iMyanmarHouse.com - Best Property Website for Myanmar
×

ဝုန်း’ကနဲ အသံကြောင့် အခန်း တွင်းရှိ မိန်းကလေး များအားလုံး လုပ်လက်စ အလုပ်အားလုံးကို ရပ် ကာ အသံ ထွက်လာရာဆီ သို့ ပြိုင်တူ လှည့်ကြည့် လိုက်ကြသည်။

အပြေးလေ့ကျင့်စက်ပေါ်တွင် ပုံလျက်သား လဲကျသွားသူ သူမ၏ အသံနှင့် မြင်ကွင်းကြောင့် အားလုံး က လှည့်ကြည့် လိုက်သော်လည်း အ ချိန်က ခဏသာ ဖြစ်သည်။

ပြီးနောက် စက္ကန့်ပိုင်းအတွင်း အားလုံး ကိုယ့်အလုပ်ကိုယ် ဆက် လုပ်သွားကြသည်။

သူမ ကတော့ လဲကျ သွားစဉ် အဖော် ပါလာသည့် အိမ်အကူ ဖြင့် ပြန်လည် ထနိုင်ခဲ့သော်လည်း ခြေ ထောက် ကတော့ ထော့ နဲ့ထော့နဲ့ ဖြစ်သွားသည်။ ”သတ်မှတ်ချိန် ပြည့်သွားလို့ စိတ်လျှော့ချ လိုက်လို့ လဲသွားတာပါ။ အစ်မက အမော မခံနိုင်ဘူး”ဟု ဒေါ်ဝါဝါ (အမည်လွှဲ) ကပြောသည်။
သူမ ဆိုသည်က ရန်ကုန်မြို့ လယ်တွင်နေထိုင်ပြီး ကိုယ်အလေး ချိန် ပေါင် ၁၆ဝ ကျော် ရှိသည့် အ သက် ၄ဝ အရွယ် အမျိုးသမီးတစ် ဦး ဖြစ်သည်။
ယခင်ကာလ များက တစ်နေ ကုန် ဈေးရောင်းနေ ရသော်လည်း ယခုဆိုလျှင် ဈေး တစ်ဖက်နှင့် သင် တန်း တစ်ခုတက်နေရသည်ဟု ၄င်း ကဆက်ပြောသည်။

ယင်းသင်တန်းက ကိုယ် ကာယ လေ့ကျင့်သည်ထက် ရှင်းရှင်း ပြောရလျှင် လင်ယောက်ျားများ ပစ်မသွားရန် ခန္ဓာကိုယ် ပြုပြင်ခြင်းများနှင့် ဆွဲ ဆောင်နည်း သင်တန်း ပင်ဖြစ်ကြောင်း သူမ က ရှင်းပြသည်။

”ဒီလိုမှ မလုပ်ရင် အိမ်ကဟာ ကို ထိန်းဖို့ မလွယ်ဘူး။သိတယ်မ ဟုတ်လား။ ခုခေတ်က အချောအလှ တွေက တစ်ပုံကြီးလေ”ဟုသူမက ဆိုသည်။

ရန်ကုန် မြို့လယ်ကောင် တစ် ဝိုက်လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်က တည်းက ထိုသင်တန်းမျိုး တို့ရှိကြပြီး ယင်းတို့က ကိုယ်ကာယ လေ့ကျင့်ခန်း ပုံစံတစ်ခု ဖန်တီး ထားသော် လည်း အမှန်တွင် လင်ယောက်ျားများ ကို မိမိနားမှ ခွာမသွားရန် ဆွဲဆောင် နည်းတို့ကို သင်ပေးသော သင်တန်း တို့ပင်ဖြစ်သည်။

”ဒီအရွယ်ကြီးကျမှ ဒီအလုပ် တွေလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ခုခေတ်ယောက်ျားတွေ က ကိုယ့်အိမ် ကမိန်းမက လွဲရင် ကျန်တာ အကုန် လုံး အချော ဆိုတော့ မလုပ်လို့ လည်း မရဘူးလေ”ဟု သူမက ထပ်ပြောပြန် သည်။

