iMyanmarHouse.com - Best Property Website for Myanmar
×
၁ - အသက်
၂ - အထီးကျန်မှု
၃ - Sex
၎ - ဂရုစိုက်မှု
Credit: duwun
#Unicode
၁ - အသကျ
သင့်အသက်က ၂၈ နှစ်ပါ။ သင်နဲ့ရွယ်တူတွေ အကုန်လုံးလက်ထပ်သွားတာကြောင့် သင်က တစ်ဦးတည်းထူးခြားနေသူလို့ ခံစားရပါတယ်။ ရွေးချယ်စရာမရှိတော့ဘဲ လက်မထပ်ဖြစ်တော့မှာကို စိုးရိမ်နေပါတယ်။
အချိန်တွေ ကုန်သွားမှာ၊ ရွေးချယ်စရာနည်းလာမှာဟာ လက်ထပ်ရလောက်တဲ့ အကြောင်းပြချက်ကြီး မဟုတ်ပါဘူး။ ဖြစ်သင့်တာက စစ်မှန်တဲ့ တစ်ယောက် ရောက်လာမယ့် အချိန်ထိ သင့်ရဲ့လွပ်လပ်နေတဲ့ ဘဝကို အပြည့်အဝခံစားရမှာ ဖြစ်ပါတယ်။
၂ - အထီးကျန်မှု
တစ်ကိုယ်တည်းနေရတာကို ငြီးငွေ့နေပါပြီ။ သူငယ်ချင်းတွေအသီးသီးကလည်း တွဲဖက်တွေရသွားတာကြောင့် သောကြာညတွေ၊ စနေ၊တနင်္ဂနွေတွေမှာ တစ်ယောက်တည်း ဖြစ်နေသလို ခံစားနေရပါတယ်။
 ဒါဟာလည်း လက်ထပ်ရမယ့်အကြောင်းအရင်း မဟုတ်ပါဘူး။ သောကြာညတွေ၊ စနေတနင်္ဂနွေတွေမှာ တွဲဖက်တွေနဲ့ ဖြစ်ရတဲ့ ပြဿ     နာတွေကို မသိသေးလို့သာ ဖြစ်ပါတယ်။ ဒီလိုရက်တွေမှာ အဓိပ္ပာယ်မဲ့နေတယ်လို့ ခံစားရရင် အဓိပ္ပာယ်ရှိတဲ့ ကိစ္စတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ သင်ဝါသနာပါတာတွေကို လိုက်စားပါ။ သင့်ကိုသင် ဆက်လက်ဖြည့်ဆည်းပြီး ဆက်လက်တည်ဆောက်ပါ။  သင့်စိတ်ကြိုက် တည်ဆောက်ထားတဲ့ ဘဝထဲကို သင်နှစ်သက်ဆုံးလူကို ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။
၃ - Sex
Sex နဲ့လည်း မရောထွေး သင့်ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ တာဝန်ယူမှု တစ်ခု ဖြစ်ပါတယ်။ sex ကြောင့် လက်မထပ်သင့်ပါဘူး။
၄ - ဂရုစိုက်မှု
ဂရုစိုက်မယ့် လူတစ်ယောက်ယောက် ရှိနေစေချင်တဲ့ စိတ်ကြောင့်လည်း လက်မထပ်သင့်ပါဘူး။ ငွေကြေးအရခက်ခဲတယ်၊ မိသားစု ရပ်တည်ဖို့ ခက်ခဲနေတယ် စတဲ့ အရာတွေကို ဂရုစိုက်ပေးဖို့ အတွက် လက်မထပ်သင့်ပါဘူး။ ဒီလို အကြောင်းတွေကြောင့် လက်ထပ်မယ်ဆိုရင် ကိုယ့်ရဲ့ ရှုပ်ထွေးမှုကို နောက်ထပ်ရှုပ်ထွေးမှု တစ်ခု ထပ်ပေါင်းလိုက်တာပဲ ဖြစ်ပါတယ်။ သူ့မှာလည်း ငွေရေးကြေးရေးနဲ့ ပုဂ္ဂိုလ်ရေးပိုင်း ပြဿ     နာတွေရှိပါတယ်။ ကူညီချင်တယ်ဆိုရင်လည်း လက်မထပ်ဘဲ ကူညီလို့ ရပါတယ်။
Credit: duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top