iMyanmarHouse.com - Best Property Website for Myanmar
×

"လူလိမ္လူညာ ၾကီးေပါ့ကြာ အာရႊီးတဲ့ကိုကို" ဆုိတဲ့ သီခ်င္းေလးကို ၾကားလိုက္တာနဲ႕ လႊမ္းပိုင္ကို ေျပးသတိရမိၾကမွာပါ။ ဒီသီခ်င္းက ေနရာတုိင္းမွာ ၾကားရသလို FM ေတြမွာလည္း ေတာ္ေတာ္ေလး အေတာင္းခံရတဲ့သီခ်င္းေပါ့။  သူ႕သီခ်င္းေတြ၊ သူ႕အမ္တီဗီေတြကို ဆယ္ေက်ာ္သက္ပ်ိဳေမမ်ားအသည္းစြဲခဲ့ရသလို သူ႕ရဲ႕ပထမဆံုးဗီဒီယိုျဖစ္တဲ့ ဂ်ာကင္ေဟာင္းေလးဆိုတဲ့ကားကလဲ ထင္ထားတာထက္ ပရိသတ္တုံ႕ျပန္မႈေကာင္းခဲ့တဲ့ ကားေလးတစ္ကားလို႕ဆိုရမွာပါ။ အဆိုေတာ္တစ္ေယာက္ျဖစ္ေပမဲ့ ဗီဒီယိုေလာကမွာ အထုိက္အေလ်ာက္ ပရိသတ္လက္ခံေပးမႈေတြေၾကာင့္ လက္ရွိမွာ ဒုတိယေျမာက္ကားၾကီးအေနနဲ႕ရုိက္ကူးပံုေဖာ္ေနတဲ့ ေၾကြဆိုတဲ့ ရႈတင္မွာေတြ႕ဆံုခိုက္ေမးျမန္းျဖစ္သမွ်ကေတာ့

-အခုရုိက္ေနတဲ့ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ေၾကြတဲ့။ ဒါရုိက္တာက ကိုသားညီ၊ ကၽြန္ေတာ္ရယ္၊ အိေခ်ာပိုရယ္၊ ေက်ာ္ေက်ာ္ေပါ့။ ဘုိဘိုအင္တာတိန္းမန္႕ကရိုက္တဲ့ ဒုတိယေျမာက္ရုပ္ရွင္ကားၾကီးပါ။ အထူးဧည့္သည္သရုပ္ေဆာင္အေနနဲ႕ကိုေဗလု၀၊ ကုိထြန္းနဲ႕ကုိခန္႕စည္သူတုိ႕ပါပါမယ္။

-မိုးတြင္းမွာရိုက္ရတဲ့ အခက္အခဲေလးကိုလဲသိခ်င္ပါတယ္။

အခုဆိုျမင္တဲ့အတုိင္းပဲ။ ေလေတြမိုးေတြတိုက္လို႕ရႈတင္ ခဏနားထားရတယ္။ မိုးတြင္းက်ေတာ့ လဲျဖစ္တတ္ပါတယ္။ အစက ငါးလပိုင္းရုိက္မလို႕ဒါေပမဲ့ ဇာတ္ညႊန္းျပင္ရင္းျပင္ရင္းနဲ႕အခုမွရုိက္ျဖစ္သြားတာပါ။

-ဒီကားထဲမွာပါ၀င္သရုပ္ေဆာင္ျဖစ္ပံုေလးကိုလဲသိခ်င္ပါတယ္။

ဒီကားက ဆရာမင္းလူရဲ႕ ေျပာတုိင္းယံုတဲ့ ပုတ္သင္ညိဳဆိုတဲ့ ၀တၳဳေလးကို ျပန္ရုိက္ထားတာပါ။ ၀တၳဳေလးကလဲ အရမ္းမိုက္တယ္။ တကၠသိုလ္ဇာတ္ေလးေပါ့။ ေရးထားတာကလဲ ေတာ္ေတာ္ေလးမိုက္တယ္။ အဲ့ဒါေၾကာင့္လဲရုိက္ျဖစ္သြားတာပါ။

