iMyanmarHouse.com - Best Property Website for Myanmar
×

အော်စကာဆုရွေးချယ်မှုမှာ ကိုရီးယားရုပ်ရှင်ဇာတ်ကားများအတွက် ကိုယ်စားပြုဖို့ Academy of Motion Picture Arts and Sciences (AMPAS) က ကိုရီးယားအနုပညာရှင် ၄ ဦးကို ရွေးချယ်ခဲ့ရာ ကိုရီးယားမင်းသား လီဗြောင်ဟွန်းလည်း ပါဝင်ကြောင်း သိရပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ Terminator Genisys နဲ့ G.I. Joe: The Rise of Cobra တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွင် လူသိများလာတဲ့ လီဗြောင်ဟွန်း၊ ရုပ်ရှင်ဒါရိုက်တာ ပက်ခ်ချောင်ဝုခ်၊ ရုပ်ရှင်ဒါရိုက်တာ လီချောင်ဒုန်နဲ့ မင်းသမီး ကင်မ်ဆိုယွန်းတို့ကို ကိုရီးယားနိုင်ငံ ကိုယ်စားပြု အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခဲ့တာပါ။

"အကယ်ဒမီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတာ ဂုဏ်ယူပါတယ်။ ကိုရီးယားမှာ အရမ်းတော်တဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ရှိပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ကိုရီးယားရုပ်ရှင်ကို ကမ္ဘာက ပိုမိုသိအောင် ကြိုးစားလုပ်ဆောင်သွားပါ့မယ်" လို့ လီဗြောင်ဟွန်းက သူ့ရဲ့အေဂျင်စီကနေတစ်ဆင့် ဇွန်လ ၃၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ် အကယ်ဒမီ (အော်စကာဆု) အဖွဲ့ဝင်သစ်အဖြစ် ပြုလုပ်ဖို့ လူပေါင်း ၆၈၃ ဦးကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top