iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သင့္ေၾကာင္ အိမ္ကပ္ဖုိ႔ အျမဲႀကိဳးစားေနရတယ္

သူ႔မွာ ေရြးခ်ယ္စရာမ်ားပါတယ္။ တျခားအိမ္က သူ႔ကို သင့္ထက္ေကာင္းေကာင္းေကၽြးႏုိင္ရင္ အဲဒီအိမ္မွာပဲ သူက ကပ္ေနေတာ့မွာပါ။

၂။ သင့္ခုံကို သင္မပိုင္ေတာ့ပါဘူး

သင့္ေၾကာင္က အျမဲထုိင္လိမ့္မယ္။ သူဖယ္မေပးမခ်င္း သင္ထုိင္လုိ႔မရေတာ့ဘူး။

၃။ သူလုိခ်င္တာအားလံုး သူပိုင္ပါတယ္

သူ႔အတြက္ ဝယ္ေပးထားတဲ့ အ႐ုပ္ေတြလည္း ေဆာ့ပါတယ္။ သင့္ဖိနပ္ကလည္း သူ႔ကစားစရာပါပဲ။ သင့္လက္ကလည္း သူ႔ကစားစရာပါပဲ။

၄။ သူ သင့္ေပါင္ေပၚတက္ထုိင္လုိက္တာနဲ႔ ဘာအလုပ္မွ လုပ္လုိ႔မရေတာ့ဘူး

သင္စီစဥ္ထားသမွ် အစီအစဥ္အားလံုးကို သူက ဘာမွမေျပာဘဲ သင့္ေပါင္ေပၚတက္ထိုင္လိုက္႐ံုနဲ႔ တားဆီးၿပီးသား ျဖစ္သြားပါတယ္။

၅။ သူ ပြတ္သီးပြတ္သပ္ေနခ်င္တဲ့အခ်ိန္ ေနေပးရတယ္

သင့္နားကို သူလာမယ္ ပြတ္သီးပြတ္သပ္လုပ္မယ္။ သင္က သူ႔ကို မေပြ႕ဖက္လုိ႔ကေတာ့ ကုတ္ဆြဲမယ္။

၆။ ငါ့ေၾကာင္ေလးက ေတာ္တယ္လုိ႔ အျမဲထင္တယ္

သင့္အမိန္႔ေတြကို မနာခံတာ သူနားမလည္လုိ႔မဟုတ္ဘူး။ သူ႔ဘာသာ မလုပ္ခ်င္လို႔ မလုပ္တာလို႔ပဲ သင္ေတြးတတ္တယ္။

၇။ ေၾကာင္စာေလာက္နဲ႔ သူမတင္းတိမ္ဘူး

သူစားခ်င္တာ အကုန္ေကၽြးေနရပါတယ္။

၈။ သူက အေဆာ့သန္ေပမဲ့ သင့္မွာ အျပစ္မယူရက္ဘူး

ဒါဟာ ေၾကာင္တစ္ေကာင္မွာ ရွိသင့္တဲ့ ကၽြမ္းက်င္မႈပဲဆုိၿပီး သင့္မွာ ျပံဳးၿပီး ေက်နပ္မိတယ္။

၉။ သူယူလာတဲ့ လက္ေဆာင္တုိင္းကို သင့္မွာ ရွင္းလင္းရတယ္။

သူဘယ္ေလာက္ေတာ္ေၾကာင္းျပတဲ့အေနတဲ့ သင့္ဆီကို ၾကြက္ေသေတြ ယူလာတတ္ပါတယ္။

၁၀။ တစ္ခါတေလ စိတ္ပ်က္မိေပမဲ့ သူ႔မ်က္ႏွာေလးျမင္ေတာ့ သနားမိတယ္

ခ်စ္စရာေကာင္းလွတဲ့ ေၾကာင္ေလးေတြရဲ႕ ပံုစံေၾကာင့္ သင့္မွာ သူ႔စိတ္ႀကိဳက္ေနရတဲ့ဘဝကေန မ႐ုန္းထြက္ႏုိင္ပါဘူး။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

၁။ သင့်ကြောင် အိမ်ကပ်ဖို့ အမြဲကြိုးစားနေရတယ်

သူ့မှာ ရွေးချယ်စရာများပါတယ်။ တခြားအိမ်က သူ့ကို သင့်ထက်ကောင်းကောင်းကျွေးနိုင်ရင် အဲဒီအိမ်မှာပဲ သူက ကပ်နေတော့မှာပါ။

၂။ သင့်ခုံကို သင်မပိုင်တော့ပါဘူး

သင့်ကြောင်က အမြဲထိုင်လိမ့်မယ်။ သူဖယ်မပေးမချင်း သင်ထိုင်လို့မရတော့ဘူး။

၃။ သူလိုချင်တာအားလုံး သူပိုင်ပါတယ်

သူ့အတွက် ဝယ်ပေးထားတဲ့ အရုပ်တွေလည်း ဆော့ပါတယ်။ သင့်ဖိနပ်ကလည်း သူ့ကစားစရာပါပဲ။ သင့်လက်ကလည်း သူ့ကစားစရာပါပဲ။

၄။ သူ သင့်ပေါင်ပေါ်တက်ထိုင်လိုက်တာနဲ့ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး

သင်စီစဉ်ထားသမျှ အစီအစဉ်အားလုံးကို သူက ဘာမှမပြောဘဲ သင့်ပေါင်ပေါ်တက်ထိုင်လိုက်ရုံနဲ့ တားဆီးပြီးသား ဖြစ်သွားပါတယ်။

၅။ သူ ပွတ်သီးပွတ်သပ်နေချင်တဲ့အချိန် နေပေးရတယ်

သင့်နားကို သူလာမယ် ပွတ်သီးပွတ်သပ်လုပ်မယ်။ သင်က သူ့ကို မပွေ့ဖက်လို့ကတော့ ကုတ်ဆွဲမယ်။

၆။ ငါ့ကြောင်လေးက တော်တယ်လို့ အမြဲထင်တယ်

သင့်အမိန့်တွေကို မနာခံတာ သူနားမလည်လို့မဟုတ်ဘူး။ သူ့ဘာသာ မလုပ်ချင်လို့ မလုပ်တာလို့ပဲ သင်တွေးတတ်တယ်။

၇။ ကြောင်စာလောက်နဲ့ သူမတင်းတိမ်ဘူး

သူစားချင်တာ အကုန်ကျွေးနေရပါတယ်။

၈။ သူက အဆော့သန်ပေမဲ့ သင့်မှာ အပြစ်မယူရက်ဘူး

ဒါဟာ ကြောင်တစ်ကောင်မှာ ရှိသင့်တဲ့ ကျွမ်းကျင်မှုပဲဆိုပြီး သင့်မှာ ပြုံးပြီး ကျေနပ်မိတယ်။

၉။ သူယူလာတဲ့ လက်ဆောင်တိုင်းကို သင့်မှာ ရှင်းလင်းရတယ်။

သူဘယ်လောက်တော်ကြောင်းပြတဲ့အနေတဲ့ သင့်ဆီကို ကြွက်သေတွေ ယူလာတတ်ပါတယ်။

၁၀။ တစ်ခါတလေ စိတ်ပျက်မိပေမဲ့ သူ့မျက်နှာလေးမြင်တော့ သနားမိတယ်

ချစ်စရာကောင်းလှတဲ့ ကြောင်လေးတွေရဲ့ ပုံစံကြောင့် သင့်မှာ သူ့စိတ်ကြိုက်နေရတဲ့ဘဝကနေ မရုန်းထွက်နိုင်ပါဘူး။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top