-တကၠသိုလ္ဇာတ္လမ္းေလးေတြနဲ႕လဲ အစ္ကို႕ကို လုိက္ဖက္တယ္လို႕ေျပာၾကတယ္ေနာ္။

ကၽြန္ေတာ္လဲၾကိဳက္တယ္။ ၾကိဳက္တယ္ဆိုတာ တကၠသိုလ္ဇာတ္ေတြကိုရုိက္ရတာ တစ္မ်ိဳးပဲဗ်။ ေျပာရရင္ ဂ်ာကင္ေဟာင္းေလးရုိက္တုန္းကလဲ ဗီဒီယုိေလးေပါ့။ အခုဟာက်ေတာ့ ကားၾကီးဆိုေတာ့ ကၽြန္ေတာ္တို႕အေနနဲ႕ပိုၿပီးဖန္တီးလို႕လဲေကာင္းတယ္။ ၾကိဳးစားလုိ႕လဲေကာင္းတယ္။ အဲ့ဒါေၾကာင့္ပါ။

-ဒီကားထဲအတြက္ေရာ သီခ်င္းအသစ္ေတြလုပ္ျဖစ္ဦးမလား။

လုပ္မွာပါ။ ဇာတ္၀င္ခန္းနဲ႕လိုက္မဲ့သီခ်င္းေလးေတြေရးထားတာလဲရွိတယ္။ အနည္းဆံုး ႏွစ္ပုဒ္ေလာက္ေတာ့ သံုးျဖစ္ပါမယ္။ ဒီကားနဲ႕ပတ္သက္ၿပီး ဇာတ္လမ္းပါအေၾကာင္းအရာေလး ေကာင္မေလးကို ေၾကြတယ္ေပါ့။ အဲ့ဒီအတြက္သီခ်င္းေလးလုပ္ထားတယ္။ ေနာက္ဇာတ္ကားအတြက္ Theme Song ေလးလုပ္ထားတာရွိတယ္။

-ဇာတ္၀င္ခန္းသီခ်င္းသံုးတဲ့အခါမွာ ရွိၿပီးသားသီခ်င္းေတြကိုမသံုးပဲ အသစ္ထပ္လုပ္ျဖစ္တာကေရာ ဘာေၾကာင့္မ်ားလဲ။

ဇာတ္ကားအတြက္သီးသန္႕ေရးထားတဲ့ သီခ်င္းမ်ိဳးကုိ ထည့္ရတာပဲ ကၽြန္ေတာ္သေဘာက်တယ္။ ပိုလဲ တိုက္ဆိုင္မႈရွိမယ္။ သီခ်င္းတစ္ပုဒ္ကိုနားေထာင္တဲ့အခါ လူတစ္ေယာက္က ခံစားခ်က္အမ်ိဳးမ်ိဳးနဲ႕နားေထာင္တတ္ၾကတယ္။ သူတို႕ရဲ႕ခံစားမႈ ဒီသီခ်င္းေပၚျမင္ထားၿပီးသားၾကီးကို ဇာတ္ကားထဲသြားထည့္တဲ့အခါက်ေတာ့ မတူဘူး။ ခံစားလို႕မေကာင္းဘူး။ ဇာတ္ကားနဲ႕မဟပ္စပ္ဘူး။ အဲ့ဒါေၾကာင့္အသစ္ေတြပဲေရးၿပီး ဇာတ္ကားနဲ႕လိုက္ဖက္တာကိုပဲ အသစ္လုပ္ၿပီးထည့္ျဖစ္ပါတယ္။

-ကိုယ္တုိင္ေရာဇာတ္လမ္းေတြေရးျဖစ္ေသးလား။

ေရးျဖစ္ပါတယ္။ ဒါေပမဲ့ ေရးထားတာပဲရွိတယ္။ မရုိက္ျဖစ္ေသးပါဘူး။

-အေရွ႕မွာသံုးခဲ့တဲ့ ဇာတ္၀င္ခန္း သီခ်င္းႏွစ္ပုဒ္ကလဲ ေပါက္ခဲ့တယ္ဆိုေတာ့ ဘယ္လိုျပန္လုပ္ဖို႕စိတ္ကူးထားလဲ။

