iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေရ.. နင္နဲ႔ငါက အရမ္းခ်စ္ၾကတဲ့သူေတြပါ။ တစ္ခါတစ္ေလ စိတ္အခန္႔အသင့္ရင္ေတာ့ တုိ႔ေတြၾကား ရန္ပြဲဆုိတာ ရွိလာမွာပါပဲ။
.
အဲဒီ့အခါမွာ တုိ႔ေတြရဲ႕ ခဏတာဆံုးျဖတ္ခ်က္ေလးနဲ႔ ခ်က္ခ်င္းၾကီး လမ္းမခြဲလုိက္ပါနဲ႔။ ငါ ၾကိဳေတာင္းပန္တာပါ။ တကယ္ေတာ့ ငါနင့္ကို သိပ္ခ်စ္တာပါ။ ေနာက္တစ္ေယာက္ဆုိတာကို ငါေတြးကိုမေတြးထားမိတာပါ။
ေဒါသေတြ၊ စိတ္ခံစားခ်က္ေတြေၾကာင့္ေတာ့ သိပ္ခ်စ္တဲ့ ငါတုိ႔ေတြ လမ္းမခြဲခ်င္ဘူး။
.
ေခါင္းေအးေအးထား စဥ္းစား
ဟုတ္တယ္။ ငါတုိ႔ ေခါင္းေအးေအးထားရမယ္။ တကယ္ေတာ့ ငါတုိ႔ ရန္ျဖစ္ၾကတာ ခဏတာေလးပါ။ ဒီခဏေလးျပီးရင္ အၾကာၾကီးေဝးဖုိ႔ဆုိတာ မျဖစ္နုိင္ဘူးေလ။ ငါတုိ႔ရန္ျဖစ္တာေရာ၊ ဘာေၾကာင့္လဲ။ လမ္းခြဲဖုိ႔ေလာက္ထိေရာ၊ ျဖစ္သင့္ရဲ႕လား။ ဘာေတြေၾကာင့္ ဒီအေျခအေနေတြအထိ ျဖစ္လာခဲ့လဲ။ ငါတုိ႔ ေခါင္းေအးေအးထားျပီး စဥ္းစားမယ္။
.
မွားတဲ့သူ ေတာင္းပန္ေၾကး
ခ်စ္သူေရ.. ဘယ္သူမဆုိ ကုိယ္မွားတာကို တာဝန္ယူမွ၊ ဝန္ခံမွ။ အထူးသျဖင့္ ကုိယ္တုိ႔ ခ်စ္သူေတြၾကားမွာေပ့ါ။ အမွားကိုသိရင္ အမွန္ျပင္ရမယ့္ သတၱိ ငါတုိ႔မွာ ရွိရမယ္ေလ။
မွားတဲ့သူက အရင္ေတာင္းပန္ေၾကးေနာ္။ ေနာက္ျပီး ေတာင္းပန္တာကုိလည္း လက္ခံေၾကး။ ခြင့္လႊတ္ေၾကး။
.
အေလ်ာ့ေပးရမယ္
တကယ္ေတာ့ေလ ဘယ္သူမွားမွား ဘယ္သူမွန္မွန္၊ တကယ္ခ်စ္ရင္ အေလ်ာ့ကို ေပးရမယ္။ ဒီကမာၻၾကီးမွာ တကယ္ခ်စ္တဲ့သူတုိင္း တစ္မ်ိဳးစီရူးသြပ္တာ နင္လည္း သိသားပဲ။
ကဲ.. ငါကေတာ့ နင့္ကိုသိပ္ခ်စ္လို႔ နင္မွားလည္း ငါကပဲ ေတာင္းပန္အေလ်ာ့ေပးပါ့မယ္။
.
ေသြးမပူပါနဲ႔
ငါတုိ႔ၾကား ရန္ပြဲေတြကို ဦးတည္လာတာနဲ႔ ေအာ္မေျပာပါနဲ႔။ တစ္ေယာက္ကိုတစ္ေယာက္ မေစာ္ကားမိပါေစနဲ႔။ ခံစားမႈေတြကို အရမ္းၾကီး ေရွ႕တန္းမတင္ပါနဲ႔။
.
တစ္ေယာက္အေပၚတစ္ေယာက္ ေလးစားမႈ
တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ေလးစားမႈဆုိတာသာ ရွိေနရင္ အတၱေတြမရွိဘူး၊ အထင္အျမင္လြဲမွားတာေတြ မရွိဘူး။ ရန္ပြဲေတြဆုိတာလည္း နည္းလိမ့္မယ္။ နင္နဲ႔ငါအၾကား အျပန္အလွန္ ေလးစားမႈဆုိတာသာ ရွိခဲ့ရင္ တုိ႔ရဲ႕အခ်စ္ခရီးက ေျဖာင့္ျဖဴးေနမွာပါ။
.
နားလည္မႈ
အခ်စ္တစ္ခုမွာ ခ်စ္ျခင္းျပီးရင္ အေရးအၾကီးဆံုးက နားလည္မႈပဲတဲ့။ နားလည္မႈက ရန္ပြဲေတြကို ေက်ာ္လႊားေစတယ္။ စစ္ပြဲေတြကို ရပ္တန္႔ေစတယ္။ ပဋိပကၡေတြကို အျပီးသတ္ေစတယ္။
ငါတုိွ႔အၾကား နားလည္မႈေတြရွိေနသ၍ေတာ့ ေက်ာခုိင္းသြားၾကမွာ မဟုတ္ပါဘူး။

