iMyanmarHouse.com - Best Property Website for Myanmar
×

ယောကျာင်္းလေးများ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ တော်ရုံနဲ့ လွယ်တာမဟုတ်ဘူး။ ချစ်သူကောင်းဆိုတာ ကိုယ်ရဲ့ချစ်သူက ဘာလုပ်ချင်လဲ ၊ ဘာဖြစ်နေတာလဲ ၊ ဘယ်သွားချင်နေတာလဲ စတာတွေအားလုံး အသေးစိတ် သိရှိနေတာမျိုးကို ဆိုလိုပါတယ်။ သင်က ချစ်သူကောင်းတစ်ယောက် ဖြစ်ချင်ပေမဲ့ မဖြစ်သေးဘူးလို့ ကိုယ်ကိုကိုယ်ထင်နေရင် ကျွန်တော်ဖော်ပြပေးသွားမယ့် အချက်အလက်များကို ကြိုးစားလိုက်နာကြည့်လိုက်ပါခင်ဗျာ။


( ၁ ) ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ Relationship တစ်ခုမှာ ရိုးသားမှုဆိုတာ အကောင်းဆုံးမူဝါဒတစ်ခုပါပဲ။

( ၂ ) သူမကို ယုံကြည်ပေးပါ။ ယုံကြည်မှုက သင်တိုရဲ့ချစ်သူဘဝကို ပိုပြီးခိုင်မာစေတဲ့ အကြောင်းအရာတစ်ခုပါပဲ။

( ၃ ) သူမနဲ့ စကားပြောတဲ့အခါ လေသံမျှတမှု ရှိဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ရောင်းသူဝယ်သူ အသံတူ ဆိုတဲ့သဘောမျိုးပါ။

( ၄ ) စကားပြောတဲ့အခါမှာလည်း သူမပြောနေသမျှ စကားလုံးတိုင်းအပေါ် ဂရုတစိုက် နားထောင်ပေးတဲ့သူ ဖြစ်သင့်ပါတယ်။

( ၅ ) ရန်ဖြစ်ဖို့ ဦးတည်ပြီဆိုတဲ့အခါတိုင်း ညှိုညှိုနှိုင်းနှိုင်း လုပ်တတ်ဖို့ ကြိုတင်ပြင်ဆင်ပါ။ ညှိုနှိုင်းခြင်းဟာ ချစ်သူဆက်ဆံရေးသာမက ဆက်ဆံရေးမှန်သမျှမှာ အောင်မြင်စေနိုင်ပါတယ်။

( ၆ ) တစ်ဘဝလုံး အားကိုးထိုက်သူဖြစ်ဖို့ အားပေးစကား ၊ ခွန်းအားရှိမယ့် အပြုအမှုတွေ လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။

( ၇ ) သင့်အတွက်သာမက နှစ်ယောက်လုံးအတွက် အရေးပါတာက စာနာမှုပါ။ သူရဲ့စိတ်ခံစားချက်လေးတွေ စာနာတတ်ရင် ၊ ဖေးမတတ်ရင် သင့်ကိုပိုတိုးလို့ ချစ်လာမှာ သေချာပါတယ်။


Credit:Momolay

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top