မသိဘူးခင္ဗ်။ ဒီအတိုင္းပဲ။ ဇာတ္ကားအတြက္ပဲ အသံုးျပဳထားတာဆိုေတာ့ ဘာမွေတာ့လုပ္ဖို႕စိတ္ကူးမရွိပါဘူး။

-အခုလက္ရွိမွာ ကားၾကီးဇာတ္ဆုိရင္ တကၠသိုလ္ဇာတ္လမ္းမ်ိဳးရုိက္တာ ေတာ္ေတာ္နည္းေနတာမ်ိဳးေတြ႕ရတယ္ေပါ့။ အစ္ကို႕အေနနဲ႕ေရာဘယ္လိုျမင္မိလဲ။

ကၽြန္ေတာ္ထင္တယ္ခင္ဗ်။ အခု ၂၀၁၆ ဆုိေတာ့ ၂၀၁၇ က်ရင္ေတာ့ တကၠသိုလ္ကားေတြ မ်ားေလာက္မယ္လို႕ထင္တယ္ဗ်။ ဘာလို႕လဲဆုိေတာ့ ရံုမတင္ေသးတဲ့ကားေတြထဲမွာ ကၽြန္ေတာ့္သီခ်င္းပါတဲ့ ကားေတြေတာင္ရွိတယ္။ ရုပ္ရွင္ကားၾကီးေတြပဲ ကၽြန္ေတာ့္ကားအပါအ၀င္ဆုိ ၄ ကား၊ ၅ကားေလာက္ရွိမယ္ထင္ပါတယ္။ ၂၀၁၇ က်ရင္ေတာ့ ကၽြန္ေတာ့ကားေတြ ပရိသတ္ေတြတစ္၀ၾကီးၾကည့္ရမွာပါ။

-GTC လဲတက္ခဲ့တဲ့အခါက်ေတာ့ ေက်ာင္းအေငြ႕အသက္ေလးေတြ သီခ်င္းထဲထည့္ရိုက္တဲ့အခါ ဘာပဲျဖစ္ျဖစ္ ေပါက္တယ္ေပါ့။ အဲ့ဒီလိုမ်ိဳးေရာ ကားရုိက္ဖက္မွာ ထပ္မံစိတ္ကူးထားတာမ်ိဳးရွိမလား။

ြGTC ဇာတ္လမ္းေလးေတာ့ ကၽြန္ေတာ္အရမ္းရုိက္ခ်င္တယ္။ ကၽြန္ေတာ္ ဗီစီဒီရိုက္တုန္းက ပါခ်ဳပ္ၾကီးကို သြားေျပာဖူးတယ္။ ကၽြန္ေတာ္ေက်ာင္းကားေလး ရုိက္ခ်င္တယ္ေပါ့။ ပါခ်ဳပ္ၾကီးကလဲ ရတယ္။ ေက်ာင္းကိုရုိက္ေပးေပါ့။ သူကလဲၾကိဳဆိုတယ္။ တေန႕ေန႕တခ်ိန္ခ်ိန္ေတာ့ ကၽြန္ေတာ္ရုိက္ျဖစ္မယ္။ အခ်စ္ကားၾကီးပဲလဲ မဟုတ္ဘူး။ တကယ့္ တကၠသိုလ္ကားကိုမွ ပညာေပးလဲပါမယ္။ တခ်ိဳ႕လူေတြကရွိတယ္ဗ်။ ဘာလို႕Day တက္လဲေပါ့။ အခ်ိန္ကုန္တယ္ေပါ့။ ဘာလို႕Day ရတယ္ဆိုတဲ့ အေၾကာင္းအရာမ်ိဳးတစ္ခုခုေပါ့။ ကၽြန္ေတာ္လိုက္ရွာေနတယ္။ မေတြ႕ေသးလို႕ပါ။

-ဒုတိယတစ္ကိုယ္ေတာ္ေခြလဲစီစဥ္ေနတယ္ဆိုေတာ့ ဘယ္ေတာ့ေလာက္ထြက္ျဖစ္မလဲ။ Title ေရာစဥ္းစားၿပီးၿပီလား။

