iMyanmarHouse.com - Best Property Website for Myanmar
×

"တစ်ခါတစ်ရံမှာ ယောက်ျားလေးတွေရဲ့နှလုံးသားက မိန်းကလေးတွေထက်ထိလွယ်ရှလွယ်ပါတယ်"

၁) ချောချောလှလှကောင်မလေးတွေဆို ကြည့်မရဘူးကွာလို့ ခဏခဏ ထုတ်ဖော်ပြောတတ်တဲ့ ကောင်လေးမှာ အရမ်းချောအရမ်းလှတဲ့ ချစ်သူကောင်မလေးတယောက် ရှိခဲ့ဖူးမယ် ...

၂) ချစ်ရသူကို မျက်စိအောက်က အပျောက်မခံ အကဲပိုစိုးရိမ်တတ်သလို
ယောက်ျားလေးတွေနဲ့ ပေါင်းဖော်စကားပြောနေတာကို မကြိုက်ဘဲ ပိတ်ပင်တတ်တဲ့ ယောက်ျားလေးတစ်ယောက်ဟာချုပ်ချယ်လွန်းတယ်လို့ ထင်ရကောင်းထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေခဲ့ရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေအပြင်

မိမိရဲ့မပြည့်စုံမှုတွေကြောင့် ချစ်ရသူကိုလက်လွှတ်ဆုံးရှုံးမှုတွေ ရှိကောင်းရှိခဲ့လိမ့်မယ် ...
ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ လိုတာထက်ပိုပြီး ကြောက်နေတတ်ကြတာပါ ...

၃) သင်ထင်မှတ် မထားလောက်အောင်အထိ ယောက်ျားလေးတွေရဲ့နှလုံးသားဟာ ထိရှလွယ်လွန်းပါတယ် ...
သင့်ရဲ့ ဘာမဟုတ်တဲ့ စကားလုံး ဒါမှမဟုတ် အပြုအမူလေးတခုကြောင့် အရမ်းပျော်နေတတ်သလို အရမ်းလည်း ကြေကွဲနေတတ်ပါတယ် ...
တစ်ခုခုကိုပြောမလိုလိုလုပ်ပြီး နေပါစေ ဘာမှမဟုတ်တော့ပါဘူးဆိုတဲ့ မိန်းကလေးတွေရဲ့အပြုအမူကြောင့်
အကူအညီပေးလို တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်လို မှီခိုအားကိုးသူတစ်ယောက်ဖြစ်လိုတဲ့ ဆန္ဒတစ်စုံပိုင်ရှင်ဟာ အကြီးအကျယ်ထိခိုက်ရပါတယ်..

၎) မိန်းကလေးတစ်ယောက်ရဲ့ Sorry ကိုကို မောင်မောင် ဆိုတဲ့စကားဟာ ယောက်ျားလေးအနေနဲ့ တောင်းဆိုမှုဆန္ဒတစ်ခုကို လှစ်လျူရှုပစ်နိုင်ပေမယ့်
မိန်းကလေးတစ်ယောက်ရဲ့ တောင်းဆိုမှုဆန္ဒတွေကိုဆို ယောက်ျားလေးအနေနဲ့ Sorry ပါလို့ ပြောဖို့ကို ၀န်လေးကြပါတယ်..
ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေဟာ ချစ်ပြီဆိုရင် အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ကို လိုလားကြသူတွေမို့ပဲဖြစ်ပါတယ်...
ဒီတော့ Sorry ပါဆိုတဲ့စကားကို ပြောမထွက်တတ်ကြပါဘူး

၅) Facebook ပေါ် သူတင်ထားတဲ့post တွေ photo တွေမှာ သူသင့်ကို ပြောပြချင်တဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်
မိန်းကလေးတွေလိုပဲ ကိုယ်တင်တဲ့ Post တွေကို ဘယ်သူတွေ Like သွားလဲဆိုတာစစ်ဆေးတတ်သလို
Like သွားသူတွေထဲမှာ မိမိရဲ့Crush ပါလားဆိုတာကို အမြဲ Check တတ်ကြတယ်ဆိုတာကိုလည်း မမေ့ပါနဲ့ဦး...

၆) သင့်ဂရုစိုက်မှုကို ရဖို့အတွက် သူဟာလည်း နည်းလမ်းမျိုးစုံ သုံးတတ်ပါတယ်...
တစ်ခါတစ်ရံမှာ ပညာရှိဆန်ဆန် တွေးတတ်သလို တစ်ခါတစ်ရံအတွေးတွေကျ မိုက်ရူးရဲဆန်တတ်ကြပါတယ်
ဒါပေမယ့် ဒီနေရာမှာမိန်းကလေးတွေနဲ့မတူတာကတော့ ကိစ္စတော်တော်များများကို မလုပ်ခင်မှာ ဆန်းစစ်တတ်ကြပါတယ်...
ငါသာဒီလိုလုပ်ရင် သူ့ကိုထိခိုက်စေမှာလားဆိုတဲ့အတွေးက အမြဲတမ်းခေါင်းထဲမှာရှိပါတယ်..

