iMyanmarHouse.com - Best Property Website for Myanmar
×

ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုးရဲ့ အနှစ်တွေဟာ ခန္ဓာကိုယ်အလေးချိန်တက်စေတယ်ဆိုပြီး မစားဘဲနေသူတွေရှိပါတယ်။ ဝလာမှာစိုးတာနဲ့ပဲ တကယ်အာဟာရဖြစ်စေတဲ့အရာကို လုံးဝရှောင်ကြဉ်လိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ်အကြွယ်ဝဆုံး ဇီဝရင်းမြစ်တွေဖြစ်ပါတယ်။ တခြားအစားအစာတွေထက် ကြက်ဥ၊ဘဲဥ စတဲ့ ဥအမျိုးမျိုးကရတဲ့ ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်က ပိုပြီးစုပ်ယူနိုင်ပါတယ်။ ကြက်ဥအနှစ်မှာ ဖော့စ်ဖောရပ်စ်၊ ဇင့်နဲ့ ဗီတာမင် B မျိုးစုံ ပါဝင်တဲ့အပြင် ကိုလင်းဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါတွေက ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ စွမ်းအားကို ဖြည့်ဆည်းပေးကြတာပါ။

ဥအနှစ်တွေ စားသုံးခြင်းကြောင့် ကြွက်သားတွေကို ပိုမိုထွားကြိုင်းခိုင်မာစေပြီး ဦးနှောက်ဖွံဖြိုးမှုကိုလည်း အထောက်အကူပြုပါသေးတယ်။ ဒါကြောင့် ယောက်ျားပီသတဲ့ခန္ဓာကိုယ်နဲ့ စွမ်းအားကို ပိုင်ဆိုင်လိုသူတွေကတော့ ကြက်ဥ၊ဘဲဥ အနှစ်တွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top