iMyanmarHouse.com - Best Property Website for Myanmar
×

၁ - စိတ္ကစားပြဲ




၃ - ဝေဖန်မှု


၎ - ပျော်စရာရှိတာ ပျော်မယ်


၅ - မကြိုးစားနဲ့


၆ - အသစ်


Credit : Duwun



#Unicode

၁ - စိတ်ကစားပွဲ

ပွင့်လင်းမှုမရှိတာ၊ စိတ်ခံစားချက်ကို မပြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစားတာမျိုးတွေက သူတို့ကို ထိခိုက်စေပါတယ်။ သူတို့က တစ်ဖက်လူ လိမ်နေမှန်းသိပါတယ်။

၂ - တစ်ယောက်တည်းပဲ နေချင်

တစ်ခါတစ်လေ တစ်ယောက်တည်းနေချင်စိတ်က တခြားလူတွေထက် ပိုဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ တစ်ဖက်လူက ပုံမှန်ပဲ ထင်ပြီး ဆက်ဆံတဲ့အခါ စိတ်တွေ အကဲဆတ်ပြီး ဒေါသထွက်လွယ်ပါတယ်။

၃ - ဝေဖန်မှု

ဝေဖန်ခံရတာဟာ သူတို့အတွက် အမုန်းဆုံးအရာပါ။ စကားလုံးတွေကို သူများထက်ပိုပြီး ခံစားတတ်ပါတယ်။ သူတို့ကို ခိုင်းမယ်၊ ဝေဖန်မယ်ဆိုရင် ပါးနပ်ဖို့လိုပါတယ်။

၄ - ပျော်စရာရှိတာ ပျော်မယ်

ချစ်တဲ့အချိန်မှာ ချစ်ကြောင်းပြတာ၊ ခင်တဲ့အချိန်မှာ ခင်ကြောင်းပြတာ၊ ပျော်တဲ့အချိန်မှာ ပျော်ကြောင်းပြတာမျိုးကိုပဲ သဘောကျပါတယ်။ လိုက်ပြီးကန့်သတ် ထိန်းသိမ်းနေတာမျိုးကို သဘောမကျပါဘူး။

၅ - မကြိုးစားနဲ့

စိတ်ပျော့တတ်တဲ့ သူတို့အကျင့်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ဒီလိုကြိုးစားမိရင် ပြဿ     နာ တက်ရတတ်ပါတယ်။ သူတို့ဘာနေ သူတို့ စိတ်ဓာတ်မာကျောလာဖို့ အချိန်တစ်ခု ပေးရပါတယ်။

၆ - အသစ်

အသစ်တစ်ခုခုကို လုပ်ရမှာကို နှောင့်နှေးတတ်ပါတယ်။ လုပ်ပြီဆိုရင်လည်း တော်ရုံနဲ့ နောက်မလှည့်တော့ပါဘူး။ အသစ်တစ်ခုခုကိုလုပ်ဖို့ အားပေးချင်တယ်ဆိုရင်လည်း ပါးနပ်ဖို့လိုပါတယ်။ သူ့ကို အထင်သေးတယ်၊ သဘောမကျဘူးလို့ ထင်သွားတတ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top