iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳ႕အန္ျခင္းသည္ ကိုယ္ဝန္ရွိေနျပီဟု ေဖာ္ျပသည့္တစ္ခုတည္းေသာ လကၡဏာမဟုတ္ပါ။ ဗိုက္ထြက္လာမွ ကိုယ္ဝန္ရွိမွန္းရိပ္စားမိေသ ာအမ်ိဳးသမီးမ်ားစြာရွိၿပီး ဝေသာ၊ ဗိုက္ေခါက္ထူေသာ အမ်ိဳးသမီးမ်ားတြင္ ကိုယ္ဝန္ရွိစအခ်ိန္ကို ေက်ာ္သြားၿပီးမွ သိရွိေလ့ရွိၾကပါသည္။ ဆီးစစ္ကိရိယာျဖင့္ ကိုယ္၀န္ရွိ မရွိ အလြယ္တကူသိႏိုင္သလို ေအာက္ပါ လကၡဏာမ်ားကလည္း ကုိယ္ဝန္ရွိ၊ မရွိဆန္းစစ္ရာတြင္ အေထာက္အကူျပဳႏုိင္ပါသည္။

၁။ အာရံုခံတံု႔ျပန္မွုလြန္ကဲျခင္း (increased sensitivity)

ယခင္ကအလြန္ႀကိဳက္ခဲ့ေသာအစားအစာမ်ားကို အနံ႔မခံႏုိင္ျဖစ္ျခင္း၊ ယခင္ကႀကိဳက္ခဲ့ေသာ လုပ္ေဖာ္ကိုင္ဖက္၏ ေရေမႊးနံ႔ကိုရုတ္တရက္မုန္းလာျခင္းစသည္တို႔ျဖစ္ေပၚလာလွ်င္ ကိုယ္ဝန္ရွိေနႏုိင္ ပါသည္။ ထိုကဲ့သို့အာရံုခံစားမွဳ တံု႔ျပန္မွဳလြန္ကဲျခင္းကို ရက္အနည္းငယ္အထိ ဆက္လက္ျဖစ္ေပၚ ေနလ်ွင္ ကိုယ္ဝန္ရွိ၊မရွိစမ္းသပ္ရန္ တတ္ကြ်မ္းနားလည္သည့္ဆရာဝန္ထံ ခ်က္ခ်င္းျပသသင့္သည္။

၂။ ရာသီမလာျခင္း၊ ရာသီျပန္လာျခင္း (Getting or missing your period)

ရာသီမေပၚျခင္းသည္ အမ်ိဳးသမီးမ်ားၾကားအျဖစ္မ်ားေသာ လကၡဏာတစ္ရပ္ျဖစ္ၿပီး ကိုယ္ဝန္ရွိျခင္းေၾကာင့္သာမက အျခားအေၾကာင္းရင္းမ်ားေၾကာင့္လည္းျဖစ္ႏုိင္သျဖင့္ သားဖြားမီးယပ္ အထူးကုဆရာဝန္ထံျပသသင့္သည္။ သေႏၶသားေလး သားအိမ္နံရံတြင္ စတင္တြယ္ကပ္ရာမွ လည္း ေသြးဆင္းျခင္း (Implantation Bleeding) ျဖစ္ေပၚတတ္ၿပီး ေသြးဆင္းသည့္အေရာင္မွာ အညိဳေရာင္(သို႔မဟုတ္) ပန္းေရာင္ျဖစ္တတ္ၿပီး မ်ားေသာအားျဖင့္ နာရီအနည္းငယ္သာ ၾကာျမင့္တတ္ရာ သံုးရက္ထက္ပိုၾကာေလ့မရွိေပ။

 ၃။ ဗိုက္အင့္ျခင္း၊ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း

ဗုိက္အင့္ျခင္းသည္ ကိုယ္ဝန္ရွိေနျခင္းအတြက္ တိက်ေသာလကၡဏာတစ္ရပ္ မဟုတ္ေသာ္လည္း အျခားေသာကိုယ္ဝန္ရွိသည့္လကၡဏာမ်ားႏွင့္ တြဲလ်က္ျဖစ္ေပၚလာပါက ဂရုျပဳဖြယ္ျဖစ္သည္။ ကိုယ္ဝန္ေဆာင္စအခ်ိန္တြင္း ခႏၶာကိုယ္တြင္ အေျပာင္းအလဲမ်ားစြာျဖစ္ေပၚတတ္ၿပီး အူလမ္းေၾကာင္း လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားလည္း ေျပာင္းလဲတတ္သည့္အေလ်ာက္ ဗိုက္အင့္ျခင္း၊ ရင္ျပည့္ ရင္ကယ္ျဖစ္ျခင္း၊ ဝမ္းခ်ဳပ္ျခင္းတို႔ျဖစ္ေပၚတတ္ၿပီး ရွားရွားပါးပါး ဝမ္းေလ်ွာျခင္းလည္း ျဖစ္ေပၚႏုိင္သည္။

