iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀မွာ ရည္းစား တစ္ေယာက္တည္းကိုသာ စြဲစြဲၿမဲၿမဲ တြဲလာခဲ့ရသူေတြဟာ တစ္ခါတစ္ေလမွာ အျခား လူငယ္ စံုတြဲေတြလိုပဲ ရည္းစား ႏွစ္ ေယာက္ ၊ သံုးေယာက္ တြဲၿပီးမွ အတည္တြဲလိုက္ခ်င္မိတဲ့ စိတ္ကေလးေတြ ျဖစ္တတ္ၾကပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာတဲ့အခါမွာ အတင္းေျပာစရာ ရည္းစားေဟာင္း မရွိတာကို အားငယ္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ အေကာင္းနဲ႔အဆိုး ဆိုတာ ဒြန္တြဲေနတာေၾကာင့္ ရည္းစားေဟာင္း မရွိခဲ့ျခင္းက ရတဲ့ ကံေကာင္းျခင္း တစ္ခ်ိဳ႕လည္း ရွိေနပါတယ္။ အဲဒါေတြကေတာ့

၁။ လူမႈမီဒီယာ ေပၚမွာ အာရံုေနာက္စရာမလိုျခင္း
Facebook ရဲ ႔ သတိျပန္ေပးတဲ့ Reminders လုပ္ေဆာင္ခ်က္ေတြဟာ ေတာ္ေတာ္ ဆိုးပါတယ္။ လက္ရွိအခ်ိန္မွာ အသားက်ေနကာမွ အတိတ္က ေပ်ာ္စရာေတြကို ျပန္ျမင္ရတာ စိတ္ပ်က္စရာပါ။ ဒါတင္မကပဲ ကိုယ့္ရည္းစားေဟာင္းရဲ ႔ ေနာက္တစ္ေယာက္နဲ႔ ေပ်ာ္ပါးေနတာကိုလည္း အခန္႔မသင့္ရင္ Facebook ေပၚမွာ ျမင္ေနရဦးမွာပါ။ ရည္းစားေဟာင္း ရွိခဲ့ဖူးသူေတြရဲ႕ လူမႈ မီဒီယာ သံုးတဲ့အခါ အာရံုေနာက္စရာ ေတြပဲ ျဖစ္ပါတယ္။

၂။ ဘယ္သူ႔ကိုမွ ေရွာင္ဖယ္ေနစရာ မလိုျခင္း
ရည္းစားေဟာင္းနဲ႔ လမ္းခြဲလိုက္တဲ့ေနာက္မွာ ရည္းစားေဟာင္းရဲ ႔ မိတ္ေဆြေတြကိုပါ လမ္းခြဲရပါတယ္။ မဟုတ္ရင္ ရည္းစားေဟာင္းကို ေမ့ပစ္ဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေပမယ့္ ရည္းစားေဟာင္းကို လမ္းမွာ ေတြ႔လို႔ မျမင္ခ်င္ေယာင္ေဆာင္သြားႏိုင္ေပမယ့္ ရည္းစားေဟာင္းရဲ ႔ မိတ္ေဆြေတြကိုေတာ့ လူမႈေရး အရ ႏႈတ္ဆက္ေနရ ဦးမွာပါပဲ။ မဟုတ္ရင္ေတာ့ မျမင္ခင္ကတည္းက ေရွာင္သြားရမွာပါ။ ဒီျပႆနာမ်ိဳးေတြဟာ ရည္းစားေဟာင္း မရွိခဲ့ဖူးသူေတြမွာ လံုး၀ မရွိပါဘူး။

