iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ စစ်မှန်တဲ့ ဖူးစာဖက်နဲ့ တွေ့ခဲ့မယ်ဆိုရင်တော့ သင်တို့ရဲ့ ချစ်သူဘ၀ဟာ ပျော်ရွှင်စရာ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီထက်ပိုတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။ ပျော်ရွှင်နေကြတဲ့ စုံတွဲလေးတွေ အများစုဟာ အောက်ပါအချက်တွေနဲ့ ကိုက်ညီအောင်လည်း နေကြပါသတဲ့။ အဲ့ဒါဟာ ဘာတွေများ ဖြစ်မလဲ??

၁ - အိပ်ယာတူတူဝင်မယ်။

အိပ်ယာဝင်ချိန် တူညီကြခြင်းက အတွဲလေးတွေကို ပိုမိုစိတ်ချင်းဆက်နေနိုင်ပါသတဲ့။ ဒါ့အပြင် ညဘက်မှာ ဂွတ်နိုက်စာတိုလေးတွေကို အပြန်အလှန်ပေးပို့နိုင်ပြီး၊ အိပ်ချိန်မှန်တဲ့အခါ နိုးချိန်လည်းတူညီလို့ မနက်ခင်းမှာလည်း လန်းလန်းဆန်းဆန်းနဲ့ ချစ်သူအကြောင်းကို ဦးစွာတွေးမိစေနိုင်ပါတယ်။

၂ - တစ်ယောက်ရဲ့ ၀ါသနာကို တစ်ယောက်က အထောက်အကူပေးမယ်။

ချစ်သူနှစ်ဦးလို့ ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ဟာ ၀ါသနာမတူညီနေနိုင်ပါဘူး။ ဒီတော့ တစ်ယောက်စီက ၀ါသနာက တစ်ယောက်က နားလည်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ ဖက်ရှင်တွေဖန်တီးရတာ ၀ါသနာပါတဲ့ ချစ်သူကောင်မလေးအတွက် အင်တာနက်မှာ ဒီဇိုင်းအသစ်လေးတွေ တွေ့တဲ့အခါ ပြောပြပေးတာမျိုး၊ စာဖတ်ဝါသနာပါတဲ့ ကောင်လေးအတွက် သူကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်အသစ်တွေထွက်ရှိတဲ့အခါ ၀ယ်ပြီးလက်ဆောင်ပေးတာမျိုးပေါ့။


၃ - လက်တွဲပြီးလမ်းလျှောက်မယ်။

အပြင်တွေသွား၊ မုန့်တွေစားတဲ့အခါ အမြဲဆိုသလို လက်ချင်းတွဲပြီး သွားကြရတာကလည်း ကြည်နူးစရာပါ။ ဒါဟာ ငါ့ရဲ့ကောင်လေးပေါ့၊ ဒါဟာ ငါ့ရဲ့ ကောင်မလေးပေါ့ လောကကြီးကို ကြေငြာနေသလိုပါပဲ။ ဒါ့အပြင်ဒါဟာ နှစ်ဦးကြားက ဆက်သွယ်မှုတွေကို ပိုမိုလေးနက်စေပြီး၊ တစ်ဦးအပေါ်တစ်ဦး အားကိုးလိုစိတ်တွေလည်း ဖြစ်ပေါ်စေပါတယ်။

၎ - ယုံကြည်ပေးပါ၊ ခွင့်လွှတ်ပေးပါ။

ယုံကြည်မှုဆိုတာ အင်မတန်မှ တန်ဖိုးကြီးတဲ့အရာပါ။ ယုံကြည်မှုကို အလွဲသုံးစားမလုပ်သင့်သလို၊ ချစ်သူအပေါ်လည်း ယုံကြည်ပေးသင့်ပါတယ်။ တစ်စုံတစ်ဦးအပေါ် နှစ်နှစ်ကာကာ ယုံကြည်ပေးခြင်းက စိတ်ကိုအေးချမ်းရာ ရစေသလို၊ တစ်ဖက်လူမှာလည်း အားရှိစေပါတယ်။ ထို့အတူ သင်နဲ့ အမြင်မတူတဲ့ တစ်ချို့သောကိစ္စရပ်တွေအပေါ်လည်း နားလည်ခွင့်လွှတ်ပေးသင့်ပါတယ်။ ကောင်လေးက တစ်ခါတစ်လေ ယမကာလေး မှီဝဲတာကို နားလည်ပေးတာမျိုး၊ အလှအပကြိုက်တဲ့ မိန်းကလေး သဘာဝကို နားလည်ပေးတာမျိုးပေါ့


၅ - ချစ်တယ်လို့အမြဲပြောပါ။

ဒါဟာဘယ်တော့မှ ရိုးမသွားနိုင်မယ့် စကားလေးတစ်ခွန်းဖြစ်သလို၊ ချစ်သူနှစ်ဦးကြားမှာ အမြဲပဲကြားလိုတဲ့ စကားလုံးလေးလည်း ဖြစ်ပါတယ်။ သင့်ချစ်သူကို နေ့စဉ်တိုင်း အရမ်းချစ်တာပဲလို့ ပြောဖို့မမေ့ပါနဲ့။ ထို့အတူ အခြားသောကြည်နူးစရာ စကားလုံးလေးများကိုလည်း အင်တာနက်မှာဖြစ်စေ၊ လူချင်းတွေ့လျှင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မကြာခဏ ပြောပေးသင့်ပါတယ်။

မိုမိုလေးပရိတ်သတ်များ ချစ်စရာကောင်းသော ချစ်သူလေးများကို ပိုင်ဆိုင်ပြီး ပျော်ရွှင်စရာ ချစ်သူဘ၀လေးများကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ။

Credit: Momolay

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top