အခုၿပီးတဲ့ဟာေတြလဲၿပီးေနပါၿပီ။ အေခ်ာသတ္ေတာ့ မဟုတ္ဘူး။ ၁၀လပိုင္းေလာက္ေတာ့ ထြက္ႏုိင္မယ္လုိ႕ထင္တယ္။ ေခါင္းစဥ္ကေတာ့ အၾကမ္းစဥ္းစားထားတယ္။ ဆိုကေရးတီး လႊမ္းပိုင္ဆိုတဲ့နာမည္ေလးပါ။ ကၽြန္ေတာ္လုပ္တဲ့အလုပ္ေတြကို လုိက္စဥ္းစားၾကည့္တယ္။ သီခ်င္းဆိုတယ္။ စင္ေပၚမွာခုန္ေပါက္ကတယ္။ ေရးတယ္။ တီးတယ္ဆိုေတာ့ အၾကမ္းဖ်င္း ဆိုကေရးတီး လႊမ္းပိုင္လို႕ေပးထားပါတယ္။ ကၽြန္ေတာ္နဲ႕လဲ ကုိက္မယ္။ လိုက္မယ္ထင္လို႕ပါ။

-အင္စတာမွာလဲ ခရီးသြားတုန္းကရုိက္ထားတဲ့ စံုတြဲပံုေလးေတြတင္ထားတာမ်ိဳးေတြ႕ရတယ္။ အဲ့ဒါေလးကိုလဲသိခ်င္ပါတယ္။

အမွတ္တရပါပဲ။ ခရီးသြားရင္းနဲ႕ဓာတ္ပံုေလးေတြရုိက္ျဖစ္တယ္ေပါ့။ လွတဲ့ပံုေလးေတြေရြးၿပီးတင္ျဖစ္တာပါ။

-အစ္ကိုျဖစ္တဲ့ ေက်ာ္ဆုကလဲ အႏုပညာအလုပ္လုပ္ေနတယ္ဆိုေတာ့ သူနဲ႕ေရာ အႏုပညာအေၾကာင္းေတြကို ေဆြးေႏြးျဖစ္ေသးလား။

သူကသရုပ္ေဆာင္၊ ကၽြန္ေတာ္က အဆုိေတာ္ဆုိေတာ့ မတူဘူးေပါ့။ သူက MRTV 4 နဲ႕အလုပ္လုပ္တာ္ဆုိေတာ့ ကၽြန္ေတာ္တို႕နဲ႕မတူဘူး။ အရမ္းစည္းစနစ္ၾကီးတယ္။ ကၽြန္ေတာ္တို႕က ဗရမ္းဗတာဆန္တယ္။ ခပ္ျမန္ျမန္ေပါ့။ ဘယ္လိုေျပာရမလဲ စည္းစနစ္ မရွိဘူးေပါ့။ MRTV 4 ကအလုပ္လုပ္တဲ့ စနစ္ၾကီးကက်ေတာ့ ကၽြန္ေတာ္တုိ႕အလုပ္လုပ္တဲ့စနစ္နဲ႕ယွဥ္လုိက္ရင္ အေပ်ာ္တမ္းသမားလုိပဲ။ သူတို႕က စည္းစနစ္မ်ားတယ္။ တစ္ကားမရုိက္ခင္အရမ္းစမ္းရုိက္တာနဲ႕ေလ့က်င့္ေပးတာနဲ႕အရမ္းမ်ားတယ္။ တကယ္ရုိက္ၿပီဆိုရင္လဲ နယ္မွာတစ္လ၊ ႏွစ္လထြက္ရုိက္ရတာ အခုလဲသူနယ္ထြက္ရုိက္ေနတာတစ္လေလာက္ရွိၿပီ။ အဲ့ဒီလိုၾကီးဆိုေတာ့ သူတို႕ကေတာ့ အၾကမ္းၾကီးေတြေပါ့။ ဘားခ်ပ္ကအစ အရမ္းသံုးတယ္။

