲ့ပြီးနောက် ချစ်သူများဖြစ်လာ၍ ၂၀၀၅တွင် လက်ထပ်ခဲ့ကြသည်။

ဟန်ဂါအင်းသည် လက်ရှိ တွင် ရင်သွေးကိစ္စများဖြင့် အလုပ် များနေ၍ ရိုက်ကူးရေးများကို ရပ် နားထားသည်။ ယွန်းဂျောင်ဟွန်း သည် အမေရိကန်နှင့် တရုတ်ပူး ပေါင်းတင်ဆက်သည့် Skiptrace ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ် ဆောင်ထားသည်။ တရုတ်နိုင်ငံ၌ မကြာမီရုံတင်ပြသမည့် Skiptrace ဇာတ်ကားတွင် ဂျက်ကီချန်း၊ ဖန် ဘင်းဘင်း၊ ဂျွန်နီနော့စ်ဗေးလ်တို့ လည်း ပါဝင်သရုပ်ဆောင်ထား သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top