ထိုသင်တန်းက သူမတစ်ဦး တည်းမဟုတ်။ တက်ရောက်ကြသူတို့ အများကြီး ရှိနေကြသည်။

အိမ်ထောင်တွေက ကွဲနေကြလို့လား

ရန်ကုန် မြို့နေ အသက် ၄ဝ ကျော် အရွယ်ရှိ ဒေါ်မေရီဝင်း တစ် ယောက် ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် ဇူလိုင်လ၏ မနက်ခင်း တစ်ခု ကို ယ နေ့အချိန် အထိ မေ့မ ရသေးကြောင်း ပြောသည်။

ငယ်ရည်းစား ချစ်ဦးသူလည်း ဖြစ်၊ နှစ်ဖက်မိဘ ကလည်း သဘော တူ၊ ဆယ်စုနှစ် တစ်ခုကျော်လည်း တူတူပေါင်းသင်း လာခဲ့သည့် သူမတို့ ဇနီးမောင်နှံမှာ သူမထက် ငယ်ရွယ် သည့် မိန်းကလေး တစ်ဦးကြောင့် ထို နေ့တွင် အိမ်ထောင် ပြိုကွဲခဲ့ရသည့် အတွက်ဟု ပြောသည်။

”အစ်မ အမျိုးသားနဲ့ အစ်မက အသက် ခုနစ်နှစ်ကွာတယ်။ မနဲ့မောင် ပေါ့။ သူက သင်္ဘောသား။ ပိုက်ဆံ လည်း ရှာနိုင်တယ်။ အိမ်ထောင်ကို လည်း သိပ်ဂရုစိုက်တယ်။ သူ့သားနဲ့ သမီးတွေ ဆိုလည်း သူသိပ်ချစ်တယ်။ ဘာဖြစ်လို့ ဒီအိမ်ထောင်ကို သူ ဖောက်ပြန်သွားတာလဲ ဆိုတာ ခုချိန် ထိ စဉ်းစားမရဘူး”ဟု သူမက ဆက် ပြောပြသည်။ ယခု ဆိုလျှင် သားသ မီးနှစ်ယောက်ကို ထိန်းသိမ်းစောင့် ရှောက်ရင်းဖြင့် သူမ၏ ဘဝကို ဖြတ် သန်းနေသည်မှာ ၆ နှစ်ကျော်ပြီ ဟု သူက ဆိုသည်။

အိမ်ထောင် ဘာလို့ ကွဲတာလဲ

ဖောက်ပြန်ကြခြင်းကြောင့် အိမ် ထောင်ကွဲမှု အများဆုံး ဖြစ်ပွားသည် ဟု ယင်းဖြစ်ရပ်ကို ကြုံတွေ့ခဲ့ကြ သော အမျိုးသမီး အများစု၏ ပြော ကြားချက် အရသိရသည်။ ယင်းကဲ့ သို့ လင်ယောက်ျား ဖြစ်သူ ၏ ဖောက် ပြန်မှုသည် အိမ်ထောင်ကွဲမှု ၏ မြစ်ဖျား ခံရာ တစ်ချက်ဖြစ်သည် ဟု ကချင် ပြည်နယ်နေ အသက် ၄၉ နှစ် အရွယ် ရှိ ဒေါ်အေးအေး ကပြောသည်။

”ဘာလို့လဲ ဆိုတော့ သူတို့ဘက် က ဒီလို ဖောက်ပြန်နေပြီ ဆိုရင် ဘာ ပဲပြောပြော တစ်ချိန်တော့ အိမ်က မိန်းမက သိတာပဲလေ။ သိတဲ့အခါမှာ ဘယ်မိန်းမ မှ ငြိမ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ ကွဲဖို့ အတွက် အများဆုံး အစပြုတာ ဒီနေရာပဲ” ဟု ယင်းက ဆိုသည်။

သို့သော်လည်း ယင်းကဲ့သို့ အိမ် ထောင်ကွဲခြင်း နောက်ကွယ်တွင် ဖောက်ပြန်မှု သာမက အခြားသော အကြောင်း အရင်း များ ရှိနေတတ် သည်ဟုလည်း အချို့က ဆိုပြန် သည်။

အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိသော်လည်း မိမိ၏ ကြီးမားသော သံသယ စိတ်ကြောင့် နှစ်ဦးနှစ်ဖက် အကြိမ်ကြိမ် စကားများရပြီး လင်မယား အဖြစ်မှ ဆုံးခန်းတိုင်ခဲ့ ရ သည် ဟု ယောဂဆရာမ မနန်းဆုကေဆွမ် ကပြောသည်။

ရုပ်ရှင် သရုပ်ဆောင် နိုင်းနိုင်း၏ ဇနီးဖြစ်သူ မစန္ဒီချို ကတော့ ”ဘာ ဖြစ်လို့ အိမ်ထောင်ရေးတွေ ဖောက် ပြန်တာလဲ ဆိုတာ အဖြေမှန်က တစ်ခု တည်း ရှိတာ မဟုတ်ဘူး။ လူတိုင်း က ကိုယ့်စိတ်နဲ့ကိုယ် ဆိုတော့ ခန့်မှန်းရ တာ ခက်တယ်လေ” ဟု ဆိုသည်။

သို့သော်လည်း သဘောထားမ တိုက်ဆိုင်၍ အိမ်ထောင် တစ်ခု ပြို လဲခြင်း၊ အခြားအကြောင်း အမျိုးမျိုး ကြောင့် အိမ်ထောင် တစ်ခု ပြိုလဲခြင်း များထက် ဖောက်ပြန်၍ အိမ်ထောင် တစ်ခု ဆုံးခန်း တိုင်ခြင်းက ပိုများ ကြောင်းကို ကာယကံရှ င်များ၏ စကားသံအရ သိရသည်။

ဖောက်ပြန်တာကြောင့်လို့ အများစု ဘာလို့ပြောတာလဲ

”အိမ်ပြန်ချိန် နောက်ကျ တတ်တာတွေ၊ ပတ်ဝန်းကျင် ကနေ အသံတွေ ကြားရတာတွေ၊ အိမ်မှာနေရင် မိသားစု အပေါ်မှာ အရင်လို ဆက်ဆံ ရေး မကောင်းတော့ တာတွေ ဆိုတာ က အားလုံးဒီလို အဖြစ်ကို ခံစားဖူး တဲ့သူတွေ သိပါတယ်”ဟု ကချင်ပြည် နယ်နေ ဒေါ်အေးအေးက ပြော သည်။

လင်မယားနှစ်ဦး စကားများ ရန် ဖြစ်ခြင်း၊ သဘောထား မတိုက်ဆိုင် ခြင်း၊ အပေါင်းအသင်း များခြင်း စ သည့် အကြောင်း များသည် အိမ် ထောင် တစ်ခုကို ပြိုကွဲသွားအောင် လုပ်နိုင်သည့် ကိစ္စများ မဟုတ်ဟု ၄င်းကဆိုသည်။ လင်ယောက်ျားဖြစ်သူ ၏ ထူးခြားသော အပြောင်းအလဲ များ ကြုံတွေ့ရပြီး မကြာခင်ပင် ဖောက်ပြန်နေကြောင်း သိခွင့် ရခဲ့သည့် ဒေါ်မေရီဝင်း ကလည်း ”သူရှာသမျှ ပိုက်ဆံကိုလည်း လစဉ်ပို့တယ်။ အရင်က ပြန်လာပြီဆို မိန်းမ အတွက် ကလေး အတွက် တစ်ခုခု ဝယ်လာ တတ် တယ်။ နောက်ပိုင်း အရင်ကလို သူမပျော်တာ သတိထား မိတယ်။ သူငယ်ချင်းတွေ နဲ့လည်း အပြင်မထွက် သလောက်ပဲ။ အားနေ ရင် ဖုန်းပဲပြောတယ်။ ပြောတော့ လည်း တိုးတိုး။ ညည လင်မယားတူ တူ အိပ်တာတောင် သူဘယ်အချိန် ဖုန်း ထပြောနေလဲ မသိဘူး”ဟု ပြော ပြသည်။

ဘာကြောင့် ဖောက်ပြန်ကြတာလဲ

အိမ်ထောင်ရှင် အမျိုးသားများ ဖောက်ပြန်မှုကို ကြည့်ပါက ၄င်းတို့ ၏ မပြီးဆုံးသော လိုအင်ဆန္ဒများ ကြောင့်ဖြစ်သည်ဟု ယောဂ ဆရာမ မနန်းဆုကေဆွမ်က ပြောသည်။

