iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီး တစ်ယောက်အနေနဲ့ ဆံကေသာ ပျက်စီးမှု၊ အပူစာတွေကြောင့် ဆံပင် ကျွတ်မှု လျော့နည်းစေဖို့အတွက် သင့်တော်ကောင်းမွန် တဲ့ ခေါင်းလျှော်နည်းက အရေးကြီးတယ်ဆိုတာ သိကြပါတယ်။ အဲဒီအတွက် ဆံပင်နဲ့ ဦးရေ ကျန်းမာစေဖို့အတွက်အရေးကြီးတဲ့ ခေါင်းလျှော်နည်း အဆင့်ဆင့်ကတော့

၁။ ခေါင်းဖြီးပါ။
ရေပန်းအောက် မဝင်ခင် ခေါင်းကို အရင်ဆုံး ဖြီးပါ။ သို့ဖြစ်ပါက ရေချိုးနေစဉ် ဆံပင်ကျိုးပဲ့မှု နည်းစေပြီး ဦးရေအတွင်း သွေးလည်ပတ်မှု ကောင်းမှုစေ မှာဖြစ်ပါတယ်။

၂။ ရေနဲ့ ဆေးချပါ ။
မိမိဆံပင် လုံးလုံးလျားလျား ရေစိုနေပါစေ။ အရင်းကနေစပြီး အဖျားအထိ လောင်းပေးပါ။ ရေနွေး အသုံးပြုခြင်းဖြင့် လစ်ဟာမှု မရှိစေဘဲ အကတ်အသပ်တစ်ခု မကျန်အောင် အကူအညီ ဖြစ်စေပါလိမ့်မယ်။

၃။ ပုံသွင်းပေးပါ ။
ဆံပင်နှစ်ခွကွဲခြင်း ကင်းဝေးစေဖို့ ဆံပင်ပျော့ဆေးကို ဖြစ်နိုင်သလောက်များများ သုံးပါ။ ခေါင်းလျှော်ရည် မသုံးခင် ဆံပင်ပုံသွင်းဆေးရည်တစ်ခုခု အသုံးပြုပေးရပါမယ်။

၎။ ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ကောင်းမွန်စွာ ဆေးကြောသန့်စင်ပြီး
ဦးရေဖျားကို ဆပ်ပြာမြုပ်လောက်သာ ထိပါစေ။ အဆီအပေကျံဆုံးနေရာဖြစ်တဲ့ ဦးရေဖျားအနီးကိုသာ ခေါင်းလျှော်ရည် များများသုံးပြီး ဆံပင်ကို လျှော်ပါ။ ဆံပင်အဖျားဘက်က များစွာ ပိုခြောက်သွေ့ပါတယ်။ ခေါင်းလျှော်ရည်ကို အလွန်အကျွံ မသုံးမိပါစေနဲ့။ ဆံကေသာ ပျက်စီးတတ်ပါတယ်။

၅။ နှိပ်နယ်ပေးပါ ။
ဦးရေဖျားက အရေးပါဆုံးနေရာဖြစ်တာကြောင့် နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ ဦးရေဖျားနှိပ်နယ်ပေးခြင်းဖြင့် ဦးခေါင်းတွင် သွေးစီးဆင်းမှု ကောင်းမွန်စေ ကာ ဆံပင်ကို ဖွံ့ဖြိုးစေပါတယ်။

၆။ ရေဖြင့်ဆေးချပါ ။
ဆံပင်ကို ရေနဲ့ ဆေးချတဲ့အခါ ရေအေး အသုံးပြုပါ။ ဆံပင်ကို တောက်ပစေပါလိမ့်မယ်။ ဆံပင်ခြောက်သွေ့ခြင်း ကင်းစေဖို့ တစ်ပတ် သုံးကြိမ် ခေါင်းလျော်ပေးပါ။

Credit: yangonlife


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top