iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
ပို့သပေးပါတယ်။
#Unicode
အမေရိကန်နိုင်ငံသန်းခေါင်စာရင်းဌာနမှ ပြုလုပ်တဲ့ 2014 American Community Survey ရဲ့ အနီးကပ် စစ်ဆေးလေ့လာမှုအပေါ်ကနေ ဘယ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်ကလူတွေ အတွဲဖြစ်သွားကြလဲဆိုတာ သုတေသီများ ရှာဖွေ့ဖော်ထုတ်ခဲ့ပါတယ်။ ယင်းစစ်တမ်းမှာ စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်တဲ့ အိမ်ထောင်စု ၃.၅ မီလျှံ ပါဝင်ခဲ့ပါတယ်။
၁။ ဝင်ငွေကောင်းတဲ့ အမျိုးသမီးများ သူတို့ စီးပွားရေးအဆင့်တန်းတူသူများနဲ့ အိမ်ထောင်ပြုလေ့ရှိ
အမျိုးသမီး ကျန်းမာရေးဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်တွေက တခြားဆရာဝန်၊ ခွဲစိတ်ဆရာဝန် သို့မဟုတ် အသိအမှတ်ပြု လတ်မှတ်ရ သူနာပြုစတဲ့ ကျန်းမာရေးနယ်ပယ်က တစ်စုံတစ်ယောက်နဲ့ အိမ်ထောင်ပြုလေ့ရှိကြောင်း ဇယားအရ သိရပါတယ်။ အမျိုးသမီးရှေ့နေတွေဆိုရင်လည်း တခြားရှေ့နေ၊ တရားသူကြီးစတဲ့ နယ်ပယ်တူထဲက ပုဂ္ဂိုလ်တွေနဲ့ ရလေ့ရှိပါတယ်။
၂။ ဝင်ငွေကောင်းတဲ့အမျိုးသားတွေ ဝင်ငွေနည်းအမျိုးသမီးများနဲ့ ညားတတ်
ဆရာဝန်နဲ့ အသိအမှတ်ပြု လက်မှတ်ရ သူနာပြုစတဲ့ နယ်ပယ်တူချင်း အိမ်ထောင်ပြုတဲ့ ဆရာဝန်တွေရှိပေမယ့် ဝင်ငွေနည်းသူတွေကိုလည်း ကြည်ကြည်ဖြူဖြူ အိမ်ထောင်ပြုကြပါတယ်။ ဒုတိယအလိုက်ဖက်ဆုံးအတွဲတွေက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းဆရာမတွေ ဖြစ်ပါတယ်။
၃။ အမျိုးသားနဲ့ အမျိုးသမီး ကချေသည်များ
စိတ်ဝင်စားစရာကောင်းတာက အမျိုးသားကချေသည်တွေက ကချေသည်အပြင် အတွင်းရေးမှူနဲ့ စီမံခန့်ခွဲရေးလက်ထောက်လည်းဖြစ်တဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ လက်တွဲဖော်နဲ့ပတ်သက်ရင် အမျိုးသမီးကချေသည်တွေက အစုံကြိုက်ကြပါတယ်။
မိန်းကလေးချင်း လက်တွဲဖော်နဲ့ ပတ်သက်ပြီး အမျိုးသမီးကချေသည်တွေက အမျိုးသမီးရှေ့နေနဲ့ တရားသူကြီးတွေနဲ့  ရတတ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top