iMyanmarHouse.com - Myanmar's No. 1 Property Website
×

မင္းဟာ ေယာက်္ားေလးေတြအတြက္ သိပ္သေဘာက်ခ်င္စရာေကာင္းတာပဲ။ မၾကာခင္ ခပ္ေခ်ာေခ်ာတစ္ေယာက္ေတာ့ ေတြ႔မွာ။ ဒီစကားေတြက ထက္ျမတ္တဲ့အမ်ဳိးသမီးအမ်ားစု အျမဲ ၾကားေနက်စကား ျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ကာလတစ္ခု ေက်ာ္ျဖတ္ျပီးေနာက္ ဒီစကားေတြဟာ အမွန္တရားေတြထက္ အေၾကာင္းျပခ်က္ေတြနဲ႔ ပိုတူေနပါတယ္။ ဒါေပမယ့္ လက္ေတြ႔မွာေတာ့ ပိုထက္တဲ့ အမ်ဳိးသမီးေတြ ေယာက်္ားရဖုိ႔ ပိုအခက္ေတြ႔ ၾကပါတယ္။

University of Buffalo မွ ေလ့လာမႈတစ္ခုက အမ်ဳိးသားေတြ အမ်ဳိးသမီးတစ္ေယာက္ စာေမးပြဲမွာ သာတယ္လုိ႔ ယုံၾကည္တဲ့အခါ စြဲေဆာင္မႈပိုနည္းတယ္လုိ႔ သတ္မွတ္ျပီး သူမနဲ႔ သမီးရည္းစားခ်ိန္းေတြ႔ရန္ စီစဥ္ရာမွာ စိတ္ဝင္စားမႈပို နည္းၾကတယ္လုိ႔ ရွာေဖြ႔ေတြ႔ရိွခဲ့ပါတယ္။ သီအုိရီအရ အမ်ဳိးသားေတြက သခ်ၤာ သုိ႔မဟုတ္ အဂၤလိပ္စာမွာ ပိုသာတဲ့ အမ်ဳိးသမီးကို လုိခ်င္ဖြယ္ေကာင္းတဲ့ ေရရွည္လက္တြဲေဖာ္တစ္ေယာက္အျဖစ္ သေဘာထားၾကပါတယ္။ အဲဒီလုိအမ်ဳိးသမီးတစ္ေယာက္နဲ႔ တကယ္ မ်က္ႏွာခ်င္းဆိုင္ေတြ႔ဆုံတဲ့အခါ စြဲေဆာင္မႈ ပိုနည္းျပီး သမီးရည္းစားအျဖစ္တြဲရန္ ဆႏၵ ေလွ်ာ့နည္းသြားၾကပါတယ္။ အမ်ဳိးသားေတြအေနနဲ႔ အမ်ဳိးသမီးေတြရဲ႕ အရည္အခ်င္း၊ အစြမ္းအစကို သူတုိ႔အတြက္ ျခိမ္းေျခာက္မႈတစ္ခုလုိ႔ ရႈျမင္ၾကေၾကာင္း ေနာက္ဆက္တြဲေလ့လာမႈေတြက ေဖာ္ျပခဲ့ပါတယ္။ အဲဒီအခ်က္က ထက္ျမတ္တဲ့အမ်ဳိးသမီးအမ်ားစု တစ္ကုိယ္တည္းျဖစ္ေနေသးတဲ့ အေၾကာင္းအရင္းလုိ႔ ဆုိႏုိင္ပါတယ္။

ကံအားေလွ်ာ္စြာနဲ႔ ဒါဟာ အမ်ဳိးသားအမ်ားစုအတြက္ ျပသာနာ ျဖစ္ေပမယ့္ အားလုံးအတြက္ေတာ့ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ထက္ျမတ္တဲ့အမ်ဳိးသမီးမ်ား မစိုးရိမ္ၾကပါနဲ႔။ သမီးရည္းစားခ်ိန္းရန္ ကမ္းလွမ္းမႈရရိွဖုိ႔ မိမိအရည္အခ်င္းကို ဖုံးကြယ္ထားရမယ္ဆိုတာလဲ မဟုတ္ပါဘူး။ သင့္ေတာ္မွန္ကန္တဲ့သူ ထြက္ေပၚလာျပီး သူ သင့္ကို ႏွစ္သက္သေဘာက်လာမွာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

မင်းဟာ ယောကျ်ားလေးတွေအတွက် သိပ်သဘောကျချင်စရာကောင်းတာပဲ။ မကြာခင် ခပ်ချောချောတစ်ယောက်တော့ တွေ့မှာ။ ဒီစကားတွေက ထက်မြတ်တဲ့အမျိုးသမီးအများစု အမြဲ ကြားနေကျစကား ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကာလတစ်ခု ကျော်ဖြတ်ပြီးနောက် ဒီစကားတွေဟာ အမှန်တရားတွေထက် အကြောင်းပြချက်တွေနဲ့ ပိုတူနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပိုထက်တဲ့ အမျိုးသမီးတွေ ယောကျ်ားရဖို့ ပိုအခက်တွေ့ ကြပါတယ်။

University of Buffalo မှ လေ့လာမှုတစ်ခုက အမျိုးသားတွေ အမျိုးသမီးတစ်ယောက် စာမေးပွဲမှာ သာတယ်လို့ ယုံကြည်တဲ့အခါ စွဲဆောင်မှုပိုနည်းတယ်လို့ သတ်မှတ်ပြီး သူမနဲ့ သမီးရည်းစားချိန်းတွေ့ရန် စီစဉ်ရာမှာ စိတ်ဝင်စားမှုပို နည်းကြတယ်လို့ ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ သီအိုရီအရ အမျိုးသားတွေက သချၤာ သို့မဟုတ် အင်္ဂလိပ်စာမှာ ပိုသာတဲ့ အမျိုးသမီးကို လိုချင်ဖွယ်ကောင်းတဲ့ ရေရှည်လက်တွဲဖော်တစ်ယောက်အဖြစ် သဘောထားကြပါတယ်။ အဲဒီလိုအမျိုးသမီးတစ်ယောက်နဲ့ တကယ် မျက်နှာချင်းဆိုင်တွေ့ဆုံတဲ့အခါ စွဲဆောင်မှု ပိုနည်းပြီး သမီးရည်းစားအဖြစ်တွဲရန် ဆန္ဒ လျှော့နည်းသွားကြပါတယ်။ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ အရည်အချင်း၊ အစွမ်းအစကို သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ရှုမြင်ကြကြောင်း နောက်ဆက်တွဲလေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်က ထက်မြတ်တဲ့အမျိုးသမီးအများစု တစ်ကိုယ်တည်းဖြစ်နေသေးတဲ့ အကြောင်းအရင်းလို့ ဆိုနိုင်ပါတယ်။

ကံအားလျှော်စွာနဲ့ ဒါဟာ အမျိုးသားအများစုအတွက် ပြသာနာ ဖြစ်ပေမယ့် အားလုံးအတွက်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ထက်မြတ်တဲ့အမျိုးသမီးများ မစိုးရိမ်ကြပါနဲ့။ သမီးရည်းစားချိန်းရန် ကမ်းလှမ်းမှုရရှိဖို့ မိမိအရည်အချင်းကို ဖုံးကွယ်ထားရမယ်ဆိုတာလဲ မဟုတ်ပါဘူး။ သင့်တော်မှန်ကန်တဲ့သူ ထွက်ပေါ်လာပြီး သူ သင့်ကို နှစ်သက်သဘောကျလာမှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top