”မိန်းကလေး ဆိုတာက အိမ် ထောင်ကျရင် ကလေးမွေးမယ်။ အဲ ဒီတော့ ကျိန်းသေတာ တစ်ခုက အရင် အပျိုတုန်းက လိုတော့ ပြန်ဖြစ်မှာ မဟုတ်တော့ ဘူး။ ကောင်လေး ဘက် က ပိုပြီး ချောလာမှာ မဟုတ်သလို ကောင်မလေး ဘက်ကလည်း ပိုပြီး ချောလာမှာ မဟုတ်ဘူး။ ဒါကိုမှ စိတ် မကျေနပ်လို့ မရဘူး။ အိမ်ထောင်ပြု ပြီးသွား မှ စိတ်ကုန် သွားတယ် တို့ ဘာတို့ အသစ်ရှာချင်တယ်ဆိုတာ ကလည်း သူတို့ရဲ့လိုအင်ဆန္ဒ မပြီး ဆုံးလို့ပဲ။ ကာမကိစ္စ၊ အစားအသောက် ကိစ္စ၊ ချောလှမှု ဒါတွေလည်းပါနိုင် ပါတယ်။ တစ်ခုမက လိုချင်တဲ့လော ဘပဲ”ဟု ၄င်းကဆိုသည်။

သို့ရာတွင် ယခုကဲ့သို့ လိုအင် ဆန္ဒ မပြည့်ဝခြင်း၊ အစား အသောက်၊ အလှအပ မက်မောခြင်း များကြောင့် ဖောက်ပြန်ခြင်း များ ရှိသော်လည်း မည်သည့် အကြောင်းကြောင့် ဖောက် ပြန် သွားသည်ကို မသိရှိဘဲ အိမ် ထောင်ပြိုကွဲခဲ့ သည့် အမျိုးသမီး များ ရှိနေကြောင်းကိုလည်း သိရသည်။

ဒေါ်မေရီဝင်းက ”အစ်မကို သစ္စာဖောက် ရလောက်အောင် အစ် မ ရုပ်ရည်လည်း သူနဲ့ တွဲသွားတွဲလာ ရင် တင့်တယ်ပါတယ်။ မိဘတွေပေး စားလို့ ယူခဲ့ကြတလည်း မဟုတ်ဘူး။ တစ်ယောက် နဲ့တစ်ယောက် နှစ်နှစ် ကာကာချစ်ခဲ့လို့ လက်ထပ်ခဲ့ကြတာ ပဲ။ ကလေးနှစ်ယောက် မွေးထား ပေမယ့် အစ်မ ကိုယ့် ကိုယ်ကိုယ် ဂရု စိုက်နေခဲ့ တယ်။ ဒါတောင် ဘာဖြစ် လို့ ဒီအိမ်ထောင်ကို သူဖောက်ပြန် သွားတာလဲ ဆိုတာ ခုချိန်ထိ စဉ်းစား မရဘူး”ဟု ပြောသည်။

ထိုသို့သော အကြောင်းအရာ များကိုကြည့်ပါက လူတစ်ဦး၏ ဖောက် ပြန်မှုသည် ၄င်းတို့၏ပင်ကို စိတ်နေ စိတ်ထားပေါ်တွင် များစွာ မူတည်နေသည်ဟု အမျိုးသမီး အ များစု က မှတ်ချက်ပြုကြသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ ပိုင်းနေ မယုယုဆွေ ဆိုသူက ၄င်းကြုံ တွေ့ခဲ့ရသော အိမ်ထောင်ရေး မသာ ယာမှုနှင့် ပတ်သက်၍ ”တကယ် တော့ဖောက်ပြန်တယ် ဆိုတာ မိန်းမ ယောက်ျား မရွေးပါဘူး။ ဗီဇ စိတ်ရင်း နဲ့ပဲ ဆိုင်တယ်။ ဘယ်အရာ မဆို အားလုံးကို အရှိအတိုင်း လက်မခံ နိုင်ရင် ဖောက်ပြန်မှု ဆိုတာ ဖြစ်တော့တာပဲ။ ဒါပေမဲ့ ကိုယ့်ကြောင့် တခြား သူ ဘာထိခိုက်သွားမလဲ ဆိုတဲ့ လူ လိုတွေးတတ်တဲ့ စိတ်လေး နည်း နည်းတော့ ရှိသင့်တယ်”ဟု ပြော သည်။

