iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါက မင်္ဂလာဦးနေ့မှာ လင်မယားနှစ်ယောက်ဟာ အိမ်ကိုဘယ်သူလာလာ တံခါးမဖွင့်ပေးကြေးလို့သဘောတူခဲ့ကြတယ်။
ထိုနေ့မှာပဲယောက်ျားဖြစ်သူရဲ့မိဘတွေ သူတို့ကိုကြည့်ဖို့ သူတို့အိမ်ကိုလာကြတယ်။
ယောက်ျားဖြစ်သူက တံခါးဖွင့်ပေးချင်တယ် ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သူတို့ရဲ့ သဘောတူညီချက်အတိုင်း တံခါးဖွင့်မပေးခဲ့ဘူး မိဘတွေလည်း ပြန်သွားကြတယ်။
ခဏအကြာ ထိုနေ့မှာပဲ မိန်းမဖြစ်သူရဲ့ မိဘတွေ သူတို့အိမ်ကိုလာကြပါတယ်
မိန်းမဖြစ်သူက မျက်ရည်စက်လက်နဲ့ ကျမမိဘတွေကို တံခါးမဖွင့်ပေးပဲ ကျမ မနေနိုင်ဘူးလို့ သူ့ယောက်ျားကိုတိုးတိုးလေးပြောလိုက်တယ် သူမကတံခါးဖွင့်ပေးလိုက်ပေမယ့် ယောက်ျားဖြစ်သူကဘာမှမပြောပါဘူး။
ဒီလိုနဲ့ နှစ်တွေကြာလာတော့ သူတို့မှာ သားလေးယောက်မွေးဖွားခဲ့တယ် နောက်ဆုံး၅ယောက်မြောက်ဟာ သမီးမိန်းကလေးမွေးဖွားခဲ့တဲ့အခါ
ယောက်ျားဖြစ်သူက မိတ်ဆွေတွေအားလုံးကို ဖိတ်ပြီး သမီးလေးမွေးတဲ့အတွက် ပါတီကြီး ကျင်းပဖို့ ပြင်ဆင်တယ်။
မိန်းမဖြစ်သူက သားတွေတုန်းက ဒီလိုပါတီမကျင်းပပဲ အခုသမီးကျမှ ဘာကြောင့် ပါတိီကျင်းပတာလည်းလို့ မေးတဲ့အခါ။
ယောက်ျားဖြစ်သူ ပြန်ပြောတာက
(ငါ့သမီးလေးဟာ ငါ့ကိုတံခါးဖွင့်ပေးမဲ့သူပဲ)လို့ ပြောလိုက်ပါတယ်။
သမီးတွေဟာ အမြဲတမ်း မိဘတွေအတွက် ကောင်းတဲ့သူတွေဖြစ်လေ့ရှိတယ်။


Credit:ရဲသူရိန်မင်း

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top