iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် သရုပ်ဆောင်မင်းသမီး စကား လက်ဂျိုဟန်ဆင်သည် တစ်သက် တာဝင်ငွေအကောင်းဆုံး သရုပ် ဆောင်မင်းသမီးဖြစ်သည်။

အသက် (၃၁)နှစ်အရွယ်ရှိ Avengers သရုပ်ဆောင်မင်းသမီး စကားလက်ဂျိုဟန်ဆင်သည် အမေရိကန်နိုင်ငံ၌ ပြည်တွင်းရုပ်ရှင်ဝင်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှာပေးခဲ့သည်ဟု ရုပ်ရှင်ဝင်ငွေများကို လေ့လာသော Box Office Mojo ဝက်ဘ်ဆိုက်က ဖော်ပြသည်။

 စကားလက်ဂျိုဟန်ဆင် သည် ဟောလိဝုဒ်၌ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်များစာရင်းတွင် နံပါတ် ၁၀နေရာ ရရှိခဲ့သည်။ ယင်းစာရင်း၌ စကားလက်ဂျိုဟန်ဆင်၏ အထက်တွင်ဟာရစ်ဆန်ဖို့ဒ်၊ ဆမ်မြူယယ်အယ်လ်ဂျက်ဆင်၊ မော်ဂန်ဖရီးမန်း၊ တွမ်ဟန့်၊ ရောဘတ်ဒေါင်းနေးဂျူနီယာ၊ အက်ဒီမာဖီ၊ တွမ်ခရုဇ်၊ ဂျွန်နီဒပ်နှင့် မိုက်ကယ်ကိန်းကဲ့သို့သော အမျိုးသားသရုပ်ဆောင်များသာ ရှိသည်။

ယင်းသရုပ်ဆောင်များအား လုံးသည် စကားလက်ထက် အသက်ပိုကြီး၍ စကားလက်ဂျိုဟန်ဆင်သည် ဟောလိဝုဒ်၌ ဝင်ငွေအကောင်းဆုံး ထိပ်တန်းသရုပ်ဆောင် ၁၀ ဦးတွင် အသက်အငယ်ဆုံးသရုပ်ဆောင်ဖြစ်ခဲ့သည်။


Credit:7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top