၄။ ရင္သားတင္းျခင္း

ရင္သားတင္းျခင္း၊ နာက်င္ျခင္းတို႔ကို ရာသီလာကာနီးျဖစ္ေပၚေသာလကၡဏာဟုသာ အမ်ိဳး သမီးအမ်ားစု သိရွိထားၾကသည့္အေလ်ာက္ ကိုယ္ဝန္ေၾကာင့္ရင္သားတင္းျခင္းကို မသိရွိလုိက္ တတ္ၾကေပ။ ရာသီမလာမီရင္သားတင္းျခင္းႏွင့္ ခြဲျခားရန္ခက္ေသာ္လည္း ႏုိ႔သီးကြင္း (Areola) ပိုမိုမည္းလာပါက ကိုယ္ဝန္ရွိျခင္းေၾကာင့္ျဖစ္ႏုိင္ပါသည္။

၅။ စိတ္အေျပာင္းအလဲမ်ားျခင္း

ရာသီလာကာနီးတြင္လည္း စိတ္အတက္အက်အေျပာင္းအလဲမ်ားျဖစ္ေပၚတတ္ေသာ္လည္း ကိုယ္ဝန္ေဆာင္စစိတ္အေျခအေနေျပာင္းလဲျခင္းမွာ ပိုမိုျပင္းထန္ၿပီး မၾကာခဏျဖစ္ေပၚတတ္သည္။ စိတ္ဆိုးစိတ္ေကာက္ျခင္း၊ စိတ္ပူပန္ျခင္း၊ အလြန္အမင္းေၾကာက္လန့္ျခင္း၊စိတ္ဓာတ္က်ျခင္း၊ စိတ္ လွဳပ္ရွားလြယ္ျခင္း၊ စိတ္မထိန္းႏုိင္ျဖစ္ျခင္းတို႔ျဖစ္ေပၚေနပါက ကိုယ္ဝန္ေဆာင္မိခင္ျဖစ္ေတာ့မည့္ အရိပ္အေယာင္မ်ားျဖစ္သည္။

၆။ မူးေဝသတိလစ္ခ်င္ျခင္း

ကိုယ္ခႏၶာအတြင္း ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ပိုမိုလိုအပ္လာေသာ ႏွလံုးေသြးလွည့္ပတ္မွဳ စနစ္အတြက္ ရုတ္တရက္အဆင္သင့္မျဖစ္ေသးေသာေၾကာင့္ မူးေဝျခင္းမ်ား၊ သတိလစ္မလိုျဖစ္ျခင္းမ်ား မၾကာခဏျဖစ္ေပၚ တတ္သည့္အတြက္ စိုးရိမ္ရန္မလိုအပ္ေပ။ သို႔ရာတြင္ အျခားေသာ ကိုယ္ဝန္ရွိသည့္ လကၡဏာမ်ားမရွိဘဲ မူးေဝျခင္းသာျဖစ္ေပၚေနပါက ျပင္းထန္ေသာေရာဂါအေျခအေနမ်ား ျဖစ္ႏုိင္သည့္အတြက္ ဆရာဝန္ႏွင့္ ခ်က္ခ်င္းျပသသင့္သည္။

၇။ မၾကာခဏဆီးသြားျခင္း

ဆီးမၾကာခဏသြားျခင္းသည္ ကိုယ္ဝန္ရွိျခင္း၏ လကၡဏာတစ္ရပ္ျဖစ္သကဲ့သို႔ ဆီးလမ္း ေၾကာင္းပိုးဝင္ျခင္း၊ ဆီးအိမ္ျပႆနာမ်ား၊ ေက်ာက္ကပ္ေရာဂါႏွင့္ ေသြးခ်ိဳဆီးခ်ိဳေရာဂါတို႔ေၾကာင့္ လည္း ျဖစ္ႏုိင္သျဖင့္ အထူးဂရုျပဳရမည့္လကၡဏာတစ္ရပ္ျဖစ္သည္။ ေန႔ေရာညပါ မၾကာခဏ ဆီးသြားေနရၿပီး အျခားေသာ ကိုယ္ဝန္ေဆာင္လကၡဏာမ်ား လည္းရွိေနပါက ကိုယ္ဝန္ရွိေနျပီဟု ယူဆႏုိင္ပါသည္။

