iMyanmarHouse.com - Best Property Website for Myanmar
×

ခုတေလာအရမ္း ေယာက်ၤားေလးေတြၾကား ေခတ္စားေနတာကေတာ့ ဘာဂိမ္းေဆာ့တယ္၊ ဘယ္ေလာက္အဆင့္ေရာက္ေနျပီလဲ၊ ဘယ္ေလာက္ႏိုင္ခဲ့လဲ ဆိုတာေတြပဲ။ ဒါေပမယ့္ ကိုယ္နဲ႔ပတ္သတ္ေနတဲ့ အေဖာ္ေတြ ဘယ္ေလာက္ စိတ္ညစ္ေနလဲဆိုတာေတာ့ မစဥ္းစားႏိုင္ၾကရွာဘူး။ သူတို႔ဂိိမ္းေဆာ့ေနရရင္ ေက်နပ္ေနၾကတယ္။ တခါတေလ ငါ့ကိုေရြးမလား၊ ဂိမ္းကိုေရြးမလား ထိေတာင္ျဖစ္လာတဲ့ ျပႆနာေတြ မနည္းဘူး… ဟုတ္တယ္မလား။ ဒါဘာျဖစ္လို႔လဲဆိုရင္ေတာ့ သင့္အေဖာ္က သင္ဂိမ္းေဆာ့ေနလို႔ လ်စ္လ်ဴ ရႈခံေနရတယ္၊ အရင္ကေလာက္ ဂရုမစိုက္ေတာ့ဘူး၊ ဆိုတဲ့ စိတ္ခံစားမႈေတြရိွလာၾကလို႔ပါပဲ။ သနားစရာလည္း ေကာင္းပါတယ္။

စိတ္ဆိုးစိတ္ညစ္တာကလည္း တန္ပါတယ္။ ခ်စ္သူႏွစ္ေယာက္ၾကားမွာ ၾကည္ႏူးစရာအေကာင္းဆုံး အခ်ိန္ေတြျဖစ္တဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရုပ္ရွင္ၾကည့္၊ လက္တြဲျပီး ပန္းျခံထဲ လမ္းေလွ်ာက္... ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ။ ခုေတာ့ၾကည့္ပါအုံး ဒါေတြမရိွေတာ့ဘူး။ မအားဘူးပဲ ေျပာေနတယ္။ တကယ္တမ္းေတာ့ ဂိမ္းဆိုင္မွာပါ။ အဓိပၸာယ္ရိွရိွ ခ်စ္သူႏွစ္ဦး ျဖတ္သန္းခဲ့တဲ့အခ်ိန္ေတြကို ဒီလိုဂိမ္းေဆာ့ျခင္းနဲ႔ ဘယ္မိန္းကေလးကမွ အလဲအလွယ္ မလုပ္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ အခ်ိန္မေတာ္ သင့္ခ်စ္သူ ဂိမ္းကစားေနလို႔ သင္စိတ္ညစ္စိတ္ဆိုးေနတာဟာ အျပစ္ရိွရာ မေရာက္ဘူးဆိုတာ စာေရးသူကိုယ္တိုင္ အာမခံေပးႏိုင္ပါတယ္။

ဒါေပမယ့္ သင္တို႔ရဲ႕ ဆက္ဆံေရးကို ျဖတ္ေတာက္ေနမယ့္အစား သင္ကိုယ္တိုင္ၾကိဳးစားလုိ႔ရတဲ့ အခ်က္ေလးေတြကို စမ္းျပီးလုပ္ၾကည့္လိုက္ပါ။

စကားအသုံးအႏႈန္းဆင္ျခင္ပါ : သူနဲ႔စကားမ်ားေနျပီဆိုရင္ “နင္ဂိမ္းစြဲေနျပီ” ဆိုျပီး ေျပာမယ့္အစား “နင္ဂိမ္းေဆာ့တာလြန္ေနျပီ” လို႔ ေျပာလိုက္ရင္ လိုတာထက္ ပိုျပီး ဂိမ္းေဆာ့ေနတာကို ပိုျပီးထင္ဟပ္ေစတဲ့ အသုံးအႏႈန္းျဖစ္တာေၾကာင့္ပါ။

