iMyanmarHouse.com - Best Property Website for Myanmar
×

အထိုင်များခြင်း၊ အစားအသောက် မရှောင်ခြင်း စတာတွေကြောင့် ဗိုက်ခေါက်ထွက်လာခြင်း၊ ဗိုက်ပူလာခြင်းတွေ ဖြစ်လေ့ရှိတယ်လို့ အများစုက ယူဆထားတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ အစားအသောက်ရှောင်လိုက်ရုံနဲ့ ဗိုက်ခေါက်ထွက်လာတာ ပျောက်မသွားတတ်ပါတယ်။


«၁။ ဘက်တီးရီးယား
ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားရှိသလို ဆိုးကျိုးပြုတဲ့ ဘက်တီးရီးယားလည်း ရှိပါတယ်။ ခန္ဓာကိုယ်မှာ ကောင်းကျိုးပြုတဲ့ ဘက်တီရီးယားတွေ လျော့ပါးနေတဲ့အခါ ခန္ဓာကိုယ် လည်ပတ်စီးဆင်းမှု ပုံမှန်မဟုတ် ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်ခေါက်ထွက်လာတတ်ပြီး အစားရှောင်ရုံနဲ့ မရတော့ပါဘူး။

«၂။ အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တဲ့အခါ ဟော်မုန်းဓာတ်တွေ တိုးလာတတ်ပါတယ်။ အဲဒီအခါ အစားအသောက်ကို ပုံမှန်ထက် ပိုစားချင်စိတ် ဖြစ်လာပြီး ဗိုက်ထွက်လာတော့တာပါပဲ။

«၃။ မြန်မြန်စားခြင်း
အစာစားတဲ့အခါ ခပ်မြန်မြန် စားတတ်သူတွေ ဗိုက်ခေါက်အထွက်မြန်ကြပါတယ်။ အကြောင်းရင်းကတော့ အစာကို ကြေညက်အောင် မစားလို့ပါ။ အစာကို ကြေညက်အောင် စားသင့်ပါတယ်။

«၄။ ပီကေစားခြင်း
ပီကေစားလို့လည်း ဗိုက်ပူလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီကေစားရင် ဗိုက်ထဲကို ပုံမှန်ထက် လေတွေ ပိုရောက်လာတတ်လို့ပါ။

«၅။ စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှု များလာတဲ့အခါ ကောတီဇုန်းဆိုတဲ့ ဟော်မုန်းဓာတ်တွေ ထွက်လာတတ်ပါတယ်။ အဲဒီဓာတ်က သင့်ကို အလွယ်တကူ ဝလာစေတတ်ပါတယ်။

Credit :  Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top