iMyanmarHouse.com - Best Property Website for Myanmar
×

ငရုတ်သီးများများစားသုံးခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ပါတယ်။ ငရုတ်သီး များများစားသုံးခြင်းက နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို လျော့ကျစေပါတယ်။

Human Life Science ရဲ့ A UTAS School မှ သုတေသီအဖွဲ့က ငရုတ်သီးမှာ အဓိကအားဖြင့် Capsaicin နဲ့ Dihydrocapsaicin ပါဝင်ကြောင်း လေ့လာဖော်ထုတ်ခဲ့ပြီး Capsaician ဟာ သွေးတွင်း(glucose) နဲ့ အင်ဆူလင်ပမာဏကို ထိန်းညှိပေးပြီး သွေးကြောမှာ သွေးခဲခြင်းမရှိအောင် အထောက်အကူပြုတာကြောင့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို လျော့နည်းစေပါတယ်။

ငရုတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်(B6) နဲ့ ဖောလစ်အက်စစ်ဟာ သွေးကြောတွေကို ပျက်စီးစေတဲ့ (Homocysteine) မြင့်တက်မှုကို လျော့နည်းစေတာကြောင့် နှလုံးရောဂါကို သက်သာစေပါတယ်။ ငရုတ်သီးရဲ့ ဓါတ်တိုးဆန့်ကျင်မှု ဂုဏ်သတ္တိတွေဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ ကိုလက်စထရောတွေကို လျော့ကျစေနိုင်တာကြောင့် များများစားသုံးသင့်ပါတယ်။

Credit:Momolay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top