အျပဳအမူနဲ႔ ခ်စ္ေၾကာင္း သက္ေသျပပါ : သင့္ခ်စ္သူကို ဘယ္ေလာက္ခ်စ္ေၾကာင္းနဲ႔ ဘယ္ေလာက္ဂရုစိုက္ေၾကာင္း သက္ေသျပဖို႔ အေကာင္းဆုံးကေတာ့ အျပဳအမူပါပဲ။ သူၾကိဳက္ႏွစ္သက္တဲ့ ဂိမ္းအေၾကာင္းေလးေတြကို စကားစျမည္ထိုင္ေျပာေနတာမ်ဳိး လုပ္ေပးပါ။ ဂိမ္းေဆာ့ေနတာကိုပဲ အျပစ္ပုံခ်ျပီး ေျပာေနမယ့္အစား သူ႔ခႏၶာကိုယ္ ဖန္သားျပင္ေရွ႕ေရာက္မေနေအာင္ စြဲေဆာင္ရတဲ့ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။

ေဆြးေႏြးပါ : သူ႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္းနဲ႔ ဂရုစိုက္ေၾကာင္း ေျပာျပပါ။ ျပီးေတာ့ သင့္ကို ေပးတဲ့အခ်ိန္ေတြ အရင္ကထက္ ပိုျပီးနည္းလာတဲ့အေၾကာင္းနဲ႔ ႏွစ္ဦးၾကားဆက္ဆံေရး ဘယ္လိုျဖစ္လာႏိုင္တယ္ ဆိုတာေတြကို သူနားလည္ႏိုင္ေအာင္ အေျခအေနကို လိမၼာပါးနပ္စြာ ေျပာျပပါ။ သူ စိတ္ေနစိတ္ထားပုံမွန္ ရိွေနေသးရင္ေတာ့ သူလက္ခံလာႏိုင္ေခ် မ်ားပါတယ္။ ျပီးေတာ့ သင္သုံးတဲ့ စကားလုံးေတြအေပၚမွာလည္း အမ်ားၾကီးမူတည္ေၾကာင့္မို႔ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ေစခ်င္ပါတယ္။

ေဆးကုသမႈခံယူပါ : ဒါကေတာ့ ေနာက္ဆုံးအဆင့္ေပါ့။ စိတ္ဆရာဝန္ဆီ သြား၊ စမ္းသပ္မႈေတြ ျပဳလုပ္ျပီး ဘာေတြထူးျခားမႈရိွလဲ ေစာင့္ၾကည့္ပါ။ အသုံးဝင္တယ္ဆိုရင္ ဆက္လုပ္ေပါ့။ အဆင္မေျပရင္လည္း မသြားေတာ့ရုံပါပဲ။

သင့္အေနနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္သင့္ျပီျဖစ္တဲ့ သူ႔အျပဳအမူေတြကေတာ့….

၁။ ဗီဒီယိုဂိမ္းကစားတာဟာ သူ႔ရဲ႕ အေရးၾကီးဆုံး ပထမ ျဖစ္ေနတယ္၊

၂။ ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ သူ အားထုတ္ၾကိဳးစားမႈဘာတစ္မွ မရိွေတာ့ပါ၊

၃။ သူဂိမ္းေဆာ့ခ်င္တဲ့စိတ္ေၾကာင့္ သင့္ကို လ်စ္လ်ဴရႈထားတယ္၊

၄။ ဂိမ္းကစားခ်ိန္ေတြကို ေလ်ာ့ေပးဖို႔ အၾကိမ္ၾကိမ္ေတာင္းဆိုေပမယ့္ မေအာင္ျမင္ခဲ့ဘူး၊