၈။ ကိုယ္လက္မအီမသာျဖစ္ျခင္း၊ ႏုန္းျခင္း

၈နာရီ- ၁၀နာရီခန္႔ အိပ္စက္နားေနၿပီးသည့္ေနာက္တြင္ပင္ မလုပ္ခ်င္မကိုင္ခ်င္ျဖစ္ကာ ဆက္တိုက္ႏြမ္းနယ္ျခင္း၊ ႏုန္းျခင္းကို ခံစားေနရလွ်င္ ကိုယ္ဝန္ရွိ၊ မရွိစစ္ေဆးသင့္ပါသည္။

၉။ စားခ်င္ေသာက္ခ်င္စိတ္မ်ားေျပာင္းလဲျခင္း

ကိုယ္ဝန္ရွိလာလွ်င္ ယခင္ကထက္ ပိုမိုဆာေလာင္ျခင္းမ်ားျဖစ္ေပၚႏုိင္သကဲ့သို႔ မည္သည္ကိုမွ် မစားခ်င္မေသာက္ခ်င္ခံတြင္းပ်က္ျခင္းလည္းျဖစ္ႏုိင္သည္။ စားေသာက္ေနစဥ္ ပါးစပ္တြင္း သတၳဳ အရသာရျခင္းအထိပင္ျဖစ္ႏုိင္သည္။ ႀကိဳက္ႏွစ္သက္ေသာအစားအေသာက္မ်ားေျပာင္းလဲႏုိင္ၿပီး ယခင္ လံုးဝမစားခဲ့သည္မ်ားကိုလည္း စားေသာက္လာႏုိင္ပါသည္။

ကိုယ္ဝန္ေဆာင္ျခင္းသည္ အမ်ိဳးသမီးတစ္ဦး၏ ဘဝသို႔ ေပ်ာ္ရႊင္မွဳ၊ ပင္ပန္းနာက်င္မွဳ အေတြ႔အၾကံဳမ်ိဳးစံုယူေဆာင္လာႏုိင္ၿပီး ဘဝ၏အေကာင္းဆံုးအရာမ်ားထဲတြင္ ပါဝင္ပါသည္။ မည္မွ်ပင္ ၾကိဳးစားေသာ္လည္း ကေလးမရႏုိင္သည့္ အမ်ိဳးသမီးမ်ားလည္းရွိေနသည့္အတြက္ ၾကိဳတင္မစီစဥ္၊ မေမွ်ာ္လင့္ဘဲရရွိလာေသာ ကိုယ္ဝန္ျဖစ္ခဲ့လွ်င္လည္း ဝမ္းေျမာက္ ေက်းဇူးတင္ဖြယ္ လက္ေဆာင္ တစ္ခုျဖစ္ပါသည္။

Credit: drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပျို့အန်ခြင်းသည် ကိုယ်ဝန်ရှိနေပြီဟု ဖော်ပြသည့်တစ်ခုတည်းသော လက္ခဏာမဟုတ်ပါ။ ဗိုက်ထွက်လာမှ ကိုယ်ဝန်ရှိမှန်းရိပ်စားမိသေ ာအမျိုးသမီးများစွာရှိပြီး ဝသော၊ ဗိုက်ခေါက်ထူသော အမျိုးသမီးများတွင် ကိုယ်ဝန်ရှိစအချိန်ကို ကျော်သွားပြီးမှ သိရှိလေ့ရှိကြပါသည်။ ဆီးစစ်ကိရိယာဖြင့် ကိုယ်ဝန်ရှိ မရှိ အလွယ်တကူသိနိုင်သလို အောက်ပါ လက္ခဏာများကလည်း ကိုယ်ဝန်ရှိ၊ မရှိဆန်းစစ်ရာတွင် အထောက်အကူပြုနိုင်ပါသည်။

၁။ အာရုံခံတုံ့ပြန်မှုလွန်ကဲခြင်း (increased sensitivity)

