iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ရာသီဥတု

ဟင်းချက်စရာပစ္စည်းတွေဟာ ရာသီဥတုအလိုက် အရည်အသွေး ပြောင်းလဲသွားတတ်ပါတယ်။ ရာသီပေါ်သီးနှံတွေကတော့ အကောင်းဆုံးပေါ့။ ဥပမာအားဖြင့် ခရမ်းသီးတွေဟာ နွေနှောင်းပိုင်းမှာ စားလို့အကောင်းဆုံးပါပဲ။ တင်းရင်းတောက်ပနေတဲ့ ခရမ်းသီးဟာ လတ်ဆတ်ပြီး အာဟာရအပြည့်ရှိမှာ သေချာပါတယ်။

၂။ မြည်းပါ

ချက်နေရင်းနဲ့ မကြာခဏ မြည်းကြည့်ပါ။ အရသာက ချက်နေရင်း ပြောင်းသွားပြီး တည်ခင်းချိန်မှာတော့ ထူးခြားသွားတာကို ခံစားမိပါလိမ့်မယ်။ ချက်နေရင်း မြည်းကြည့်တော့ အရသာကိုပြင်ဆင်ထိန်းညှိလို့ရတာပေါ့။ ကျွမ်းကျင်သူမဟုတ်သေးဘဲနဲ့ မမြည်းမစမ်းဘဲ လက်မှန်းနဲ့ချက်တာက အရသာကောင်းဖို့ မသေချာပါဘူး။

၃။ အနံ့အရသာ

သံလွင်ဆီ၊ ထောပတ်တို့လို့ အနံ့အရသာဖြည့်စွက်တဲ့ အရာတွေကို ချက်ပြုတ်ခြင်းရဲ့ နောက်ဆုံးအဆင့်မှသာထည့်ပါ။ အကောင်းဆုံး အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။

၎။ ရိုးရိုးလေးပဲရှိပါစေ

မီးဖိုချောင်စဝင်သူတွေအနေနဲ့ ချက်ပြုတ်ဖို့ကို သိပ်ခက်တာတွေ မစဉ်းစားပါနဲ့ဦး။ ရိုးရိုးရှင်းရှင်းကနေ စတင်လိုက်ပါ။ ပါဝင်ပစ္စည်းတွေရဲ့ ပမာဏကိုလည်း ကိုယ်နားလည်တဲ့ အချိန်အတွယ်နဲ့ပဲ မှတ်သားထားတာ ပိုကောင်းပါတယ်။

၅။ အပူချိန်ကိုလည်းဂရုစိုက်

ချက်နေစဉ်တလျှောက်လုံး မီးအပူချိန်ကို မျက်ခြေမပြတ်ကြည့်ပါ။ ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့ မီးအပူချိန်က အရေးကြီးပါတယ်။ ဟင်းအနေအထားနဲ့ အရသာက အပူချိန်ပေါ်လိုက်ပြီး ပြောင်းလဲလို့ပါပဲ။

၆။ ချက်မယ့်ပစ္စည်းတွေကို စီထားပါ

ဘာပြီးရင် ဘာထည့်ရမယ်ဆိုတာကို သိနေပြီဆိုရင် ပစ္စည်းတွေကို ဘေးမှာစီရီထားပါ။ ချက်နေရင်းတန်းလန်းမှ ဟိုဟာလိုက်ရှာ ဒီဟာလိုက်ရှာနေလို့ ဟင်းအိုးတူးသွားပါဦးမယ်။

၇။ အာရုံခံစားမှု အားကောင်းပါစေ

အစားအစာတစ်ခုကို မစားသုံးမီမှာ အပြင်အဆင်ကလည်း အရေးပါပါတယ်။ အဖြူရောင် ပန်းကန်ပြားတွေက အရောင်ခပ်မှောင်မှောင် ဟင်းတွေကို တည်ခင်းဖို့ အသင့်လျှော်ဆုံးပါ။ နောက်တစ်ခုကတော့ နှာခေါင်းပါ။ ပတ်ဝန်းကျင်ရဲ့အနံ့ကလည်း ကိုယ့်ရဲ့ဟင်းလျာကိုဆွဲဆောင်မှုရှိအောင် ဆောင်ကြဉ်းနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာ အနံ့သက်ပြင်းတဲ့ မွှေးရနံ့တွေထားမယ့်အစား သန့်သန့်ရှင်းရှင်းထားပြီး အနံ့ဆိုးတွေကင်းနေရင် သင့်ထမင်းဝိုင်းကို မိသားစုဝင်တွေ နှစ်သက်လာပါလိမ့်မယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top