iMyanmarHouse.com - Best Property Website for Myanmar
×

ေခြ်းေစးေတြက လူကို ကသိကေအာက္ျဖစ္ေစတတ္ပါတယ္။ ဒါ့ေၾကာင့္ ေခြ်းကာျပား sweat pad သုိ႔မဟုတ္ ေခြ်းတိတ္ေဆး သုံးၾကည့္ဖုိ႔ အၾကံျပဳထားပါတယ္။ မိတ္ကပ္ပညာရွင္နဲ႔ ALPS အလွျပင္ေဆးခန္း အမႈေဆာင္ဒါရုိက္တာ Gunjan Gaur က အဝတ္အစားေပၚ ေခြ်းစိုကြက္ေတြ ကာကြယ္တားဆီးဖုိ႔ နည္းလမ္းတခ်ဳိ႕ မွ်ေဝခဲ့ပါတယ္။

ေခြ်းကာျပားျဖင့္ ကာကြယ္ပါ

လက္ႏွစ္ဖက္လုံးရဲ႕ ခ်ဳိင္းၾကားေနရာ ေခြ်းခံျပား sweat pad ကပ္ထားျခင္းျဖင့္ ကသိကေအာက္ျဖစ္ေစတဲ့ ေခြ်းေစးေတြ ေျဖရွင္းႏုိင္ပါတယ္။ ယင္းေခြ်းခံျပားမွ ေခြ်းေတြ စုပ္ယူျပီး အသားေရေျခာက္ေသြ႔ေစပါလိမ့္မယ္။

ေခြ်းတိတ္ေဆး antiperspirant ေျပာင္းသုံးပါ

ေခြ်းနံ႔ေပ်ာက္ေဆး deodorant က အဝတ္အစားေပၚ ေခြ်းကြက္ျဖစ္ပြားမႈ ရပ္တန္႔ေအာင္ ဘာမွမလုပ္ေပးပါဘူး။ အဲဒီအစား antiperspirant သုံးပါ။ ေခြ်းထြက္တဲ့ ေနရာကို ေျခာက္ေသြ႔ေစပါလိမ့္မယ္။

ကုိယ္လိမ္းေပါင္ဒါ

ကုိယ္လိမ္းေပါင္ဒါက အက်ီၤမစုိမီ ေခြ်းကို အရင္စုပ္ယူေပးပါတယ္။ ျပီးတဲ့အျပင္ အေရးျပားကို ေစ့ျပီး ေခြ်းတိတ္ေစပါတယ္။ ေခြ်းမထြက္ေအာင္ ဟန္႔တားတဲ့ သေဘာျဖစ္ပါတယ္။ မနက္ေရခ်ဳိးတဲ့အခါ ခ်ဳိင္းၾကားကို တတ္ႏုိင္သေလာက္ ပုံမွန္ဂရုစိုက္ သန္႔ရွင္းေပးပါ။

ခ်ဳိင္းေမြးပုံမွန္ရိတ္ေပးပါ

ခ်ဳိင္းေမြးရိတ္ျခင္းက ဘက္တီးရီးယားေတြ ရွင္းထုတ္ျခင္းျဖင့္ ခ်ဳိင္းၾကား ေခြ်းေတြ စုပုံမလာေအာင္ ထိန္းသိမ္းေပးပါလိမ့္မယ္။ ပုံမွန္သန္႔ရွင္းေပးပါက အနံ႔အသက္ဆုိး ကင္းစင္ေစျပီး ေခြ်းေစးေတြ ကာကြယ္ေပးပါလိမ့္မယ္။

