iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထာင်ရှင်ဇနီးသည်တွေ ခင်ပွန်းတွေအပေါ် လျို့ဝှက်ထား တတ်တဲ့အရာတွေ
အိမ် ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ သူတို့တွေရဲ့ တချို့အရာ တွေကို ခင်ပွန်းဖြစ်သူတွေကို လျို့ဝှက်ထားတတ်ကြပါတယ်။ ဒီလို ပြောလိုက်လို့ သစ္စာမရှိတာတို့၊ ဖောက်ပြန်တာတို့ လို့အလွယ်တကူ ထင်တတ်ကြပါလိမ့်မယ်။ အိမ်ထောင်ရေးဖောက်ပြန်တတ်ကြတဲ့ အမျိုးသမီးတွေရဲ့ လျို့ဝှက်တဲ့အိမ်ထောင်ရေး ဖောက်ပြန်တဲ့အ ကြောင်းမဟုတ်တဲ့ ဇနီးသည်အမျိုးသမီးတွေ ခင်ပွန်းဖြစ်သူတွေကို လျို့ဝှက်တတ်တဲ့ အခြားအရာတွေ ရှိနေပါသေးတယ်။

၁။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ခင်ပွန်းဖြစ်သူတွေ ကို အလွယ်တကူထုတ်မပြောလေ့ရှိပါဘူး။ အပြင်ပိုင်းမှာ ဖြစ်ပေါ်တဲ့ သေးသေးမွှားမွှား ကျန်းမာရေးပြဿနာတွေအပြင် စိုးရိမ်စရာ ကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို ခင်ပွန်းသည်တွေကို ထုတ်ဖော်မပြောချင်ပါဘူး။ သူတို့တွေရဲ့ ကျန်းမာရေးပြဿနာတွေ ကြောင့် ခင်ပွန်းသည်အတွက် စိုးရိမ်သောကတွေ မပေးချင်လို့ပါတဲ့။ သူတို့တတ်နိုင်တဲ့အထိ သူတို့ဘာသာဖြေရှင်းရတာကိုပဲ လိုလားကြ လို့ပါပဲ။

၂။ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာမျိုးတွေကို ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ခင်ပွန်းသည်နဲ့ မဟုတ်တဲ့ သားသမီးတွေ၊ ညီ အစ်ကို၊ မောင်နှမတွေကြား၊ အမျိုးတွေကြား၊ သူငယ်ချင်းအပေါင်းအ သင်းတွေကြားမှာ ဖြစ်နေတဲ့ ကတောက်ကဆဖြစ်နေတာတွေကို ဖော်ပြလေ့မရှိပါဘူး။ ပတ်ဝန်းကျင်နဲ့ကောင်းကောင်းမွန်မွန် မနေရ ခြင်းဆိုတဲ့ အကြောင်းနဲ့ ခင်ပွန်းသည်ဆီက စိတ်ပျက်စရာ ဒါမှမဟုတ် စိတ်ရှုပ်စရာတွေ မပေးချင်လို့ပါတဲ့။

၃။ အိပ်ယာထက်က အခြေအနေတွေနဲ့ပတ်သက်ပြီး ဆန္ဒတွေကို ဖော်ထုတ်ပြောဆိုလေ့မရှိပါဘူး။ အိမ်ထောင်သည်တွေအဖို့ အတူ နေခြင်းကိစ္စကို ဘယ်လောက်ပဲရင်းနှီးနေကြသည့်တိုင်အောင် အမျိုးသမီးတွေက သူတို့နေချင်တဲ့ဆန္ဒတွေကို မပြောကြပါဘူး။ ဒီအချက်ကတော့ အမျိုးသားတွေရဲ့ ပွင့်လင်းတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာပါ။

၎။ အောင်မြင်မှု၊ အလုပ်အကိုင်အဆင်ပြေမှုတွေကို အရမ်းကြီး အောင်ပွဲခံဖော်ပြတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ သူတို့တွေရဲ့ အရမ်းအောင်မြင်လာတဲ့အခါ ခင်ပွန်းသည်အမျိုးသားတွေအတွက် စိတ်အားငယ်သိမ်ငယ်လာတာမျိုးတွေ ဖြစ်ပေါ်လာတတ်တာမျိုးကို ရှောင်ရှားလိုတဲ့ သဘောပါ။ ကိုယ့်အောင်မြင်မှုကြောင့် ပျော်ရွှင်ပေ မယ့် ခင်ပွန်းသည်တွေကိုတော့ စိတ်အားမငယ်စေချင်တာပါ။

၅။ ဘဏ်အကောင့်တွေကို အကုန်လုံးထုတ်ဖော်မပြောတတ်ကြပါ ဘူး။ ဒါက သိပ်ကိုညစ်လွန်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူမတို့က နောင်ရေးကိုကြိုတင်ပြီးစဉ်းစားတတ်ကြတာများပါတယ်။ ဘဏ်အကောင့်ဖွင့်တာကိုတော့ ခင်ပွန်းသည်တွေ သိကြပေမယ့် အကောင့်ပေါင်းများစွာရှိနေတတ်တာကိုတော့ သိကြမှာမဟုတ်ပါ ဘူး။ သူမတို့ဆီမှာ ခင်ပွန်းသည်တွေမသိတဲ့ တခြားဘဏ်အကောင့် တွေများစွာရှိနေပါသေးတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top