၅။ ဒီျပႆနာကို  ေဆြးေႏြးဖို႔ ွသူ႕မွာဆႏၵမရိွ၊

၆။ သူအကူအညီယူဖို႔ ဆႏၵမရိွ၊

၇။ သူအေျပာင္းအလဲ လုပ္ခ်င္စိတ္မရိွ။

ဒီလို အျပဳအမူေတြ ျဖစ္လာျပီဆိုရင္ သင့္ခ်စ္သူကို ထားခဲ့ဖို႔ အခ်ိန္မဆြဲပါနဲ႔။ ဒီေရအိုင္ထဲက သင္ရုန္းထြက္မွလည္း သင့္ဘဝအတြက္ ေျခလွမ္းသစ္ေတြ စႏိုင္မွာေလ။ အားလုံးေပ်ာ္ရႊင္ႏိုင္ၾကပါေစ။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ခုတလောအရမ်း ယောကျၤားလေးတွေကြား ခေတ်စားနေတာကတော့ ဘာဂိမ်းဆော့တယ်၊ ဘယ်လောက်အဆင့်ရောက်နေပြီလဲ၊ ဘယ်လောက်နိုင်ခဲ့လဲ ဆိုတာတွေပဲ။ ဒါပေမယ့် ကိုယ်နဲ့ပတ်သတ်နေတဲ့ အဖော်တွေ ဘယ်လောက် စိတ်ညစ်နေလဲဆိုတာတော့ မစဉ်းစားနိုင်ကြရှာဘူး။ သူတို့ဂိမ်းဆော့နေရရင် ကျေနပ်နေကြတယ်။ တခါတလေ ငါ့ကိုရွေးမလား၊ ဂိမ်းကိုရွေးမလား ထိတောင်ဖြစ်လာတဲ့ ပြဿနာတွေ မနည်းဘူး… ဟုတ်တယ်မလား။ ဒါဘာဖြစ်လို့လဲဆိုရင်တော့ သင့်အဖော်က သင်ဂိမ်းဆော့နေလို့ လျစ်လျူ ရှုခံနေရတယ်၊ အရင်ကလောက် ဂရုမစိုက်တော့ဘူး၊ ဆိုတဲ့ စိတ်ခံစားမှုတွေရှိလာကြလို့ပါပဲ။ သနားစရာလည်း ကောင်းပါတယ်။

စိတ်ဆိုးစိတ်ညစ်တာကလည်း တန်ပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ ကြည်နူးစရာအကောင်းဆုံး အချိန်တွေဖြစ်တဲ့ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်၊ လက်တွဲပြီး ပန်းခြံထဲ လမ်းလျှောက်... ဘယ်လောက်ပျော်စရာကောင်းလဲ။ ခုတော့ကြည့်ပါအုံး ဒါတွေမရှိတော့ဘူး။ မအားဘူးပဲ ပြောနေတယ်။ တကယ်တမ်းတော့ ဂိမ်းဆိုင်မှာပါ။ အဓိပ္ပာယ်ရှိရှိ ချစ်သူနှစ်ဦး ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ဒီလိုဂိမ်းဆော့ခြင်းနဲ့ ဘယ်မိန်းကလေးကမှ အလဲအလှယ် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် အချိန်မတော် သင့်ချစ်သူ ဂိမ်းကစားနေလို့ သင်စိတ်ညစ်စိတ်ဆိုးနေတာဟာ အပြစ်ရှိရာ မရောက်ဘူးဆိုတာ စာရေးသူကိုယ်တိုင် အာမခံပေးနိုင်ပါတယ်။

ဒါပေမယ့် သင်တို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်နေမယ့်အစား သင်ကိုယ်တိုင်ကြိုးစားလို့ရတဲ့ အချက်လေးတွေကို စမ်းပြီးလုပ်ကြည့်လိုက်ပါ။

စကားအသုံးအနှုန်းဆင်ခြင်ပါ : သူနဲ့စကားများနေပြီဆိုရင် “နင်ဂိမ်းစွဲနေပြီ” ဆိုပြီး ပြောမယ့်အစား “နင်ဂိမ်းဆော့တာလွန်နေပြီ” လို့ ပြောလိုက်ရင် လိုတာထက် ပိုပြီး ဂိမ်းဆော့နေတာကို ပိုပြီးထင်ဟပ်စေတဲ့ အသုံးအနှုန်းဖြစ်တာကြောင့်ပါ။