အဝတ္စနဲ႔ သန္႔ရွင္းေပးပါ

အစိုျဖစ္ျဖစ္၊ အေျခာက္ျဖစ္ျဖစ္ ႏွစ္ခုလုံးက ေခြ်းေတြ ထိန္းခ်ဳပ္ဖုိ႔ အဆင္ေျပပါတယ္။ အလြယ္တကူေဆာင္ထားႏုိင္ျပီး ေရခ်ဳိးခန္းသြားတုိင္း ခ်ဳိင္းၾကားေနရာေတြ ပုံမွန္သာ သုတ္ေပးပါ။ ေခြ်းေတြ ကင္းရွင္းလုိ႔ လန္းဆန္းျပီး အသက္ရွဴရ ပိုမိုလြယ္ကူေစႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချွေးစေးတွေက လူကို ကသိကအောက်ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် ချွေးကာပြား sweat pad သို့မဟုတ် ချွေးတိတ်ဆေး သုံးကြည့်ဖို့ အကြံပြုထားပါတယ်။ မိတ်ကပ်ပညာရှင်နဲ့ ALPS အလှပြင်ဆေးခန်း အမှုဆောင်ဒါရိုက်တာ Gunjan Gaur က အဝတ်အစားပေါ် ချွေးစိုကွက်တွေ ကာကွယ်တားဆီးဖို့ နည်းလမ်းတချို့ မျှဝေခဲ့ပါတယ်။

ချွေးကာပြားဖြင့် ကာကွယ်ပါ

လက်နှစ်ဖက်လုံးရဲ့ ချိုင်းကြားနေရာ ချွေးခံပြား sweat pad ကပ်ထားခြင်းဖြင့် ကသိကအောက်ဖြစ်စေတဲ့ ချွေးစေးတွေ ဖြေရှင်းနိုင်ပါတယ်။ ယင်းချွေးခံပြားမှ ချွေးတွေ စုပ်ယူပြီး အသားရေခြောက်သွေ့စေပါလိမ့်မယ်။

ချွေးတိတ်ဆေး antiperspirant ပြောင်းသုံးပါ

ချွေးနံ့ပျောက်ဆေး deodorant က အဝတ်အစားပေါ် ချွေးကွက်ဖြစ်ပွားမှု ရပ်တန့်အောင် ဘာမှမလုပ်ပေးပါဘူး။ အဲဒီအစား antiperspirant သုံးပါ။ ချွေးထွက်တဲ့ နေရာကို ခြောက်သွေ့စေပါလိမ့်မယ်။

ကိုယ်လိမ်းပေါင်ဒါ

ကိုယ်လိမ်းပေါင်ဒါက အကျီၤမစိုမီ ချွေးကို အရင်စုပ်ယူပေးပါတယ်။ ပြီးတဲ့အပြင် အရေးပြားကို စေ့ပြီး ချွေးတိတ်စေပါတယ်။ ချွေးမထွက်အောင် ဟန့်တားတဲ့ သဘောဖြစ်ပါတယ်။ မနက်ရေချိုးတဲ့အခါ ချိုင်းကြားကို တတ်နိုင်သလောက် ပုံမှန်ဂရုစိုက် သန့်ရှင်းပေးပါ။

ချိုင်းမွေးပုံမှန်ရိတ်ပေးပါ

ချိုင်းမွေးရိတ်ခြင်းက ဘက်တီးရီးယားတွေ ရှင်းထုတ်ခြင်းဖြင့် ချိုင်းကြား ချွေးတွေ စုပုံမလာအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ ပုံမှန်သန့်ရှင်းပေးပါက အနံ့အသက်ဆိုး ကင်းစင်စေပြီး ချွေးစေးတွေ ကာကွယ်ပေးပါလိမ့်မယ်။

အဝတ်စနဲ့ သန့်ရှင်းပေးပါ

အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် နှစ်ခုလုံးက ချွေးတွေ ထိန်းချုပ်ဖို့ အဆင်ပြေပါတယ်။ အလွယ်တကူဆောင်ထားနိုင်ပြီး ရေချိုးခန်းသွားတိုင်း ချိုင်းကြားနေရာတွေ ပုံမှန်သာ သုတ်ပေးပါ။ ချွေးတွေ ကင်းရှင်းလို့ လန်းဆန်းပြီး အသက်ရှူရ ပိုမိုလွယ်ကူစေနိုင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top