-သူနဲ႕အစ္ကိုနဲ႕မတူတဲ့အခ်က္ကေလးေတြကေရာ ဘာေတြရွိမလဲ။

ေတာ္ေတာ္မ်ားမ်ားမတူဘူး။ သူက သီခ်င္းဆိုရင္ေတာင္ ေရာ့ခ္တို႕ေပါ့ပ္တို႕ေလာက္ပဲၾကိဳက္တယ္။ ဟစ္ေဟာ့သိပ္မၾကိဳက္ဘူး။ တခ်ိဳ႕အၾကိဳက္ေတြက်ေတာ့လဲ တူတာမ်ိဳးေတြရွိတယ္။ သူကရုိးရိုးေအးေအး ပံုစံမ်ိဳးၾကိဳက္တယ္။ ကၽြန္ေတာ္ကအဲ့ဒါမ်ိဳးေတြသိပ္မၾကိဳက္ဘူး။

-ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

အရင္ဆံုးကေတာ့ ဆယ္လပိုင္းမွာထြက္မဲ့ ကၽြန္ေတာ့္အေခြေလးကို ေသခ်ာနားေထာင္ေပးပါ။ ၂၀၁၆ မွာကၽြန္ေတာ့္ရဲ႕ပထမဆံုးကားၾကီး ငါ့ကိုနမ္းတဲ့မုန္တိုင္းတင္ျဖစ္ရင္လဲတင္ျဖစ္မယ္။ အဲ့ဒီအခါက်ရင္လဲအားေပးၾကပါလို႕ေျပာခ်င္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

"လူလိမ်လူညာ ကြီးပေါ့ကွာ အာရွှီးတဲ့ကိုကို" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ လွှမ်းပိုင်ကို ပြေးသတိရမိကြမှာပါ။ ဒီသီချင်းက နေရာတိုင်းမှာ ကြားရသလို FM တွေမှာလည်း တော်တော်လေး အတောင်းခံရတဲ့သီချင်းပေါ့။  သူ့သီချင်းတွေ၊ သူ့အမ်တီဗီတွေကို ဆယ်ကျော်သက်ပျိုမေများအသည်းစွဲခဲ့ရသလို သူ့ရဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့ ဂျာကင်ဟောင်းလေးဆိုတဲ့ကားကလဲ ထင်ထားတာထက် ပရိသတ်တုံ့ပြန်မှုကောင်းခဲ့တဲ့ ကားလေးတစ်ကားလို့ဆိုရမှာပါ။ အဆိုတော်တစ်ယောက်ဖြစ်ပေမဲ့ ဗီဒီယိုလောကမှာ အထိုက်အလျောက် ပရိသတ်လက်ခံပေးမှုတွေကြောင့် လက်ရှိမှာ ဒုတိယမြောက်ကားကြီးအနေနဲ့ရိုက်ကူးပုံဖော်နေတဲ့ ကြွေဆိုတဲ့ ရှုတင်မှာတွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့

-အခုရိုက်နေတဲ့ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

ကြွေတဲ့။ ဒါရိုက်တာက ကိုသားညီ၊ ကျွန်တော်ရယ်၊ အိချောပိုရယ်၊ ကျော်ကျော်ပေါ့။ ဘိုဘိုအင်တာတိန်းမန့်ကရိုက်တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီးပါ။ အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ကိုဗေလုဝ၊ ကိုထွန်းနဲ့ကိုခန့်စည်သူတို့ပါပါမယ်။

-မိုးတွင်းမှာရိုက်ရတဲ့ အခက်အခဲလေးကိုလဲသိချင်ပါတယ်။

အခုဆိုမြင်တဲ့အတိုင်းပဲ။ လေတွေမိုးတွေတိုက်လို့ရှုတင် ခဏနားထားရတယ်။ မိုးတွင်းကျတော့ လဲဖြစ်တတ်ပါတယ်။ အစက ငါးလပိုင်းရိုက်မလို့ဒါပေမဲ့ ဇာတ်ညွှန်းပြင်ရင်းပြင်ရင်းနဲ့အခုမှရိုက်ဖြစ်သွားတာပါ။

-ဒီကားထဲမှာပါဝင်သရုပ်ဆောင်ဖြစ်ပုံလေးကိုလဲသိချင်ပါတယ်။

ဒီကားက ဆရာမင်းလူရဲ့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဆိုတဲ့ ဝတ္ထုလေးကို ပြန်ရိုက်ထားတာပါ။ ဝတ္ထုလေးကလဲ အရမ်းမိုက်တယ်။ တက္ကသိုလ်ဇာတ်လေးပေါ့။ ရေးထားတာကလဲ တော်တော်လေးမိုက်တယ်။ အဲ့ဒါကြောင့်လဲရိုက်ဖြစ်သွားတာပါ။