ယခင်ကအလွန်ကြိုက်ခဲ့သောအစားအစာများကို အနံ့မခံနိုင်ဖြစ်ခြင်း၊ ယခင်ကကြိုက်ခဲ့သော လုပ်ဖော်ကိုင်ဖက်၏ ရေမွှေးနံ့ကိုရုတ်တရက်မုန်းလာခြင်းစသည်တို့ဖြစ်ပေါ်လာလျှင် ကိုယ်ဝန်ရှိနေနိုင် ပါသည်။ ထိုကဲ့သို့အာရုံခံစားမှု တုံ့ပြန်မှုလွန်ကဲခြင်းကို ရက်အနည်းငယ်အထိ ဆက်လက်ဖြစ်ပေါ် နေလျှင် ကိုယ်ဝန်ရှိ၊မရှိစမ်းသပ်ရန် တတ်ကျွမ်းနားလည်သည့်ဆရာဝန်ထံ ချက်ချင်းပြသသင့်သည်။

၂။ ရာသီမလာခြင်း၊ ရာသီပြန်လာခြင်း (Getting or missing your period)

ရာသီမပေါ်ခြင်းသည် အမျိုးသမီးများကြားအဖြစ်များသော လက္ခဏာတစ်ရပ်ဖြစ်ပြီး ကိုယ်ဝန်ရှိခြင်းကြောင့်သာမက အခြားအကြောင်းရင်းများကြောင့်လည်းဖြစ်နိုင်သဖြင့် သားဖွားမီးယပ် အထူးကုဆရာဝန်ထံပြသသင့်သည်။ သန္ဓေသားလေး သားအိမ်နံရံတွင် စတင်တွယ်ကပ်ရာမှ လည်း သွေးဆင်းခြင်း (Implantation Bleeding) ဖြစ်ပေါ်တတ်ပြီး သွေးဆင်းသည့်အရောင်မှာ အညိုရောင်(သို့မဟုတ်) ပန်းရောင်ဖြစ်တတ်ပြီး များသောအားဖြင့် နာရီအနည်းငယ်သာ ကြာမြင့်တတ်ရာ သုံးရက်ထက်ပိုကြာလေ့မရှိပေ။

 ၃။ ဗိုက်အင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

ဗိုက်အင့်ခြင်းသည် ကိုယ်ဝန်ရှိနေခြင်းအတွက် တိကျသောလက္ခဏာတစ်ရပ် မဟုတ်သော်လည်း အခြားသောကိုယ်ဝန်ရှိသည့်လက္ခဏာများနှင့် တွဲလျက်ဖြစ်ပေါ်လာပါက ဂရုပြုဖွယ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စအချိန်တွင်း ခန္ဓာကိုယ်တွင် အပြောင်းအလဲများစွာဖြစ်ပေါ်တတ်ပြီး အူလမ်းကြောင်း လုပ်ငန်းဆောင်ရွက်ချက်များလည်း ပြောင်းလဲတတ်သည့်အလျောက် ဗိုက်အင့်ခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်ပေါ်တတ်ပြီး ရှားရှားပါးပါး ဝမ်းလျှောခြင်းလည်း ဖြစ်ပေါ်နိုင်သည်။

၄။ ရင်သားတင်းခြင်း

ရင်သားတင်းခြင်း၊ နာကျင်ခြင်းတို့ကို ရာသီလာကာနီးဖြစ်ပေါ်သောလက္ခဏာဟုသာ အမျိုး သမီးအများစု သိရှိထားကြသည့်အလျောက် ကိုယ်ဝန်ကြောင့်ရင်သားတင်းခြင်းကို မသိရှိလိုက် တတ်ကြပေ။ ရာသီမလာမီရင်သားတင်းခြင်းနှင့် ခွဲခြားရန်ခက်သော်လည်း နို့သီးကွင်း (Areola) ပိုမိုမည်းလာပါက ကိုယ်ဝန်ရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။

၅။ စိတ်အပြောင်းအလဲများခြင်း

ရာသီလာကာနီးတွင်လည်း စိတ်အတက်အကျအပြောင်းအလဲများဖြစ်ပေါ်တတ်သော်လည်း ကိုယ်ဝန်ဆောင်စစိတ်အခြေအနေပြောင်းလဲခြင်းမှာ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပေါ်တတ်သည်။ စိတ်ဆိုးစိတ်ကောက်ခြင်း၊ စိတ်ပူပန်ခြင်း၊ အလွန်အမင်းကြောက်လန့်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ် လှုပ်ရှားလွယ်ခြင်း၊ စိတ်မထိန်းနိုင်ဖြစ်ခြင်းတို့ဖြစ်ပေါ်နေပါက ကိုယ်ဝန်ဆောင်မိခင်ဖြစ်တော့မည့် အရိပ်အယောင်များဖြစ်သည်။