အမျိုးသားဖြစ်သူ၏ ဖောက်ပြန် မှုများတွင် အမျိုးသမီးများ၏ အနည်း ငယ်သော မှားယွင်းမှုများလည်း ရှိ နေသည်ဟုလည်း အချို့က သုံးသပ် ကြသည်။

ကချင်ပြည်နယ်နေ ဒေါ်အေး အေးက ”သေသေချာချာ သတ် မှတ်လို့တော့ မရပါ ဘူး။ ဖောက်ပြန် ချင်တဲ့ သူကတော့ ဖောက်ပြန်တာ ပါပဲ။
တကယ် တော့ လင်မယားနှစ်ယောက် ကြားမှာ ဒီလို ပြဿနာဖြစ်ပြီ ဆိုရင်တော့ တစ်ဖက်ဖက် မှာ အနည်းငယ်တော့ လိုအပ်ချက် ရှိနေပြီဆိုပြီး လည်း တွေးလို့တော့ ရပါ တယ်” ဟု ဆိုသည်။

ရင်သွေးတွေလည်း ထိခိုက်ပါတယ်

ယင်းကဲ့သို့ မိဘနှစ်ဦး၏ အိမ် ထောင်ရေး ပြဿနာသည် သားသမီး များ အပေါ်တွင် မည်ကဲ့သို့သက် ရောက်မှု ရှိသည်ကို ကြုံတွေ့ခဲ့ရ သော ကာယကံရှင်များ ထက် မည် သူမျှ မသိနိုင်ဟုလည်း ဆိုကြသည်။

မိခင်၏ ချုပ်ချယ်မှုများကြောင့် အိမ်ထောင် ပြိုလဲသည် အထိ ဖြစ်ခဲ့ရ သော အိမ်ထောင်ကွဲ မိသားစုမှ ကလေး တစ်ဦးဖြစ်သူ မချစ်စု ဆိုသူ က ”အဲဒီတုန်းက ရှက် လို့ ကျောင်း တောင် မသွားဘူး။ သူတို့ ကွာရှင်း တုန်းက နှစ်ဖက် အဘိုး အဘွားတွေ တစ်ယောက်နဲ့ တစ်ယောက် ပြော ဆိုကြတာတွေ ခုချိန်သာဖြစ်ရင် ချစ်စု အိမ်ကို မီးရှို့ မိမယ်”ဟု ဆိုသည်။

မိဘနှစ်ပါး၏ လမ်းခွဲမှု အပြီး ကြုံတွေ့ရသော အဆင် မပြေမှုများ တွင် အလယ်တန်း ကျောင်းတက်စဉ် အခါက ကျောင်းသို့ မိဘနှစ်ပါးနှင့် အတူတူ သွားရ တက်ရသော ပွဲများ ကို မိခင် တစ်ဦးနှင့် သာ ဖြတ်သန်း ခဲ့ရ ခြင်းကြောင့် သူငယ်ချင်းများ အလယ်၌ မျက်နှာငယ် ခဲ့ရသည်မှာ အဆိုးဆုံး ဖြစ်သည်ဟု ဒေါ်အေးအေး ၏ သားဖြစ်သူ အသက် ၂၁ နှစ် ခန့်ရှိ ကိုအေးမင်းထွန်းက ဆိုသည်။

”အဖေက ကျွန်တော် တို့ကိုတွေ့ ချင်လို့ အိမ်လာရင် အမေ မကြိုက် ဘူး။ ထွက်မတွေ့ဘူး။ နောက်ပိုင်း အဖေက ခိုးပြီး လာတယ်။ အမေက အဖေနဲ့ ပတ်သက်တာ ကိုလည်း သိပ် ပြီး မကြိုက်ဘူး။ စိတ်နာတာကိုး။ အဆိုးဆုံး ကတော့ အဖေဆိုတာကို သူများ ကြားအောင် မခေါ်ရတာ ၁၅ နှစ်လောက် ရှိပြီ။ ကျွန်တော်တို့ လည်း အဖေဖြစ် တဲ့ သူရဲ့ဆုံးမမှုကို သေသေချာချာ မခံယူခဲ့ရတဲ့အတွက် သာမန် ယောက်ျားလေးတွေထက် ပိုပြီး ဆိုးတယ်ဆိုတာလည်း ကိုယ့် ကိုယ်ကိုယ်သိပါတယ်” ဟု ကိုအေး မင်းထွန်း က ၄င်း၏ ဘဝဖြစ်စဉ် ကြောင့် ကြုံတွေ့ ခံစားခဲ့ရသော ခံ စားမူ တချို့ကို ပြောပြသည်။