၃။ အက်င့္ဆိုးမ်ား ကူးစက္ခံရမႈ မရွိျခင္း
အက်င့္ဆိုးေတြဆိုတာ ခ်ိဳးဖ်က္ဖို႔ ခက္ခဲ့ပါတယ္။ သင္ဟာ ရည္းစားေဟာင္းတစ္ေယာက္ရွိခဲ့ဖူးတယ္ဆိုရင္ သူ႔ဆီက အက်င့္ဆိုး တစ္ခုခုဟာ သင့္ဆီမွာ ကပ္တြယ္ က်န္ေနခဲ့ႏိုင္ပါတယ္။ ေဆးလိပ္ေသာက္ျခင္း ၊ အရက္ေသာက္ျခင္း အစရွိတဲ့ အက်င့္ဆိုးမ်ိဳးေတြဟာ သင့္ရည္းစားေဟာင္း ဆီက တဆင့္ သင့္ ဆီမွာ က်န္ေနခဲ့တဲ့အခါမွာ သင့္အေနနဲ႔ အဲဒီ အက်င့္ဆိုးေတြကို ခ်ိဳးဖ်က္ဖို႔ ႀကိဳးစားရျပန္ပါတယ္။ ရည္းစား ေဟာင္းမရွိခဲ့ဖူးသူေတြအတြက္ကေတာ့ ကံေကာင္းျခင္း တစ္ခုပဲ ျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ဘဝမှာ ရည်းစား တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲ တွဲလာခဲ့ရသူတွေဟာ တစ်ခါတစ်လေမှာ အခြား လူငယ် စုံတွဲတွေလိုပဲ ရည်းစား နှစ် ယောက် ၊ သုံးယောက် တွဲပြီးမှ အတည်တွဲလိုက်ချင်မိတဲ့ စိတ်ကလေးတွေ ဖြစ်တတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါမှာ အတင်းပြောစရာ ရည်းစားဟောင်း မရှိတာကို အားငယ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတာကြောင့် ရည်းစားဟောင်း မရှိခဲ့ခြင်းက ရတဲ့ ကံကောင်းခြင်း တစ်ချို့လည်း ရှိနေပါတယ်။ အဲဒါတွေကတော့

၁။ လူမှုမီဒီယာ ပေါ်မှာ အာရုံနောက်စရာမလိုခြင်း
Facebook ရဲ့ သတိပြန်ပေးတဲ့ Reminders လုပ်ဆောင်ချက်တွေဟာ တော်တော် ဆိုးပါတယ်။ လက်ရှိအချိန်မှာ အသားကျနေကာမှ အတိတ်က ပျော်စရာတွေကို ပြန်မြင်ရတာ စိတ်ပျက်စရာပါ။ ဒါတင်မကပဲ ကိုယ့်ရည်းစားဟောင်းရဲ့ နောက်တစ်ယောက်နဲ့ ပျော်ပါးနေတာကိုလည်း အခန့်မသင့်ရင် Facebook ပေါ်မှာ မြင်နေရဦးမှာပါ။ ရည်းစားဟောင်း ရှိခဲ့ဖူးသူတွေရဲ့ လူမှု မီဒီယာ သုံးတဲ့အခါ အာရုံနောက်စရာ တွေပဲ ဖြစ်ပါတယ်။

၂။ ဘယ်သူ့ကိုမှ ရှောင်ဖယ်နေစရာ မလိုခြင်း
ရည်းစားဟောင်းနဲ့ လမ်းခွဲလိုက်တဲ့နောက်မှာ ရည်းစားဟောင်းရဲ့ မိတ်ဆွေတွေကိုပါ လမ်းခွဲရပါတယ်။ မဟုတ်ရင် ရည်းစားဟောင်းကို မေ့ပစ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ရည်းစားဟောင်းကို လမ်းမှာ တွေ့လို့ မမြင်ချင်ယောင်ဆောင်သွားနိုင်ပေမယ့် ရည်းစားဟောင်းရဲ့ မိတ်ဆွေတွေကိုတော့ လူမှုရေး အရ နှုတ်ဆက်နေရ ဦးမှာပါပဲ။ မဟုတ်ရင်တော့ မမြင်ခင်ကတည်းက ရှောင်သွားရမှာပါ။ ဒီပြဿနာမျိုးတွေဟာ ရည်းစားဟောင်း မရှိခဲ့ဖူးသူတွေမှာ လုံး၀ မရှိပါဘူး။

၃။ အကျင့်ဆိုးများ ကူးစက်ခံရမှု မရှိခြင်း
အကျင့်ဆိုးတွေဆိုတာ ချိုးဖျက်ဖို့ ခက်ခဲ့ပါတယ်။ သင်ဟာ ရည်းစားဟောင်းတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုရင် သူ့ဆီက အကျင့်ဆိုး တစ်ခုခုဟာ သင့်ဆီမှာ ကပ်တွယ် ကျန်နေခဲ့နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း အစရှိတဲ့ အကျင့်ဆိုးမျိုးတွေဟာ သင့်ရည်းစားဟောင်း ဆီက တဆင့် သင့် ဆီမှာ ကျန်နေခဲ့တဲ့အခါမှာ သင့်အနေနဲ့ အဲဒီ အကျင့်ဆိုးတွေကို ချိုးဖျက်ဖို့ ကြိုးစားရပြန်ပါတယ်။ ရည်းစား ဟောင်းမရှိခဲ့ဖူးသူတွေအတွက်ကတော့ ကံကောင်းခြင်း တစ်ခုပဲ ဖြစ်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top