၇) မယုံမရှိပါနဲ့ တချို့ယောက်ျားလေးတွေကအချစ်စမ်းတတ်ပါတယ် ...
တစ်ခါတစ်ရံ ကောင်မလေးတစ်ချို့နဲ့တစုတဝေးတွဲသွားတွဲလာနေတတ်ပြီး သ၀န်တိုတတ်မလား သူ့ကိုစိတ်ဆိုးမလားဆိုတာကို စမ်းသပ်တတ်ကြပါတယ်..
ကောင်မလေးရဲ့စိတ်ဆိုးမှု စိတ်ပျက်မှုကို ကြောက်ကြပေမယ့် တမင်စွန့်စားပြီး သင့်အချစ်ကို စမ်းသပ်တတ်ကြတာပဲဖြစ်ပါတယ်
နောက်ပြီး တကယ်လို့များသာ (If..) ဆိုတာကို တွေးမိတတ်ပါတယ်
တကယ်လို့များ အဲ့အချိန်တုန်းက ကိုမဟုတ်ပဲ တခြားကောင်လေးတစ်ယောက်က Propose လုပ်ရင်ကော လက်ခံမှာလားဆိုတဲ့
ခပ်ကြောင်ကြောင်အတွေးတွေကိုလည်းတွေးတတ်ကြပါသေးတယ်...
တကယ်တော့ ဒါဟာ သူ့ရဲ့ စိုးရိမ်ခြင်းတစ်မျိုးလို့ မိန်းကလေးတွေ သိထားသင့်ပါတယ်..

၈) မိန်းကလေးတယောက် ပျော်ရွှင်ဖို့ လက်ဆောင်လေးတွေလည်း လိုအပ်ပါတယ် ...
ဒီလိုပါပဲ ယောက်ျားလေးတွေအတွက်လည်း အပေါင်းအသင်းကြားမှာ လက်မထောင်နိုင်အောင် မိန်းကလေးတွေအနေနဲ့ တခါတရံ လက်ဆောင်ပေးသင့်ပါတယ်
ဥပမာ "မင်းဒီနေ့ဝတ်လာတာမိုက်လှချည်လား"လို့အပြောခံရရင် "ဒါလား ငါ့စော်လက်ဆောင်လေ"ဆိုပြီး ပြန်ပြောတတ်ကြတာမို့ သင့်အတွက်လည်း မျက်နှာပန်းလှစေပါတယ်
လက်ဆောင်ဆိုတာ ယောက်ျားလေးတွေအတွက်မလိုအပ်ပေမယ့်
တစ်ခါတစ်ရံ သင်ပေးတဲ့တန်ဖိုးမကြီးတဲ့ပစ္စည်းလေးတွေကို ရုတ်တရက်မြင်လိုက်ရချိန်တွေမှာ သူ့ကို အပြုံးပန်းတွေပွင့်စေနိုင်တယ်ဆိုတာ သင့်ကို ဘယ်တော့မှ ပြောပြကြမှာမဟုတ်ပါဘူး..

၉) တကယ်ချစ်လာမိတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်အတွက် သူ့ရဲ့မာနတွေဂုဏ်သိက္ခာတွေကို ဖိနပ်နေရာမှာအစားထိုးစီးတတ်ကြပါတယ်..
ဒါပေမယ့် ဒီဖြစ်ရပ်မျိုးကို သင့်အနေနဲ့ လေးစားတန်ဖိုးထားသင့်ပါတယ်...
သင့် BF တစ်ယောက်ရဲ့သိက္ခာနဲ့မာနအကြောင်းကို အပေါင်းအသင်းတွေနဲ့အတူ အချိုတည်းတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး..

၁၀) ထွေးပွေ့ပါ...
ကျွန်တော်တို့ကို ကျောဘက်ကနေပွေ့ဖက်တာဟာ အကုန်အကျနည်းတဲ့ Romantic ဆန်ဆန် ချစ်မြတ်နိုးမှုကိုပြတာနဲ့ အတူတူပါပဲ..
ဘယ်လောက်ပဲ စိတ်တိုပါစေ စိတ်ဆိုးပါစေ
အဲ့လိုနောက်ကနေ သိုင်းဖက်လိုက်တာနဲ့ အရည်ပျော်သွားတတ်ကြပါတယ်..