-တက္ကသိုလ်ဇာတ်လမ်းလေးတွေနဲ့လဲ အစ်ကို့ကို လိုက်ဖက်တယ်လို့ပြောကြတယ်နော်။

ကျွန်တော်လဲကြိုက်တယ်။ ကြိုက်တယ်ဆိုတာ တက္ကသိုလ်ဇာတ်တွေကိုရိုက်ရတာ တစ်မျိုးပဲဗျ။ ပြောရရင် ဂျာကင်ဟောင်းလေးရိုက်တုန်းကလဲ ဗီဒီယိုလေးပေါ့။ အခုဟာကျတော့ ကားကြီးဆိုတော့ ကျွန်တော်တို့အနေနဲ့ပိုပြီးဖန်တီးလို့လဲကောင်းတယ်။ ကြိုးစားလို့လဲကောင်းတယ်။ အဲ့ဒါကြောင့်ပါ။

-ဒီကားထဲအတွက်ရော သီချင်းအသစ်တွေလုပ်ဖြစ်ဦးမလား။

လုပ်မှာပါ။ ဇာတ်ဝင်ခန်းနဲ့လိုက်မဲ့သီချင်းလေးတွေရေးထားတာလဲရှိတယ်။ အနည်းဆုံး နှစ်ပုဒ်လောက်တော့ သုံးဖြစ်ပါမယ်။ ဒီကားနဲ့ပတ်သက်ပြီး ဇာတ်လမ်းပါအကြောင်းအရာလေး ကောင်မလေးကို ကြွေတယ်ပေါ့။ အဲ့ဒီအတွက်သီချင်းလေးလုပ်ထားတယ်။ နောက်ဇာတ်ကားအတွက် Theme Song လေးလုပ်ထားတာရှိတယ်။

-ဇာတ်ဝင်ခန်းသီချင်းသုံးတဲ့အခါမှာ ရှိပြီးသားသီချင်းတွေကိုမသုံးပဲ အသစ်ထပ်လုပ်ဖြစ်တာကရော ဘာကြောင့်များလဲ။

ဇာတ်ကားအတွက်သီးသန့်ရေးထားတဲ့ သီချင်းမျိုးကို ထည့်ရတာပဲ ကျွန်တော်သဘောကျတယ်။ ပိုလဲ တိုက်ဆိုင်မှုရှိမယ်။ သီချင်းတစ်ပုဒ်ကိုနားထောင်တဲ့အခါ လူတစ်ယောက်က ခံစားချက်အမျိုးမျိုးနဲ့နားထောင်တတ်ကြတယ်။ သူတို့ရဲ့ခံစားမှု ဒီသီချင်းပေါ်မြင်ထားပြီးသားကြီးကို ဇာတ်ကားထဲသွားထည့်တဲ့အခါကျတော့ မတူဘူး။ ခံစားလို့မကောင်းဘူး။ ဇာတ်ကားနဲ့မဟပ်စပ်ဘူး။ အဲ့ဒါကြောင့်အသစ်တွေပဲရေးပြီး ဇာတ်ကားနဲ့လိုက်ဖက်တာကိုပဲ အသစ်လုပ်ပြီးထည့်ဖြစ်ပါတယ်။

-ကိုယ်တိုင်ရောဇာတ်လမ်းတွေရေးဖြစ်သေးလား။

ရေးဖြစ်ပါတယ်။ ဒါပေမဲ့ ရေးထားတာပဲရှိတယ်။ မရိုက်ဖြစ်သေးပါဘူး။

-အရှေ့မှာသုံးခဲ့တဲ့ ဇာတ်ဝင်ခန်း သီချင်းနှစ်ပုဒ်ကလဲ ပေါက်ခဲ့တယ်ဆိုတော့ ဘယ်လိုပြန်လုပ်ဖို့စိတ်ကူးထားလဲ။

