iMyanmarHouse.com - Best Property Website for Myanmar
×




Credit:(ရိုးရာလေး)




#Unicode Version

အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ဝစေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Credit:(ရိုးရာလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top