iMyanmarHouse.com - Best Property Website for Myanmar
×

အျပင္သြားခါနီး ဆံပင္ကို ျပင္ဆင္ရေတာ့မယ္ဆုိ နည္းနည္းေတာ့ အခ်ိန္ယူရပါတယ္။ အထူးသျဖင့္ ဆံပင္ကို အေခြေလးေတြလုပ္မယ္၊ အေကာက္ပံုေလးေတြ ျပင္ဆင္မယ္ဆုိ ေတာ္ေတာ္ေလးကို အခ်ိန္ေပးရပါတယ္။ ဒီလို ဆံပင္ေကာက္သားမ်ိဳးရေအာင္ အခ်ိန္လည္း မကုန္၊ လွလည္းလွမယ့္ နည္းေလးတစ္ခု ေ၀မ်ွေပးခ်င္ပါတယ္။

အဲ့ဒါကေတာ့ ဆံပင္ကို ဘီးနဲ႕ေသခ်ာျဖီးျပီး ပိုနီေတး စည္းလိုက္ပါ။ ခပ္ျမင့္ျမင့္ေလး စည္းေပးဖုိ႕ေတာ့ လိုပါတယ္။ ဒီိလိုလုပ္ျခင္းအားျဖင့္ ဆံပင္အားလံုးကို ခြဲခြဲျပီး မေကာက္ရတဲ့အတြက္ အခ်ိန္ပိုသက္သာပါလိမ့္မယ္။ တစ္ခုသတိထားရမွာက စည္းထားတဲ့ဆံပင္ကို အပူခံေဆးေလး ေသခ်ာလိမ္းေပးထားဖုိ႕ေတာ့ လိုပါတယ္။

အဲ့ဒီေနာက္မွာ အပူေခ်ာင္းနဲ႕ခုန စည္းထားတဲ့ ပိုနီေတးထဲက သံုးပံုတစ္ပံုေလာက္ကို စေကာက္ေပးပါ။ ေနာက္ တစ္စုျပီး တစ္စုထပ္ယူျပီး အပူေခ်ာင္းနဲ႕ ေကာက္ေပးျပီးတာနဲ႕ ဆံပင္ကို ျဖည္ျပီး ပခံုးမွာ ခ်ၾကည့္လိုက္ပါ။ အမိုက္စား ေကာက္သားေတြနဲ႕ သပ္ရပ္ျပီးလွေနတဲ့ ဆံႏြယ္ေလးေတြကို ျမင္ရပါလိမ့္မယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အပြင်သွားခါနီး ဆံပင်ကို ပြင်ဆင်ရတော့မယ်ဆို နည်းနည်းတော့ အချိန်ယူရပါတယ်။ အထူးသဖြင့် ဆံပင်ကို အခွေလေးတွေလုပ်မယ်၊ အကောက်ပုံလေးတွေ ပြင်ဆင်မယ်ဆို တော်တော်လေးကို အချိန်ပေးရပါတယ်။ ဒီလို ဆံပင်ကောက်သားမျိုးရအောင် အချိန်လည်း မကုန်၊ လှလည်းလှမယ့် နည်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။

အဲ့ဒါကတော့ ဆံပင်ကို ဘီးနဲ့သေချာဖြီးပြီး ပိုနီတေး စည်းလိုက်ပါ။ ခပ်မြင့်မြင့်လေး စည်းပေးဖို့တော့ လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆံပင်အားလုံးကို ခွဲခွဲပြီး မကောက်ရတဲ့အတွက် အချိန်ပိုသက်သာပါလိမ့်မယ်။ တစ်ခုသတိထားရမှာက စည်းထားတဲ့ဆံပင်ကို အပူခံဆေးလေး သေချာလိမ်းပေးထားဖို့တော့ လိုပါတယ်။

အဲ့ဒီနောက်မှာ အပူချောင်းနဲ့ခုန စည်းထားတဲ့ ပိုနီတေးထဲက သုံးပုံတစ်ပုံလောက်ကို စကောက်ပေးပါ။ နောက် တစ်စုပြီး တစ်စုထပ်ယူပြီး အပူချောင်းနဲ့ ကောက်ပေးပြီးတာနဲ့ ဆံပင်ကို ဖြည်ပြီး ပခုံးမှာ ချကြည့်လိုက်ပါ။ အမိုက်စား ကောက်သားတွေနဲ့ သပ်ရပ်ပြီးလှနေတဲ့ ဆံနွယ်လေးတွေကို မြင်ရပါလိမ့်မယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top