မိဘသည် သားသမီး များ၏ လက်ဦး ဆရာဖြစ်သည်ဟု အများက ယူဆထား သကဲ့သို့ ယင်းကဲ့သို့ အိမ် ထောင်ရေး အခြေအနေ တစ်ခုကြောင့် သားသမီးများ ထိခိုက်မည် ကို စိုးရိမ် ၍ သည်းခံပြုပြင် ပေါင်းသင်းခဲ့ကြ သော မိသားစု များရှိသည်ဟုလည်း အမျိုးသမီး အချို့က ဆိုသည်။

ယောက်ျားတွေဘက်က ဒီလိုပြောကြတယ်

အသက် ၂၈နှစ်ကျော် အရွယ်ရှိ ကလေးနှစ်ဦး ၏ဖခင်ဖြစ်သူ ကိုညိမ်း က ”အလုပ်ကြောင့် နောက်ကျတာ ကို နားလည်မပေးနိုင်တာ အဆိုးဆုံး ပဲ”ဟုပြောသည်။

ထိုကိစ္စနှင့် ပင် အကြိမ်ကြိမ် ရန်ဖြစ်ရကြောင်း ၄င်းက ဆက်ပြော ကာ ”လွတ်လပ်ခွင့် ဆိုတာ ရှိရမယ် ဗျ။ ဒါ့အပြင် နားလည်ပေးမှု ကိုလည်း လိုချင်တယ်”ဟု ကိုညိမ်း ကတောင်း ဆိုသည်။

ဘယ်လိုထိန်းသိမ်းမလဲ

သရုပ်ဆောင်နိုင်းနိုင်း၏ အမျိုး သမီး စန္ဒီချို ကတော့ တစ်ဦး နဲ့တစ်ဦး နွေးထွေးအောင် နေသင့်ကြောင်း ပြောသည်။

”အိမ်ထောင်တစ်ခုမှာ ဖောက် ပြန်တယ်ဆိုတာနဲ့ မကြုံချင်ကြဘူး ဆိုရင် ကိုယ့်တာဝန် ကိုယ် ကျေအောင် နေဖို့လိုတယ်။ တစ်ယောက်ပေါ် တစ်ယောက် ဘေးကနေပြီး ကဂျီ ကဂျောင်လုပ်တာ၊ ရစ်တာ၊ တအား ထိန်းချုပ်တာ၊ အမြဲ သဝန်တိုတာ၊ အကြောင်းမရှိ အ ကြောင်းရှာပြီး မလုပ်ကြပါနဲ့။ ဒီလို လုပ်ရင် မိန်းမ ပဲဖြစ်ဖြစ် ယောက်ျား ပဲဖြစ်ဖြစ် ထွက်ပြေးနေမှာပဲ။ ကိုနိုင်း နိုင်း နဲ့ စန္ဒီ တို့မိသားစု အနေဝေး ကြ ပေမယ့်လည်း စန္ဒီ သူ့ကို ယုံသလို သူလည်း စန္ဒီ့ကို ယုံတယ်။ ဒါကြောင့် မိသားစုတွေက အနေဝေးပေမယ့် နွေးထွေးတာပေါ့”ဟု ၄င်းက ပြော သည်။

ပြင်ပြင်ဆင်ဆင် နေသင့်ကြောင်း လည်း အိမ်ထောင်ကွဲ သွားသည့် အ မျိုးသမီးတစ်ဦးကပြောသည်။

”ယောက်ျား ပြန်တာကို ချွေး တွေ နဲ့ မကြိုသင့်ဘူးလေ။ ခေတ် ဆန်အောင် ထက် ကြည့်ကောင်း အောင်တော့ လုပ်သင့်တယ်” ဟု သူမက ပြောသည်။

