iMyanmarHouse.com - Best Property Website for Myanmar
×

Sex Education မရှိခြင်းရဲ့ အကျိုး

ကိုယ့်အသိ အမတစ်ယောက်ရှိတယ်
တစ်ရက် သူ့အိမ်ကို မြို့က သူ့အစ်ကိုသူငယ်ချင်းလာလည်တယ်...အဲ့ညက သူ့အစ်ကိုနဲ့အတူ အဲ့သူငယ်ချင်းက တစ်ခန်းတည်းအိပ်တယ် ..သူက ဒီဖက်သူ့အခန်းထဲမှာ သူအိပ်တာပေါ့ ..

ရွာကအိမ်တွေဆိုတော့ တံခါးဘာညာတော့ ဘယ်ရှိပါ့မလဲ
မနက်မိုးလင်းတော့...အဲ့အမရဲ့ ငိုသံ အကျယ်ကြီးကြောင့် တစ်အိမ်လုံး လန့်နိုးကုန်ကြသတဲ့
ဘာဖြစ်တာလဲ ဆိုတာလဲ မေးလို့မရ...ချော့မေး ခြောက်မေးတော့မှ...တော်တော်ကြာမှ..
သူ့ဘဝတော့ပျက်ပါပြီ...သူတော့ကိုယ်ဝန်ရှိသွားပါပြီဆိုပြီး...တဟီးဟီးနဲ့..ငို

ဟဲ့...ဘယ်လိုဖြစ်တာလဲပေါ့...သူ့အစ်ကိုကလဲ ဒေါသကထွက်လာ..ရှက်ကလဲရှက်...တစ်စိမ်းယောက်ျားလေး
တစ်ယောက် မနေ့ကမှ အိမ်မှာအိပ်ပါတယ်..ပြဿနာက မိုးလောက်ကြီးနေတယ်
သူ့သူငယ်ချင်းကိုလဲ မျက်နှာတွေပူ..အားနာ..သူ့ညီမအတွက်လဲ စိတ်တွေပူ
တစ်အိမ်လုံးရုတ်ရုတ်သဲသဲတွေဖြစ်...ဟိုဧည့်သည်ကိုပဲ ဆွဲထိုးရတော့ မလိုလို....

မိဘတွေကလဲ ရိုးရိုးအေးအေးကြီးတွေ...သမီးလုပ်သူကလဲ သူဗိုက်ကြီးပါပြီချည်းပဲပြောပြီး အော်ငို....
သူ့အစ်ကိုက သူ့သူငယ်ချင်းကအဲ့လိုလူမျိုးလဲ မဟုတ်..ဘယ်လိုဖြစ်တာလဲ သေသေချာချာရှင်းပြခိုင်း
နင့်အခန်းထဲ ဒီတစ်ယောက်ဝင်တာတွေ့လို့လားဆိုတော့...ဟင့်အင်း...သူမသိဘူးတဲ့
နင့်ကို သူဘာလုပ်လိုက်လဲဆိုတော့လဲ...မသိဘူးတဲ့

အဲ့တာဆို ဘာလို့...နင်က ဗိုက်ကြီးပြီဆိုပြီး ငိုနေရတာလဲဆိုတော့...

ပန်းအိုးကိုလက်ညိုးထိုးပြပြီး..တစ်ရှုံ့ရှုံ့နဲ့ ...ညက အဲ့ပန်းအိုးကို သူစားပွဲပေါ်မှာသေချာတင်ထားတာတဲ့
မနက်နိုးလာတော့...ကျကွဲနေတယ်တဲ့
ပန်းအိုးကျကွဲရင် ဗိုက်ကြီးတတ်တယ်လေတဲ့
(မြန်မာဇာတ်ကားတွေမှာ ပန်းအိုးကျကွဲရင် ဗိုက်ကြီးတယ်လေ..ရွာမှာတော့ ဗီဒီရိုရုံတွေရှိတော့ အဲ့ကနေ ဗဟုသုတရထားပုံရပါတယ် )

အစ်ကိုလုပ်သူဆိုတာ....နားရင်းပိတ်ရိုက်ချင်စိတ်တွေ တဖွားဖွား
ကိုယ်တွေကိုပြန်ပြောပြတော့...ကိုယ်တွေမှာအူတွေနာ...
ခုအဲ့အမက....ကလေးတောင်၃ယောက်ရနေပြီ...အဲ့မြို့ကအစ်ကိုနဲ့ပဲ..(.မြန်မာဇာတ်ကားထဲကအတိုင်းပဲ )
တွေ့တော့မေးလိုက်တယ်...အဲ့အမကို... ပန်းအိုး ၃ခါကျကွဲသွားသလားဆိုတော့..
ဆဲလိုက်တာဆိုတာ ..

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် လိင်ကျန်းမာရေး ပညာပေးအကြောင်းကို သေချာမသိထားလို့ဖြစ်ရတာပါ ..
ဒီလို sex education ဟာ လူတိုင်းသိထားသင့်ပါတယ် ။ ဒါနှာဘူးကျတာမဟုတ်ပါဘူး..။ ဒီလိုအကြောင်းအရာကို သိထားမယ်ဆိုရင် မဖြစ်သင့်တာတွေလည်း ဖြစ်မလာတော့ပါဘူး.. ။ အနောက်နိုင်ငံမှာဆို ကလေးတွေကို ခြောက်နှစ် ၇နှစ်အရွယ်ကတည်းက ဒီအကြောင်းအရာတွေကို မိဘတွေက နည်းနည်းချင်း သင်ပေးနေပါပြီ .. ။

မိန်းကလေးရော ယောကျာ်းလေးပါ အရွယ်ရောက်ပြီဆိုတာနဲ့ အိမ်ထောင်သားမွေးပြုရင် ဒီကိစ္စဟာ မလွဲမသွေ ကြုံလာရမယ့် ကိစ္စပဲဖြစ်ပါတယ် ။ ဒီလို အခြေအနေတွေကို ကိုယ်ကကြိုသိထားတဲ့အခါမှာ မမှားသင့်တာ ၊ မဖြစ်သင့်တာတွေကို ကြိုတင်ကာကွယ်ထားလို့ရပါတယ် ။ sex education မရှီလို့ ဒုက္ခရောက်တဲ့သူတွေ မနည်းမနောရှိပါတယ် ။

ဖွံဖြိုးတိုးတက်လာသော ခေတ်ကြီးတွင် လိင်ပညာပေးဆိုတာ မရှိမဖြစ် လိုအပ်ပါသည် ။ အိမ်ထောင်ရေးသုခ အတွက် ဆောင်ရန်၊ရှောင်ရန်များ အပြင် ကျန်းမာရေးအရပင်ဖြစ်စေ အရွယ်ရောက်ပြီးသူတိုင်း သိသင့် သိအပ်သော အရာတစ်ခုပင်ဖြစ်ပါသည် ။

* မူရင်းရေးသားသော စာအား အနည်းငယ် ထပ်မံဖြည့်စွက်ထားပါသည် *

Credit: Original Writer 
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top