iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြ မီးဖြားၿပီးတဲ့အခါမွာ ခင္ပြန္းသည္နဲ႔ ခ်စ္တင္းေႏွာႏိုင္ဖို႔အတြက္ ရက္သတၱပတ္ ၆ ပတ္ခန္႔ ေစာင့္ဆိုင္းရတယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ သိထားရမွာတစ္ခုက မီးဖြားၿပီးကာစ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ခ်စ္တင္းေႏွာဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ခံစားရရင္ ၆ ပတ္လံုး ေစာင့္ဆိုင္းသင့္သလို တစ္ကယ္လို႔မ်ား ဆရာ၀န္ကလည္း အဆင္သင့္ျဖစ္ေနၿပီလို႔ေျပာလာၿပီး အရာအားလံုးလည္း အဆင္ေျပေနတယ္လို႔ ခံစားရတယ္ဆိုရင္ေတာ့ ၆ ပတ္လံုး ေစာင့္ေနစရာ မလိုပါဘူး။ ဒါေပမယ့္လည္း သင့္အေနနဲ႔ မီးဖြားၿပီးေနာက္ ပထမဆံုးအႀကိမ္ လိင္ဆက္ဆံေတာ့မယ္ဆိုရင္ အဲဒီလို လိင္ဆက္ဆံမႈအတြက္ သိထားသင့္တဲ့အခ်က္ေတြရွိပါတယ္။

၁။ မိခင္ႏို႔ခ်ိဳ ထြက္ေနပါလိမ့္မယ္

သင္ဟာ မိခင္ႏို႔တိုက္ေကၽြးသူျဖစ္ေစ ၊ မတိုက္ေကၽြးသူျဖစ္ေစ သင့္ရင္သား ေတြဟာ မီးဖြားၿပီးတာနဲ႔ မိခင္ႏို႔ခ်ိဳကို ထုတ္လုပ္မွာေသခ်ာပါတယ္။ မိခင္ႏို႔မတိုက္ပဲ အခ်ိန္တစ္ခုၾကာေအာင္ေနလိုက္မွသာ ႏို႔ခ်ိဳထုတ္လုပ္မႈ ရပ္နားသြားမွာျဖစ္တာေၾကာင့္ သင္ဟာ မီးဖြားၿပီး ပထမဆံုး လိင္ဆက္ဆံတဲ့အခါမွာ သင့္လက္တြဲေဖာ္ရဲ ႔ အထိအေတြ႕ေတြေၾကာင့္ ႏို႔ခ်ိဳထြက္လာႏိုင္ပါတယ္။

၂။ နာက်င္ရပါလိမ့္မယ္

အမ်ိဳးသမီးတိုင္းေတာ့မဟုတ္ေပမယ့္ အမ်ိဳးသမီး အမ်ားစုဟာ မီးဖြားၿပီးေနာက္ ပထမဆံုး လိင္ဆက္ဆံတဲ့အခါမွာ လိင္အဂၤါအတြင္းက တစ္သွ်ဴးမ်ား ထိခိုက္မႈ ၊ ေနာက္ေက်ာ နာက်င္မႈ ၊ ေသြးလိပ္ေခါင္းေရာဂါ အစရွိတဲ့ နာက်င္မႈေတြကို ႀကံဳေတြ႔ရေလ့ရွိပါတယ္။ ဒါေပမယ့္ ခဏတာအတြက္ပဲ နာက်င္ရတာပါ။ အဲဒီလို မီးဖြားၿပီးေနာက္ ပထမဆံုး လိင္ဆက္ဆံလို႔ ဘာနာက်င္မႈ မွ မခံစားရသည္ျဖစ္ေစ ၊ အလြန္အမင္း နာက်င္ခံစားရသည္ျဖစ္ေစ သက္ဆိုင္ရာ ဆရာ၀န္နဲ႔ သြားေရာက္တိုင္ပင္သင့္ပါတယ္။

၃။ အျပစ္ရွိသလို ခံစားရပါလိမ့္မယ္

မိခင္ျဖစ္ကာစ အမ်ိဳးသမီးေတြခံစားရေလ့ရွိတာက မိမိရင္ေသြးအနားက မိနစ္အနည္းငယ္ေလာက္ ေ၀းကြာသြားတဲ့အခါမွာ စိတ္ထဲမွာ မေကာင္းသလို ျဖစ္လာတာပါ။ ဒါေပမယ့္လည္း ရင္ေသြးအနားက မခြာႏိုင္လို႔ လက္တြဲေဖာ္ရဲ ႔ စိတ္ဆႏၵေတြကို လစ္လ်ဳရႈလိုက္ရင္လည္း အျပစ္ရွိတယ္လို႔ ခံစားရမွာပါပဲ။ဒါေၾကာင့္ မီးဖြားၿပီးေနာက္ ပထမဆံုး အႀကိမ္ျပန္ၿပီး လိင္ဆက္ဆံတဲ့အခါ အျပစ္ရွိေနသလို ခံစားေနရမွာပါ။