ကြုံတွေ့လာရင် ဘယ်လိုရင်ဆိုင်မလဲ

မိမိကိုယ်ကို တစ်ဦးတည်း ရပ် တည်နိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံး ရင်ဆိုင်နည်း ဖြစ် တယ်လို့ ကာယကံရှင် အမျိုးသမီး များက ဆိုကြပါသည်။

”ကိုယ့်ယောက်ျားက ဖောက် ပြန်နေပြီဆိုရင် မိန်းမတစ်ယောက် အနေနဲ့ ဘာမှ ပူဆွေး မနေနဲ့လို့ မပြောဘူး။ ပူဆွေးစရာ ပူဆွေးလိုက် ငိုပစ်လိုက်၊ ပြီးရင် ဘဝ ကို အသစ် က နေစပါ။ အရှုံးပေးပြီး ကိုယ့်ဘဝ ကိုယ်တော့ မသတ်ပစ် လိုက်ပါနဲ့။ ကိုယ့်မှာ အမှား မရှိအောင် နေပေမယ့် သူ့တွက် ဒါအမှားပါ လို့ ပြော လာရင် သူ့ကို မချည်နှောင် နဲ့တော့ ကိုယ့် အမှားလို့ပဲ ခံယူပြီး လွှတ် လိုက်ပါ” ဟု ဒေါ်မေရီဝင်းက ပြော သည်။

လင်ယောက်ျား ဖြစ်သူ၏ ဖောက် ပြန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သော ဖြစ်ရပ် များသည်လည်း အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ များပေါ်တွင် မကြာသေးမီ ကာလ များက လူထုကြား ပျံ့နှံ့ခဲ့သေးသည် ကို တွေ့ရသည်။

ယင်းအပေါ်တွင် ဆရာမ နန်းဆု ကေဆွမ်က ”အမျိုးသား ဖြစ်တဲ့သူက ဖောက်ပြန်မှုတွေ လုပ်လို့ ကိုယ့်ကိုယ် ကိုယ်သတ်သေ သွားတဲ့ ကိစ္စတွေ ဆိုတာကလည်း တကယ် တမ်းကျ ရင် ရှုထောင့်ပေါင်းစုံ ကနေ မကြည့် လို့။ ကိုယ့်ရဲ့ မာနကို မလျှော့ နိုင် သေးသရွေ့တော့ ဖြစ်နေမှာပဲ။ ငါ ဒီလို ဖြစ်တာ ပတ်ဝန်းကျင် မှာ အရမ်းရှက် ဖို့ ကောင်း တာပဲ။ ဒီ တော့ သေသွား တာပဲ ကောင်း တယ်ဆိုပြီး မာန ကြီးနဲ့ တင်းခံနေရင် တော့ ဖြစ်မှာပဲ။ ကျွန်မလည်း ဆုံးဖြတ်ခဲ့ဖူးပါ တယ်။ ဒါပေမဲ့ မလုပ်ဖြစ်ခဲ့ဘူး” ဟု ဝေဖန်သည်။

အမျိုးသမီး အများစုမှာ ယင်း ကဲ့သို့ကိစ္စများ ကြုံတွေ့ခဲ့လျှင် မည် ကဲ့သို့ ဆုံးဖြတ် ရှေ့ဆက်မည် ဟူသည့် ကိစ္စမှာလည်း လွယ်ကူသည့် ကိစ္စ မဟုတ်သော်လည်း မိမိ၏ ဘဝ၊ ရရှိ လာမည့် သားသမီး၏ မျက်နှာနှင့် ယှဉ်ပါက မှားယွင်းစွာ ဆုံးဖြတ်ချက် ချမည် မဟုတ်ကြောင်း ဆိုကြသည်။

”ယောက်ျား တစ်ယောက် ကိုပဲ ခေါင်းထဲမှာ သွားစွဲနေလို့မဖြစ်ဘူး။ ကျန်တဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်။ ကိုယ့်သားသမီးနဲ့ ကိုယ့်ဘဝ က အရေးအကြီးဆုံး ဆိုတာ ကို မြင် အောင် ကြည့်ကြပါလို့” ဟုလည်း ဒေါ်အေးအေးကဆိုသည်။

