iMyanmarHouse.com - Best Property Website for Myanmar
×

ပါးခ်ဳိင့္ဆုိတာ လူတစ္ေယာက္ရဲ႕ မ်က္ႏွာေပၚမွာ သိသိသာသာကို ထင္ရွားတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ပါးခ်ဳိင့္ရွိတဲ့သူဟာ ပိုျပီး ဆြဲေဆာင္မႈရွိသလို ညႈိ႔အားလည္း ပိုျပင္းပါတယ္။ ပါးခ်ဳိင့္ေတြက မ်က္ႏွာအေရျပားေပၚမွာ အျမဲလည္းရွိတတ္သလို ရယ္လိုက္၊ စကားေျပာလိုက္တဲ့အခါမွာ ေပၚလာတတ္တဲ့ ပါးခ်ဳိင့္ေလးေတြလည္း ရွိပါတယ္။ တစ္ခ်ဳိ႕လူေတြမွွာေတာ့ ပါးမွာမဟုတ္ဘဲ ေမးေစ့ေနရာေလးမွာ ခ်ိဳင့္ေနတာေလးေတြလည္း ရွိပါတယ္။ ပါးခ်ဳိင့္ဟာ လူတစ္ေယာက္မွာ ပထမဆုံးသတိထားမိတဲ့ အရာတစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ လူတိုင္းမွာ မရွိဘဲ တစ္ခ်ဳိ႕လူေတြမွာပဲ ပါးခ်ဳိင့္ဘာေၾကာင့္ရွိသလဲဆုိတာ သိပါသလား။

ပါးခ်ဳိင့္က မိန္းမဆန္တဲ့ အလွတရားကို ပိုျပီးပီျပင္ေစပါတယ္။ ေမြးရာပါပါလာတဲ့ ပါးခ်ဳိင့္ေလးေတြက အျပဳံးေတြကို လင္းလက္သြားေအာင္ လုပ္ေပးႏုိင္တဲ့အတြက္ တစ္မ်ဳိးဆန္းျပီး ဆြဲေဆာင္ႏုိင္တာ ျဖစ္ပါတယ္။ တကယ္ေတာ့ ပါးခ်ဳိင့္က မ်ဳိးဗီဇ ခ်ဳိ႕ယြင္းမႈတစ္ခုေၾကာင့္ ျဖစ္လာတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ၾကြက္သားေနရာ အခ်ဳိ႕ လြတ္သြားတာေၾကာင့္ ျဖစ္ပါတယ္။ ဒီအလွအပ အမွတ္အသားေလးက သေႏၶသားဖြ႔ံျဖိဳးမႈ အဆင့္အတြင္းမွာ ခ်ိတ္ဆက္တစ္ရႈးေတြ စနစ္တက်ပုံစံမေပၚလာျခင္းေၾကာင့္ ျဖစ္ေစတာပါ။

ေနာက္ျပီး ပါးခ်ဳိင့္ေတြက ႏုပ်ဳိမႈနဲ႔လည္း ဆက္စပ္ေနပါတယ္။ တစ္ခ်ိဳ႔ ကေလးဘဝ၊ ဆယ္ေက်ာ္သက္ဘဝမွာ ပါးခ်ဳိင့္ရွိေပမဲ့ အသက္ၾကီးလာတဲ့အခ်ိန္မွာ ေပ်ာက္သြားတာေတြလည္း ရွိပါတယ္။ပါးခ်ဳိင့္ေတြက က်န္းမာေရးအတြက္ ဘာအႏၱရာယ္မွ မေပးႏုိင္ပါဘူး။

