iMyanmarHouse.com - Best Property Website for Myanmar
×

ရေဓာတ်ပြည့်ဝ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ နေ့စဉ်ပုံမှန်အစားအစားအပြင် အားရှိမယ့် ခွန်အားဖြည့်အစားအသောက်တွေလည်း ရွေးချယ်စားသုံးပေးပါလို့ ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူ Dolly Kumar က ဆိုပါတယ်။

အစာကြေလွယ်၊ လေမပွ၊ နေမထိထိုင်မသာမဖြစ်၊ ပျင်းရိလေးတွဲ့မှုမဖြစ်စေခြင်းကြောင့် လွယ်ကူပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအသောက်တွေကို ကျွန်ုပ်တို့အများစု ကြိုက်နှစ်သက်ကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမြန်ဖြေရှင်းနည်းက နံနက်စားအဖြစ် နို့၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးနဲ့ စားသုံးရတဲ့ ကောက်နှံ၊ အခွံမာအသီးစတဲ့ စားဖွယ်တွေနဲ့ သင့်တစ်နေ့တာကို စတင်ပါ။ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ သံဓာတ်နဲ့ အင်တီအောင်စီဒင်းတွေ ကြွယ်ဝတဲ့ ခွန်အားဖြစ်စေတဲ့အစားအစာတွေက ကျန်းမာရေးနဲ့အလွန်ကိုက်ညီပါတယ်။

နွေရာသီလို အချိန်မျိုးက အားရှိစေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေတဲ့ အဖျော်၊ ယမကာတွေ သောက်ပေးရမယ့် အချိန်ဖြစ်ပါတယ်။ Green tea က မနက်စောစော ဒါမှမဟုတ် ညနေခင်းအချိန်တွေမှာ သောက်သုံးစရာဖျော်ရည်တစ်ခု ဖြစ်ပါတယ်။ Green tea မှာ အင်တီအောင်စီဒင်းပါဝင်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်ပြီး မှတ်ဥာဏ်ပိုကောင်းစေကြောင်း သိရပါတယ်။ သူ့အနံ့အသက်နဲ့ ကောင်းမွန်တဲ့အရသာကြောင့် ကိုယ်ခန္ဓာကိုယ်စိုပြေလန်းဆန်းဖို့ရာ အသေအချာပါပဲ။ Green tea ထဲ ပျားရည်တစ်စက်နဲ့ ရှောက်သီးရည် ညှစ်ထည့်ပေးပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top