အပြုအမူနဲ့ ချစ်ကြောင်း သက်သေပြပါ : သင့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်းနဲ့ ဘယ်လောက်ဂရုစိုက်ကြောင်း သက်သေပြဖို့ အကောင်းဆုံးကတော့ အပြုအမူပါပဲ။ သူကြိုက်နှစ်သက်တဲ့ ဂိမ်းအကြောင်းလေးတွေကို စကားစမြည်ထိုင်ပြောနေတာမျိုး လုပ်ပေးပါ။ ဂိမ်းဆော့နေတာကိုပဲ အပြစ်ပုံချပြီး ပြောနေမယ့်အစား သူ့ခန္ဓာကိုယ် ဖန်သားပြင်ရှေ့ရောက်မနေအောင် စွဲဆောင်ရတဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆွေးနွေးပါ : သူ့ကို ဘယ်လောက်ချစ်ကြောင်းနဲ့ ဂရုစိုက်ကြောင်း ပြောပြပါ။ ပြီးတော့ သင့်ကို ပေးတဲ့အချိန်တွေ အရင်ကထက် ပိုပြီးနည်းလာတဲ့အကြောင်းနဲ့ နှစ်ဦးကြားဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာတွေကို သူနားလည်နိုင်အောင် အခြေအနေကို လိမ္မာပါးနပ်စွာ ပြောပြပါ။ သူ စိတ်နေစိတ်ထားပုံမှန် ရှိနေသေးရင်တော့ သူလက်ခံလာနိုင်ချေ များပါတယ်။ ပြီးတော့ သင်သုံးတဲ့ စကားလုံးတွေအပေါ်မှာလည်း အများကြီးမူတည်ကြောင့်မို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်စေချင်ပါတယ်။

ဆေးကုသမှုခံယူပါ : ဒါကတော့ နောက်ဆုံးအဆင့်ပေါ့။ စိတ်ဆရာဝန်ဆီ သွား၊ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ဘာတွေထူးခြားမှုရှိလဲ စောင့်ကြည့်ပါ။ အသုံးဝင်တယ်ဆိုရင် ဆက်လုပ်ပေါ့။ အဆင်မပြေရင်လည်း မသွားတော့ရုံပါပဲ။

သင့်အနေနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်သင့်ပြီဖြစ်တဲ့ သူ့အပြုအမူတွေကတော့….

၁။ ဗီဒီယိုဂိမ်းကစားတာဟာ သူ့ရဲ့ အရေးကြီးဆုံး ပထမ ဖြစ်နေတယ်၊

၂။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ သူ အားထုတ်ကြိုးစားမှုဘာတစ်မှ မရှိတော့ပါ၊

၃။ သူဂိမ်းဆော့ချင်တဲ့စိတ်ကြောင့် သင့်ကို လျစ်လျူရှုထားတယ်၊

၄။ ဂိမ်းကစားချိန်တွေကို လျော့ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပေမယ့် မအောင်မြင်ခဲ့ဘူး၊

၅။ ဒီပြဿနာကို  ဆွေးနွေးဖို့ ှသူ့မှာဆန္ဒမရှိ၊

၆။ သူအကူအညီယူဖို့ ဆန္ဒမရှိ၊

၇။ သူအပြောင်းအလဲ လုပ်ချင်စိတ်မရှိ။

ဒီလို အပြုအမူတွေ ဖြစ်လာပြီဆိုရင် သင့်ချစ်သူကို ထားခဲ့ဖို့ အချိန်မဆွဲပါနဲ့။ ဒီရေအိုင်ထဲက သင်ရုန်းထွက်မှလည်း သင့်ဘဝအတွက် ခြေလှမ်းသစ်တွေ စနိုင်မှာလေ။ အားလုံးပျော်ရွှင်နိုင်ကြပါစေ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top