၁၁) သင်ဘယ်သွားသွား ဘယ်လာလာ သူတို့ရဲ့ခွင့်ပြုချက်ကိုမယူသည့်တိုင် အနည်းဆုံးတော့ သူတို့ကိုအကြောင်းကြားသင့်ပါတယ်
ဥပမာ သင်ကော်ဖီဆိုင်ကို သူငယ်ချင်းတွေနဲ့သွားတာမျိုး ၊ ငယ်သူငယ်ချင်းယောက်ျားလေးနဲ့အမှတ်မထင်အတူထမင်းစားဖြစ်တာမျိုးတွေကိုပေါ့...
အနည်းဆုံး သင် SocialNetwok တစ်ခုခုမှ CheckIn ၀င်တာဖြစ်ဖြစ် တစ်စုံတစ်ယောက်ကမျက်မြင်ကိုယ်တွေတွေ့တာဖြစ်ဖြစ်ကို
BF တစ်ယောက်အနေနဲ့ကြားမိလိုက်တဲ့အချိန်မှာ Impression တော်တော်လေး Down ပါတယ်..
ကြိုသိထားတဲ့အခြေအနေမှာဆို "အော် အေး ဘယ်နေ့က ဘယ်နေရာမှာ သူ့သူငယ်ချင်း ဘယ်သူနဲ့တွေ့တာမလား"ဆိုတဲ့ ထွက်ပေါက်လေးတစ်ခုတော့ သူ့မှာရှိသင့်ပါတယ်...

၁၂)သူတို့မှာလည်း သူသန်ရာဝါသနာလေးတွေရှိတတ်ကြပါတယ်...
မိန်းကလေးတွေ KPOP ကြိုက်တယ် Series တွေကြိုက်တတ်သလို Cele Gosip တွေကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးတတ်ကြတယ်မလား
သူတို့တွေအနေနဲ့လည်း ဘောလုံး အားကစား Game နဲ့ ပြိုင်ကားများအကြောင်းကို စိတ်ဝင်စားတတ်ကြပါတယ်...
သင့်အနေနဲ့ Korea Series ကြည့်ချိန်မှာတောင် ၁ခန်းမှ အလွတ်ပေးချင်စိတ်မရှိကြတာမို့
ယောက်ျားလေးတွေကိုလည်း Game ကစားချိန် ဘောပွဲကြည့်ချိန်လေးတွေမှာ နားလည်ပေးသင့်တယ်မလား...

၁၃) ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ယှဉ်ရင် တော်တော်သည်းခံတတ်သူတွေပါ
မိန်းကလေးတွေ စိတ်ဆိုး စိတ်ကောက်တာကို ချော့ဖို့အတွက် တမင်မွေးဖွားလာတယ်လိုထင်ရလောက်အောင် တစ်ခါတစ်ရံ သည်းခံမှုကြီးသူတွေပါ
နောက်တယောက် တွဲသွားတယ်ဆိုတာ သင်ကောင်းပေမယ့် သူသစ္စာမရှိတာဖြစ်နိုင်သလို ...
သင့်ရဲ့ ဥပေက္ခာပြုမှုတွေအပေါ် ယောက်ျားလေးတစ်ယောက်အနေနဲ့ သည်းခံမှုတွေကုန်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်...
သင်ကောင်းရဲ့သားနဲ့ သူနောက်တယောက်တွဲတာအတွက် ကြေကွဲနေဖို့ မလိုသလို
သင်မကောင်းလို့ နောက်တယောက်ရှာတဲ့ သူကိုလည်း သစ္စာမရှိတဲ့ဖောက်ပြားတဲ့ယောက်ျားလို့ ခေါင်းစဉ်တတ်နေစရာမလိုပါဘူး...
ဘာလို့လည်းဆိုတော့ လူဆိုတာလည်း အတုန့်အလှည့်နဲ့ စိတ်ခံစားမှုတွေအပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့အကျင့်ရှိတယ်မလား
ဒီနေ့မှာ ၁၀၀ဖိုးရစ်တာခံနိုင်ပေမယ့် မနက်ဖြန်ကျခံချင်မှခံနိုင်မယ်လေ..
ဒါတွေကို မိန်းကလေးတွေအနေနဲ့ နားလည်သင့်ပါတယ်..

၁၄) သင့်ဘက်က မချစ်နိုင်တဲ့ ယောက်ျားလေးတယောက်ကိုလည်း မျှော်လင့်ချက်တွေ Favour တွေသွားမပေးသင့်ပါဘူး
ယောက်ျားလေးတစ်ယောက်ဟာ Favor ပေးတဲ့မိန်းကလေးတိုင်းကို စိတ်ဝင်စားပေမယ့်
သူတို့ Absolute (လုံးဝကို) ချစ်မိသွားတဲ့မိန်းကလေးကို စိတ်ထဲကဘယ်လိုမှ ထုတ်လို့မရတဲ့ အားနည်းချက်ရှိလို့ပါပဲ..

တခြားတစ်ဖက်မှာဆိုရင်
သင့်ဘက်က မမုန်းနိုင်တဲ့ ယောက်ျားလေးတစ်ယောက်ကိုလည်းလမ်းခွဲစကား သွားမပြောပါနဲ့ ...
တစ်ခါတစ်ရံ ယောက်ျားတစ်ယောက်ရဲ့နာကျည်းမှုဟာ တစ်ကမ္ဘာလုံးကိုကျောခိုင်းနိုင်လောက်အောင် ခိုင်မြဲလွန်းလို့ပါ

အဲ့လောက်ထိ ကျွန်တော်တို့ရဲ့ နှလုံးသားဟာ ထိလွယ်ရှလွယ်ရှိတတ်ပါတယ် ..

Credit: မူရင်းရေးသားသူ
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top