ဒေါ်နန်းဆုကေဆွမ် ကတော့ ချည်နှောင်မှုတို့ မလုပ်သင့်ဟု အကြံ ပြုသည်။

”အရင် ကတော့ လက်ထပ်စာ ချုပ် နဲ့ အိမ်ထောင်ပြုခြင်းပေါ့။ လက် ထပ်စာချုပ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ကို ချည်နှောင်တာ တစ် ခုပေါ့။ ဒီလို လက်ထပ် စာချုပ်နဲ့ အစ်မ လုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင် မြင်ခဲ့ဘူး။ အခု အစ်မက ချည်နှောင် တဲ့အနေအထား မဟုတ်ဘူး။ တစ် ယောက် နဲ့တစ်ယောက် နားလည်မှု၊ အပြန်အလှန် လေးစားမှု ဆိုတာတွေ နဲ့ဖြတ်သန်းနေတယ်။ ကျွန်မအောင် မြင်တယ်။ နှစ်ဖက် ချည်နှောင်ထား တာ လုံးဝမကြိုက်ဘူး။ အခုဆို သဝန် တိုတာတို့ ဘာတို့ လုံးဝမလုပ်ဘူး။ အဓိက ကတော့ ယုံကြည်မှု၊ နောက် ဆုံး သူ့ဘက်က တကယ်ဖောက်ပြန် ခဲ့ရင်တောင်မှ ကျေနပ်အောင် နေ တတ်ဖို့ပဲ လိုတယ်။ ငါဒီလို လုပ်ခဲ့ မိတယ် ဆိုပြီးတော့လည်း လုံးဝ နောင်တ မရဘူး။ ပြန်ပြီး နှမြောနေ တာတို့ ဘာတို့ လုံးဝ မရှိဘူး”ဟု ဒေါ်နန်းဆုကေဆွမ် က ပြောသည်။

၎င်းက ဆက်ပြောသည် မှာ ”အရင်ကျွန်မနဲ့ လမ်းခွဲခဲ့တဲ့ အမျိုးသား ဆိုရင် အိမ်ထောင်ပြုစ တုန်းက ဆိုရင် နှစ်ဖက်လုံး ချောချော လှလှတွေပဲ။ ငွေကြေး လည်း တောင့်တောင့် တင်းတင်းပဲ။ ဒါပေမဲ့ တကယ်တမ်း လက် တွေ့ဘဝမှာကျတော့ ငွေကြေး တစ်ခု တည်းနဲ့ မပြီးသွားဘူး။ မသင်္ကာစိတ် တွေ များလာတယ်။ တကယ်တော့ သူ့ဘက်က မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က အဲဒီလို မသင်္ကာစိတ် တွေနဲ့ပဲ ပြန်ပြီး ပူလောင်နေရတာ။ အဲဒီအချိန်မှာ အလှပြင်ဆိုင် သွားတာ၊ သူငယ်ချင်းတွေ နဲ့ အပြင်သွားတာ၊ ဒီလို မဟုတ်တဲ့နေရာတွေမှာ အချိန် သွားကုန်တာများသွားတယ်။ ကျွန်မ တို့လည်း မှားခဲ့ဖူးတယ်။

အိမ်ထောင်သည် ဖြစ်ပြီးသွား ရင်လည်း ကိုယ့်ယောက်ျား အပေါ်မှာ ဖြစ်ပွား လာတတ်တဲ့ မသင်္ကာစိတ်၊ စိုးရိမ်စိတ်၊ မကျေလည်တဲ့ စိတ် ဒါ တွေကနေ ကိုယ့်ကိုယ်ကိုယ် ပူ လောင်အောင် လည်း မလုပ်သင့်ဘူး”ဟုပြောသည်။

ဒေါ်ဝါဝါ တစ်ယောက် ကတော့ အလှအပကြောင့် သူ့အမျိုးသား ဖောက်ပြန်မည် ကို စိုးရိမ်ကာ ဝိတ် ကျရန် လေ့ကျင့်ခန်း ထပ်လုပ်ဖို့ စက် တစ်ခုပေါ်သို့ တက်သွားပါတော့ သည်။


Credit:Popular News
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top