iMyanmarHouse.com - Best Property Website for Myanmar
×

နယူးယောက်မြို့ မက်ဒီဆင်ရင်ပြင် ဥယျာဉ်တွင် ပြုလုပ်သော ဂီတဖျော်ဖြေပွဲ၌ ဂျပ်စတင်ဘီဘာသည် ဆယ် ကျော်သက်အရွယ်က အတူတွဲဆို ဖူးသည့် ဂျာဒန်စမစ်ကို ပွဲထုတ် သီဆိုဖျော်ဖြေခဲ့သည်။

နာမည်ကျော်မင်းသားကြီး ဝီလ်စမစ်၏သားဖြစ်သူ ဂျာဒန် စမစ်သည် ဂျပ်စတင်ဘီဘာ၏ အရင်းနှီးဆုံးမိတ်ဆွေများအနက် တစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သောခြောက်နှစ်က ပထမ ဆုံးအကြိမ် အတူသီဆိုဖျော်ဖြေခဲ့ ကြသည်။

ဘီဘာ (၂၂) နှစ်နှင့် စမစ် (၁၈)နှစ်တို့သည် လွန်ခဲ့သော ခြောက်နှစ်က သီဆိုခဲ့ဖူးသော Never Say Never သီချင်းကိုပင် အတူတွဲ၍ သီဆိုခဲ့ကြသည်။

ယင်းဖျော်ဖြေပွဲပြီးနောက် ဘီဘာသည် ဂျာဒန်စမစ်နှင့် စင် ပေါ်တွင် အတူရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုအင်စတာဂရမ် တွင်ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံကို ပင် စမစ်က ပြန်လည်ဝေမျှကာ ကျေးဇူးတင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဘီဘာသည် စမစ်အပြင် ၎င်း၏ ဖျော်ဖြေပွဲအတွက် ရက်ပ် အဆိုတော် ထရာဗစ်စကော့ကို လည်း ခေါ်ယူကာ No Sense သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ဂျပ်စတင်ဘီဘာသည် သြဂုတ် ၁၆ ရက်တွင် ဂျပန်နိုင်ငံ သို့ ဂီတဖျော်ဖြေပွဲကျင်းပရန် သွားရောက်မည်ဖြစ်သည်။ စက် တင်ဘာ ၁၆ ရက်တွင်လည်း အိုက်စလန်နိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသည်။နယူးယောက်မြို့ မက်ဒီဆင်ရင်ပြင် ဥယျာဉ်တွင် ပြုလုပ်သော ဂီတဖျော်ဖြေပွဲ၌ ဂျပ်စတင်ဘီဘာသည် ဆယ် ကျော်သက်အရွယ်က အတူတွဲဆို ဖူးသည့် ဂျာဒန်စမစ်ကို ပွဲထုတ် သီဆိုဖျော်ဖြေခဲ့သည်။

နာမည်ကျော်မင်းသားကြီး ဝီလ်စမစ်၏သားဖြစ်သူ ဂျာဒန် စမစ်သည် ဂျပ်စတင်ဘီဘာ၏ အရင်းနှီးဆုံးမိတ်ဆွေများအနက် တစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သောခြောက်နှစ်က ပထမ ဆုံးအကြိမ် အတူသီဆိုဖျော်ဖြေခဲ့ ကြသည်။

ဘီဘာ (၂၂) နှစ်နှင့် စမစ် (၁၈)နှစ်တို့သည် လွန်ခဲ့သော ခြောက်နှစ်က သီဆိုခဲ့ဖူးသော Never Say Never သီချင်းကိုပင် အတူတွဲ၍ သီဆိုခဲ့ကြသည်။

ယင်းဖျော်ဖြေပွဲပြီးနောက် ဘီဘာသည် ဂျာဒန်စမစ်နှင့် စင် ပေါ်တွင် အတူရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုအင်စတာဂရမ် တွင်ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံကို ပင် စမစ်က ပြန်လည်ဝေမျှကာ ကျေးဇူးတင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဘီဘာသည် စမစ်အပြင် ၎င်း၏ ဖျော်ဖြေပွဲအတွက် ရက်ပ် အဆိုတော် ထရာဗစ်စကော့ကို လည်း ခေါ်ယူကာ No Sense သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ဂျပ်စတင်ဘီဘာသည် သြဂုတ် ၁၆ ရက်တွင် ဂျပန်နိုင်ငံ သို့ ဂီတဖျော်ဖြေပွဲကျင်းပရန် သွားရောက်မည်ဖြစ်သည်။ စက် တင်ဘာ ၁၆ ရက်တွင်လည်း အိုက်စလန်နိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသည်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top