iMyanmarHouse.com - Best Property Website for Myanmar
×

မင်းသမီးလေး ပတ်ရှင်ဟေးက ပေးထားတဲ့ကတိအတိုင်း တည်တတ်သူဆိုတာ လက်တွေ့ပြသလိုက်ပါတယ်။ ပရိသတ်တွေကို ကပြမယ်လို့ ကတိပေးထားခဲ့တာပါ။

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Doctors ဇာတ်လမ်းတွဲကို ကြည့်ရှုမှုနှုန်း ၁၅ ရာခိုင်နှုန်းကျော်ရင် ကပြမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ Doctors ရုပ်သံဇာတ်လမ်းတွဲဟာ သူမ ပြောကြားထားတာထက်ကို ကျော်လွန်ပြီး ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။ လူကြိုက်များတဲ့ ဇာတ်လမ်းဖြစ်ပြီး ပတ်ရှင်ဟေးက ဆရာဝန်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကြည့်ရှုမှုနှုန်း ၁၅ ရာခိုင်နှုန်း ကျော်သွားတဲ့အတွက် ပတ်ရှင်ဟေးက ပေးထားတဲ့ကတိအတိုင်း Twice အဖွဲ့ Cheer Up သီချင်းနဲ့ ချစ်စဖွယ် ကပြခဲ့ပါတယ်။ ရှင်ဟေးနဲ့အတူ တွဲဖက်သရုပ်ဆောင် မွန်းဂျီအင်းကလည်း ပါဝင်ကူညီပေးခဲ့ပါသေးတယ်။ အစပိုင်းမှာတော့ ရှက်စနိုးလေးဖြစ်နေပေမယ့် ကတိတည်အောင် လှလှပပလေး ကပြခဲ့ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top