ပါးခ်ဳိင့္ေတြက မ်ဳိးရုိးေၾကာင့္ျဖစ္တဲ့ မ်ဳိးဗီဇခ်ဳိ႔ယြင္းခ်က္ေလးတစ္ခုပဲ ျဖစ္ပါတယ္။ ပါးခ်ဳိင့္ေတြက မ်ဳိးရုိးလုိက္တတ္ပါတယ္။ မိဘႏွစ္ပါးလုံးမွာ ပါးခ်ဳိင့္မရွိရင္ သားသမီးမွာ ပါးခ်ဳိင့္ရွိႏုိင္ေခ် အလြန္နည္းပါတယ္။ မိဘတစ္ေယာက္မွာ ရွိရင္ေတာ့ ကေလးမွာ ပါးခ်ဳိင့္ရွိႏုိင္ေခ် ၂၅-၅၀%ရွိျပီး မိဘႏွစ္ေယာက္စလုံးမွာ ရွိရင္ေတာ့  ၅၀-၁၀၀% အထိရွိႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ပါးချိုင့်ဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ သိသိသာသာကို ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပါးချိုင့်ရှိတဲ့သူဟာ ပိုပြီး ဆွဲဆောင်မှုရှိသလို ညှို့အားလည်း ပိုပြင်းပါတယ်။ ပါးချိုင့်တွေက မျက်နှာအရေပြားပေါ်မှာ အမြဲလည်းရှိတတ်သလို ရယ်လိုက်၊ စကားပြောလိုက်တဲ့အခါမှာ ပေါ်လာတတ်တဲ့ ပါးချိုင့်လေးတွေလည်း ရှိပါတယ်။ တစ်ချို့လူတွေမှှာတော့ ပါးမှာမဟုတ်ဘဲ မေးစေ့နေရာလေးမှာ ချိုင့်နေတာလေးတွေလည်း ရှိပါတယ်။ ပါးချိုင့်ဟာ လူတစ်ယောက်မှာ ပထမဆုံးသတိထားမိတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လူတိုင်းမှာ မရှိဘဲ တစ်ချို့လူတွေမှာပဲ ပါးချိုင့်ဘာကြောင့်ရှိသလဲဆိုတာ သိပါသလား။

ပါးချိုင့်က မိန်းမဆန်တဲ့ အလှတရားကို ပိုပြီးပီပြင်စေပါတယ်။ မွေးရာပါပါလာတဲ့ ပါးချိုင့်လေးတွေက အပြုံးတွေကို လင်းလက်သွားအောင် လုပ်ပေးနိုင်တဲ့အတွက် တစ်မျိုးဆန်းပြီး ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ ပါးချိုင့်က မျိုးဗီဇ ချို့ယွင်းမှုတစ်ခုကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင် ကြွက်သားနေရာ အချို့ လွတ်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီအလှအပ အမှတ်အသားလေးက သန္ဓေသားဖွံ့ဖြိုးမှု အဆင့်အတွင်းမှာ ချိတ်ဆက်တစ်ရှုးတွေ စနစ်တကျပုံစံမပေါ်လာခြင်းကြောင့် ဖြစ်စေတာပါ။

နောက်ပြီး ပါးချိုင့်တွေက နုပျိုမှုနဲ့လည်း ဆက်စပ်နေပါတယ်။ တစ်ချို့ ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝမှာ ပါးချိုင့်ရှိပေမဲ့ အသက်ကြီးလာတဲ့အချိန်မှာ ပျောက်သွားတာတွေလည်း ရှိပါတယ်။ပါးချိုင့်တွေက ကျန်းမာရေးအတွက် ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။

ပါးချိုင့်တွေက မျိုးရိုးကြောင့်ဖြစ်တဲ့ မျိုးဗီဇချို့ယွင်းချက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ပါးချိုင့်တွေက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘနှစ်ပါးလုံးမှာ ပါးချိုင့်မရှိရင် သားသမီးမှာ ပါးချိုင့်ရှိနိုင်ချေ အလွန်နည်းပါတယ်။ မိဘတစ်ယောက်မှာ ရှိရင်တော့ ကလေးမှာ ပါးချိုင့်ရှိနိုင်ချေ ၂၅-၅၀%ရှိပြီး မိဘနှစ်ယောက်စလုံးမှာ ရှိရင်တော့  ၅၀-၁၀၀% အထိရှိနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top