၆။ မူးဝေသတိလစ်ချင်ခြင်း

ကိုယ်ခန္ဓာအတွင်း ကိုယ်ဝန်ဆောင်ချိန်တွင် ပိုမိုလိုအပ်လာသော နှလုံးသွေးလှည့်ပတ်မှု စနစ်အတွက် ရုတ်တရက်အဆင်သင့်မဖြစ်သေးသောကြောင့် မူးဝေခြင်းများ၊ သတိလစ်မလိုဖြစ်ခြင်းများ မကြာခဏဖြစ်ပေါ် တတ်သည့်အတွက် စိုးရိမ်ရန်မလိုအပ်ပေ။ သို့ရာတွင် အခြားသော ကိုယ်ဝန်ရှိသည့် လက္ခဏာများမရှိဘဲ မူးဝေခြင်းသာဖြစ်ပေါ်နေပါက ပြင်းထန်သောရောဂါအခြေအနေများ ဖြစ်နိုင်သည့်အတွက် ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။

၇။ မကြာခဏဆီးသွားခြင်း

ဆီးမကြာခဏသွားခြင်းသည် ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သကဲ့သို့ ဆီးလမ်း ကြောင်းပိုးဝင်ခြင်း၊ ဆီးအိမ်ပြဿနာများ၊ ကျောက်ကပ်ရောဂါနှင့် သွေးချိုဆီးချိုရောဂါတို့ကြောင့် လည်း ဖြစ်နိုင်သဖြင့် အထူးဂရုပြုရမည့်လက္ခဏာတစ်ရပ်ဖြစ်သည်။ နေ့ရောညပါ မကြာခဏ ဆီးသွားနေရပြီး အခြားသော ကိုယ်ဝန်ဆောင်လက္ခဏာများ လည်းရှိနေပါက ကိုယ်ဝန်ရှိနေပြီဟု ယူဆနိုင်ပါသည်။

၈။ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုန်းခြင်း

၈နာရီ- ၁၀နာရီခန့် အိပ်စက်နားနေပြီးသည့်နောက်တွင်ပင် မလုပ်ချင်မကိုင်ချင်ဖြစ်ကာ ဆက်တိုက်နွမ်းနယ်ခြင်း၊ နုန်းခြင်းကို ခံစားနေရလျှင် ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးသင့်ပါသည်။

၉။ စားချင်သောက်ချင်စိတ်များပြောင်းလဲခြင်း

ကိုယ်ဝန်ရှိလာလျှင် ယခင်ကထက် ပိုမိုဆာလောင်ခြင်းများဖြစ်ပေါ်နိုင်သကဲ့သို့ မည်သည်ကိုမျှ မစားချင်မသောက်ချင်ခံတွင်းပျက်ခြင်းလည်းဖြစ်နိုင်သည်။ စားသောက်နေစဉ် ပါးစပ်တွင်း သတ္ထု အရသာရခြင်းအထိပင်ဖြစ်နိုင်သည်။ ကြိုက်နှစ်သက်သောအစားအသောက်များပြောင်းလဲနိုင်ပြီး ယခင် လုံးဝမစားခဲ့သည်များကိုလည်း စားသောက်လာနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ဦး၏ ဘဝသို့ ပျော်ရွှင်မှု၊ ပင်ပန်းနာကျင်မှု အတွေ့အကြုံမျိုးစုံယူဆောင်လာနိုင်ပြီး ဘဝ၏အကောင်းဆုံးအရာများထဲတွင် ပါဝင်ပါသည်။ မည်မျှပင် ကြိုးစားသော်လည်း ကလေးမရနိုင်သည့် အမျိုးသမီးများလည်းရှိနေသည့်အတွက် ကြိုတင်မစီစဉ်၊ မမျှော်လင့်ဘဲရရှိလာသော ကိုယ်ဝန်ဖြစ်ခဲ့လျှင်လည်း ဝမ်းမြောက် ကျေးဇူးတင်ဖွယ် လက်ဆောင် တစ်ခုဖြစ်ပါသည်။

Credit: drmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top