Credit:Focus Youth

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ချစ်သူရေ.. နင်နဲ့ငါက အရမ်းချစ်ကြတဲ့သူတွေပါ။ တစ်ခါတစ်လေ စိတ်အခန့်အသင့်ရင်တော့ တို့တွေကြား ရန်ပွဲဆိုတာ ရှိလာမှာပါပဲ။
.
အဲဒီ့အခါမှာ တို့တွေရဲ့ ခဏတာဆုံးဖြတ်ချက်လေးနဲ့ ချက်ချင်းကြီး လမ်းမခွဲလိုက်ပါနဲ့။ ငါ ကြိုတောင်းပန်တာပါ။ တကယ်တော့ ငါနင့်ကို သိပ်ချစ်တာပါ။ နောက်တစ်ယောက်ဆိုတာကို ငါတွေးကိုမတွေးထားမိတာပါ။
ဒေါသတွေ၊ စိတ်ခံစားချက်တွေကြောင့်တော့ သိပ်ချစ်တဲ့ ငါတို့တွေ လမ်းမခွဲချင်ဘူး။
.
ခေါင်းအေးအေးထား စဉ်းစား
ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေးထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါတို့ရန်ဖြစ်တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက်ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေအထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေးထားပြီး စဉ်းစားမယ်။
.
မှားတဲ့သူ တောင်းပန်ကြေး
ချစ်သူရေ.. ဘယ်သူမဆို ကိုယ်မှားတာကို တာဝန်ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေ့ါ။ အမှားကိုသိရင် အမှန်ပြင်ရမယ့် သတ္တိ ငါတို့မှာ ရှိရမယ်လေ။
မှားတဲ့သူက အရင်တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန်တာကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေး။
.
အလျော့ပေးရမယ်
တကယ်တော့လေ ဘယ်သူမှားမှား ဘယ်သူမှန်မှန်၊ တကယ်ချစ်ရင် အလျော့ကို ပေးရမယ်။ ဒီကမ္ဘာကြီးမှာ တကယ်ချစ်တဲ့သူတိုင်း တစ်မျိုးစီရူးသွပ်တာ နင်လည်း သိသားပဲ။
ကဲ.. ငါကတော့ နင့်ကိုသိပ်ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန်အလျော့ပေးပါ့မယ်။
.
သွေးမပူပါနဲ့
ငါတို့ကြား ရန်ပွဲတွေကို ဦးတည်လာတာနဲ့ အော်မပြောပါနဲ့။ တစ်ယောက်ကိုတစ်ယောက် မစော်ကားမိပါစေနဲ့။ ခံစားမှုတွေကို အရမ်းကြီး ရှေ့တန်းမတင်ပါနဲ့။
.
တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု
တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုဆိုတာသာ ရှိနေရင် အတ္တတွေမရှိဘူး၊ အထင်အမြင်လွဲမှားတာတွေ မရှိဘူး။ ရန်ပွဲတွေဆိုတာလည်း နည်းလိမ့်မယ်။ နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှုဆိုတာသာ ရှိခဲ့ရင် တို့ရဲ့အချစ်ခရီးက ဖြောင့်ဖြူးနေမှာပါ။
.
နားလည်မှု
အချစ်တစ်ခုမှာ ချစ်ခြင်းပြီးရင် အရေးအကြီးဆုံးက နားလည်မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှားစေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေတယ်။ ပဋိပက္ခတွေကို အပြီးသတ်စေတယ်။
ငါတိုှ့အကြား နားလည်မှုတွေရှိနေသ၍တော့ ကျောခိုင်းသွားကြမှာ မဟုတ်ပါဘူး။

Credit:Focus Youth

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top