iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကျောင်းမတက်ခင် အရွယ်ကတည်းက ဖတ်ပြပါ။ အရွယ်စောစောထဲက သူတို့ကို စာဖတ်ပြပါ။

၂ - စာအုပ်ဆိုင်၊ စာအုပ်အငှားဆိုင်၊ စာကြည့်တိုက် စသဖြင့် စာအုပ်ရှိတဲ့နေရာတွေကို အရွယ်ငယ်ငယ်ကတည်းက ခေါ်သွားပါ။

၃ - သူတို့ကို စာဖတ်ဖို့ ဖိအား လုံးဝမပေးပါနဲ့။

၎ - စာဖတ်တတ်သွားလို့ စာမဖတ်ပြတော့ဘူးဆိုတာမျိုးလည်း မလုပ်ပါနဲ့။ သူတို့နားထောင်ချင်တဲ့ အရွယ်ထိ ဖတ်ပြပါ။

၅ - စာဖတ်ချိန်ကို အကျင့်လုပ်ပြီး ဖတ်ပြပါ။

၆ - သူစာဖတ်ကျင့်ရလာပြီဆိုရင် သူကြိုက်တဲ့ စာအုပ်လေးတွေ တွေ့အောင်လည်း ကူညီပါ။ သူ့အရွယ်နဲ့ မမျှတဲ့ စာအုပ်တွေကို ဖတ်ခိုင်းတာမျိုး မလုပ်ပါနဲ့။ ဘယ်စာအုပ်ဖတ်ရမယ်ဆိုပြီး ချုပ်ချယ်တာမျိုး မလုပ်ပါနဲ့။ သူ့အရွယ်လိုက် ဖတ်သွားသင့်တဲ့ စာအုပ်တွေ သူ့ပတ်ဝန်းကျင်မှာ အသင့်ရှိနေတာက အကောင်းဆုံးပါပဲ။

၇ - စာစဖတ်ဖို့ ဆွဲဆောင်နိုင်ဆုံးစာအုပ်က ကာတွန်းနဲ့ ရုပ်ပြဖြစ်ပါတယ်။

၈ - သင့်ကလေးကို စာဖတ်စေချင်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း စာအမြဲဖတ်ဖို့ လိုပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top