မသိဘူးခင်ဗျ။ ဒီအတိုင်းပဲ။ ဇာတ်ကားအတွက်ပဲ အသုံးပြုထားတာဆိုတော့ ဘာမှတော့လုပ်ဖို့စိတ်ကူးမရှိပါဘူး။

-အခုလက်ရှိမှာ ကားကြီးဇာတ်ဆိုရင် တက္ကသိုလ်ဇာတ်လမ်းမျိုးရိုက်တာ တော်တော်နည်းနေတာမျိုးတွေ့ရတယ်ပေါ့။ အစ်ကို့အနေနဲ့ရောဘယ်လိုမြင်မိလဲ။

ကျွန်တော်ထင်တယ်ခင်ဗျ။ အခု ၂၀၁၆ ဆိုတော့ ၂၀၁၇ ကျရင်တော့ တက္ကသိုလ်ကားတွေ များလောက်မယ်လို့ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ရုံမတင်သေးတဲ့ကားတွေထဲမှာ ကျွန်တော့်သီချင်းပါတဲ့ ကားတွေတောင်ရှိတယ်။ ရုပ်ရှင်ကားကြီးတွေပဲ ကျွန်တော့်ကားအပါအဝင်ဆို ၄ ကား၊ ၅ကားလောက်ရှိမယ်ထင်ပါတယ်။ ၂၀၁၇ ကျရင်တော့ ကျွန်တော့ကားတွေ ပရိသတ်တွေတစ်ဝကြီးကြည့်ရမှာပါ။

-GTC လဲတက်ခဲ့တဲ့အခါကျတော့ ကျောင်းအငွေ့အသက်လေးတွေ သီချင်းထဲထည့်ရိုက်တဲ့အခါ ဘာပဲဖြစ်ဖြစ် ပေါက်တယ်ပေါ့။ အဲ့ဒီလိုမျိုးရော ကားရိုက်ဖက်မှာ ထပ်မံစိတ်ကူးထားတာမျိုးရှိမလား။

ွGTC ဇာတ်လမ်းလေးတော့ ကျွန်တော်အရမ်းရိုက်ချင်တယ်။ ကျွန်တော် ဗီစီဒီရိုက်တုန်းက ပါချုပ်ကြီးကို သွားပြောဖူးတယ်။ ကျွန်တော်ကျောင်းကားလေး ရိုက်ချင်တယ်ပေါ့။ ပါချုပ်ကြီးကလဲ ရတယ်။ ကျောင်းကိုရိုက်ပေးပေါ့။ သူကလဲကြိုဆိုတယ်။ တနေ့နေ့တချိန်ချိန်တော့ ကျွန်တော်ရိုက်ဖြစ်မယ်။ အချစ်ကားကြီးပဲလဲ မဟုတ်ဘူး။ တကယ့် တက္ကသိုလ်ကားကိုမှ ပညာပေးလဲပါမယ်။ တချို့လူတွေကရှိတယ်ဗျ။ ဘာလို့Day တက်လဲပေါ့။ အချိန်ကုန်တယ်ပေါ့။ ဘာလို့Day ရတယ်ဆိုတဲ့ အကြောင်းအရာမျိုးတစ်ခုခုပေါ့။ ကျွန်တော်လိုက်ရှာနေတယ်။ မတွေ့သေးလို့ပါ။

-ဒုတိယတစ်ကိုယ်တော်ခွေလဲစီစဉ်နေတယ်ဆိုတော့ ဘယ်တော့လောက်ထွက်ဖြစ်မလဲ။ Title ရောစဉ်းစားပြီးပြီလား။

အခုပြီးတဲ့ဟာတွေလဲပြီးနေပါပြီ။ အချောသတ်တော့ မဟုတ်ဘူး။ ၁၀လပိုင်းလောက်တော့ ထွက်နိုင်မယ်လို့ထင်တယ်။ ခေါင်းစဉ်ကတော့ အကြမ်းစဉ်းစားထားတယ်။ ဆိုကရေးတီး လွှမ်းပိုင်ဆိုတဲ့နာမည်လေးပါ။ ကျွန်တော်လုပ်တဲ့အလုပ်တွေကို လိုက်စဉ်းစားကြည့်တယ်။ သီချင်းဆိုတယ်။ စင်ပေါ်မှာခုန်ပေါက်ကတယ်။ ရေးတယ်။ တီးတယ်ဆိုတော့ အကြမ်းဖျင်း ဆိုကရေးတီး လွှမ်းပိုင်လို့ပေးထားပါတယ်။ ကျွန်တော်နဲ့လဲ ကိုက်မယ်။ လိုက်မယ်ထင်လို့ပါ။