၄။ ျပန္လည္ သန္႔ရွင္းေရး လုပ္ဖို႔ လိုအပ္ပါလိမ့္မယ္

မီးဖြားၿပီးေနာက္ ပထမဆံုး လိင္ဆက္ဆံမယ္ရင္ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ မိခင္ႏို႔ခ်ိဳထြက္ရွိလာျခင္း ၊ လိင္အဂၤါ အတြင္းက တစ္သွ်ဴးေတြ ထိခိုက္မႈေၾကာင့္ ေသြးထြက္လာျခင္း အပါအ၀င္ ခႏၵာကိုယ္တြင္းက ထုတ္လုပ္တဲ့ အရည္အခ်ိဳ႕ေၾကာင့္ သင္ဟာ လိင္ဆက္ဆံၿပီးရင္ေတာ့ ျပန္လည္ သန္႔ရွင္းေရး လုပ္ကိုလုပ္ရပါလိမ့္မယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အမျိုးသမီးတွေ မီးဖွားပြီးတဲ့အခါမှာ ခင်ပွန်းသည်နဲ့ ချစ်တင်းနှောနိုင်ဖို့အတွက် ရက်သတ္တပတ် ၆ ပတ်ခန့် စောင့်ဆိုင်းရတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သိထားရမှာတစ်ခုက မီးဖွားပြီးကာစ အမျိုးသမီးတစ်ယောက်အနေနဲ့ ချစ်တင်းနှောဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရရင် ၆ ပတ်လုံး စောင့်ဆိုင်းသင့်သလို တစ်ကယ်လို့များ ဆရာဝန်ကလည်း အဆင်သင့်ဖြစ်နေပြီလို့ပြောလာပြီး အရာအားလုံးလည်း အဆင်ပြေနေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ၆ ပတ်လုံး စောင့်နေစရာ မလိုပါဘူး။ ဒါပေမယ့်လည်း သင့်အနေနဲ့ မီးဖွားပြီးနောက် ပထမဆုံးအကြိမ် လိင်ဆက်ဆံတော့မယ်ဆိုရင် အဲဒီလို လိင်ဆက်ဆံမှုအတွက် သိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ မိခင်နို့ချို ထွက်နေပါလိမ့်မယ်

သင်ဟာ မိခင်နို့တိုက်ကျွေးသူဖြစ်စေ ၊ မတိုက်ကျွေးသူဖြစ်စေ သင့်ရင်သား တွေဟာ မီးဖွားပြီးတာနဲ့ မိခင်နို့ချိုကို ထုတ်လုပ်မှာသေချာပါတယ်။ မိခင်နို့မတိုက်ပဲ အချိန်တစ်ခုကြာအောင်နေလိုက်မှသာ နို့ချိုထုတ်လုပ်မှု ရပ်နားသွားမှာဖြစ်တာကြောင့် သင်ဟာ မီးဖွားပြီး ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ သင့်လက်တွဲဖော်ရဲ့ အထိအတွေ့တွေကြောင့် နို့ချိုထွက်လာနိုင်ပါတယ်။

၂။ နာကျင်ရပါလိမ့်မယ်

အမျိုးသမီးတိုင်းတော့မဟုတ်ပေမယ့် အမျိုးသမီး အများစုဟာ မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါအတွင်းက တစ်သျှူးများ ထိခိုက်မှု ၊ နောက်ကျော နာကျင်မှု ၊ သွေးလိပ်ခေါင်းရောဂါ အစရှိတဲ့ နာကျင်မှုတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် ခဏတာအတွက်ပဲ နာကျင်ရတာပါ။ အဲဒီလို မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံလို့ ဘာနာကျင်မှု မှ မခံစားရသည်ဖြစ်စေ ၊ အလွန်အမင်း နာကျင်ခံစားရသည်ဖြစ်စေ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်သင့်ပါတယ်။

၃။ အပြစ်ရှိသလို ခံစားရပါလိမ့်မယ်

မိခင်ဖြစ်ကာစ အမျိုးသမီးတွေခံစားရလေ့ရှိတာက မိမိရင်သွေးအနားက မိနစ်အနည်းငယ်လောက် ဝေးကွာသွားတဲ့အခါမှာ စိတ်ထဲမှာ မကောင်းသလို ဖြစ်လာတာပါ။ ဒါပေမယ့်လည်း ရင်သွေးအနားက မခွာနိုင်လို့ လက်တွဲဖော်ရဲ့ စိတ်ဆန္ဒတွေကို လစ်လျုရှုလိုက်ရင်လည်း အပြစ်ရှိတယ်လို့ ခံစားရမှာပါပဲ။ဒါကြောင့် မီးဖွားပြီးနောက် ပထမဆုံး အကြိမ်ပြန်ပြီး လိင်ဆက်ဆံတဲ့အခါ အပြစ်ရှိနေသလို ခံစားနေရမှာပါ။

၄။ ပြန်လည် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်

မီးဖွားပြီးနောက် ပထမဆုံး လိင်ဆက်ဆံမယ်ရင် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ မိခင်နို့ချိုထွက်ရှိလာခြင်း ၊ လိင်အင်္ဂါ အတွင်းက တစ်သျှူးတွေ ထိခိုက်မှုကြောင့် သွေးထွက်လာခြင်း အပါအဝင် ခန္ဒာကိုယ်တွင်းက ထုတ်လုပ်တဲ့ အရည်အချို့ကြောင့် သင်ဟာ လိင်ဆက်ဆံပြီးရင်တော့ ပြန်လည် သန့်ရှင်းရေး လုပ်ကိုလုပ်ရပါလိမ့်မယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top