iMyanmarHouse.com - Best Property Website for Myanmar
×

လေ့လာမှု့တွေအရ စုံတွဲတွေမှာ သာမာန်ဖက်၍ အိပ်စက်ကြတဲ့ စုံတွဲတွေထက် ကိုယ်လုံးတီးအနေအထားဖြင့် အသားချင်းထိကပ်ကာ အိပ်စက်ကြတဲ့ စုံတွဲတွေဟာ ကျန်းမာရေးနဲ့ အပြန်အလှန် နားလည်မှု့တွေမှာ ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။ ထိုကဲ့သို့ အိပ်စက်ချင်းက သင့်ဘ၀မှာ ကြုံတွေရတဲ့ စိတ်ဖိအားတွေ၊ အပူအပင်တွေကို ဖြေလျော့ပေးနိုင်သလို၊ နှစ်ခြိုက်စွာ အိပ်မောကျဖို့လည်း အထောက်အကူ ပြုပါသတဲ့။


ထို့အပြင် လင်မယားစုံတွဲတွေအချင်းအချင်း ပိုမိုရင်းနှီးနားလည်မှု့ရစေပြီး လိင်မှု့ရေးရာ အောင်မြင်မှု့တွေအတွက်လည်း များစွာအထောက်အကူပေးကာ တစ်နေကုန် ဖုံးကွယ်ထားရတဲ့ လိင်အင်္ဂါတွေကို လေနဲ့တိုက်ရိုက် ထိတွေ့ခွင့်ပေးပြီး သန့်ရှင်း စင်ကြယ်စေနိုင်ကာ စွမ်းဆောင်ရည် တိုးစေပါတယ်။ အသက်အရွယ် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အခြားတိုက်ရိုက်မဟုတ်တဲ့ သက်ရောက်မှုတစ်ခုက သင့်ကိုယခင်ကထက် ပိုမိုစားကောင်း၊ အိပ်ပျော်စေမှာပါ။


အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကြောင့် လင်မယားစုံတွဲများအနေနဲ့ ကိုယ်လုံးတီး ထိကပ်အိပ်စက်ချင်းကို စမ်းသပ်ကြည့်သင့်ပြီး နှစ်ဦးသားကြားက ပိုမိုတိုးပွားလာမယ့် ချစ်ခြင်းတရားတွေကို အခိုင်အမာ တည်ဆောက်နိုင်ပါတယ်။ Romantic ဆိုမှ ကြိုက်နှစ်သက်သူတွေအတွက်လည်း အထူးသင့်တော်ပြီး ရင်းနှီးချစ်ကြည်မှု့နဲ့ အချစ်သွေးတွေကို ပိုမိုတိုးပွားစေမှာကို ပြောမယုံကြုံဖူးမှ သိနိုင်မှာပါ။

Credit: Momolay

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top