-အင်စတာမှာလဲ ခရီးသွားတုန်းကရိုက်ထားတဲ့ စုံတွဲပုံလေးတွေတင်ထားတာမျိုးတွေ့ရတယ်။ အဲ့ဒါလေးကိုလဲသိချင်ပါတယ်။

အမှတ်တရပါပဲ။ ခရီးသွားရင်းနဲ့ဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်ပေါ့။ လှတဲ့ပုံလေးတွေရွေးပြီးတင်ဖြစ်တာပါ။

-အစ်ကိုဖြစ်တဲ့ ကျော်ဆုကလဲ အနုပညာအလုပ်လုပ်နေတယ်ဆိုတော့ သူနဲ့ရော အနုပညာအကြောင်းတွေကို ဆွေးနွေးဖြစ်သေးလား။

သူကသရုပ်ဆောင်၊ ကျွန်တော်က အဆိုတော်ဆိုတော့ မတူဘူးပေါ့။ သူက MRTV 4 နဲ့အလုပ်လုပ်တာ်ဆိုတော့ ကျွန်တော်တို့နဲ့မတူဘူး။ အရမ်းစည်းစနစ်ကြီးတယ်။ ကျွန်တော်တို့က ဗရမ်းဗတာဆန်တယ်။ ခပ်မြန်မြန်ပေါ့။ ဘယ်လိုပြောရမလဲ စည်းစနစ် မရှိဘူးပေါ့။ MRTV 4 ကအလုပ်လုပ်တဲ့ စနစ်ကြီးကကျတော့ ကျွန်တော်တို့အလုပ်လုပ်တဲ့စနစ်နဲ့ယှဉ်လိုက်ရင် အပျော်တမ်းသမားလိုပဲ။ သူတို့က စည်းစနစ်များတယ်။ တစ်ကားမရိုက်ခင်အရမ်းစမ်းရိုက်တာနဲ့လေ့ကျင့်ပေးတာနဲ့အရမ်းများတယ်။ တကယ်ရိုက်ပြီဆိုရင်လဲ နယ်မှာတစ်လ၊ နှစ်လထွက်ရိုက်ရတာ အခုလဲသူနယ်ထွက်ရိုက်နေတာတစ်လလောက်ရှိပြီ။ အဲ့ဒီလိုကြီးဆိုတော့ သူတို့ကတော့ အကြမ်းကြီးတွေပေါ့။ ဘားချပ်ကအစ အရမ်းသုံးတယ်။

-သူနဲ့အစ်ကိုနဲ့မတူတဲ့အချက်ကလေးတွေကရော ဘာတွေရှိမလဲ။

တော်တော်များများမတူဘူး။ သူက သီချင်းဆိုရင်တောင် ရော့ခ်တို့ပေါ့ပ်တို့လောက်ပဲကြိုက်တယ်။ ဟစ်ဟော့သိပ်မကြိုက်ဘူး။ တချို့အကြိုက်တွေကျတော့လဲ တူတာမျိုးတွေရှိတယ်။ သူကရိုးရိုးအေးအေး ပုံစံမျိုးကြိုက်တယ်။ ကျွန်တော်ကအဲ့ဒါမျိုးတွေသိပ်မကြိုက်ဘူး။

-ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

အရင်ဆုံးကတော့ ဆယ်လပိုင်းမှာထွက်မဲ့ ကျွန်တော့်အခွေလေးကို သေချာနားထောင်ပေးပါ။ ၂၀၁၆ မှာကျွန်တော့်ရဲ့ပထမဆုံးကားကြီး ငါ့ကိုနမ်းတဲ့မုန်တိုင်းတင်ဖြစ်ရင်လဲတင်ဖြစ်မယ်။ အဲ့ဒီအခါကျရင်လဲအားပေးကြပါလို့ပြောချင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top