iMyanmarHouse.com - Best Property Website for Myanmar
×

ဟားနားက လက်ရှိကမ္ဘာမှာလူကြိုက်အများဆုံးဂိမ်းဖြစ်နေတဲ့ Pokémons Go ဂိမ်းကို သိပ်ပြီးကြည်ပုံမရပါဘူး။ အထူးသဖြင့် သူမရဲ့ပရိသတ်တွေက သူမရဲ့သီချင်းကို နားမထောင်ဘဲ ဂိမ်းဆော့နေမှာကို သည်းညည်းမခံနိုင်တဲ့ပုံပါ။

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာလည်း " ဒီပွဲမှာ ရှင်တို့ ပိုကီမွန်ဖမ်းနေတာ မမြင်ချင်ဘူးနော်" လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီး သတိပေးခဲ့ပါတယ်။ ဒါတင်မက ရည်းစားဆီ စာလှမ်းရိုက်နေတာကိုလည်း မတွေ့ချင်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။ သူမရဲ့ ဖျော်ဖြေမှုကို ပရိသတ်က အလေးမထားမှာ စိုးရိမ်ဟန်တူပါရဲ့။

ရီဟားနားရဲ့ Anti ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မတ်လ ၁၂ ရက်နေ့စပြီး ဖလော်ရီဒါမှာ ဖျော်ဖြေခဲ့ကာ နောက်ဆုံးပိတ်ပွဲကိုတော့ နိုဝင်ဘာ ၂၇ မှာ အဘူဒါမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Credit: duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top