iMyanmarHouse.com - Best Property Website for Myanmar
×
၆။ လိမ်ညာလို့
Credit : Duwun
ပို့သပေးပါတယ်။
#Unicode
၁။ အမြဲတမ်းအလုပ်များနေလို့
သူမမှာ သင့်ကိုလိုအပ်ချိန်တွေ ရှိပါတယ်။ ချစ်သူအနားမှာနေချင်ပေမယ့် ချစ်သူက အမြဲတမ်းလိုလို မအားလပ်ဘူးဆိုတာချည်းပဲ ပြောနေတဲ့အခါ သူမကအထီးကျန်လာရောလေ။
၂။ စကားတွေကို အလေးမထားလို့
တကယ်ချစ်တဲ့ မိန်းကလေးတွေဟာ သူမရဲ့ချစ်သူကို ကိစ္စသေးသေးမွှားမွှားကအစ ပြောပြလေ့ရှိကြပါတယ်။ အိမ်ကအကြောင်းအရာတွေ၊ အလုပ်ထဲက စိတ်ညစ်စရာတွေအပါအဝင် ရုပ်ရှင်မင်းသားအကြောင်းတွေကအစ တွတ်တီးတွတ်တာ ပြောတတ်ကြပါတယ်။ နားငြီးလွန်းတယ်ဆိုပြီး သူမ ပြောသမျှစကားတွေ နားထောင်မပေးဘူးဆိုရင်လည်း သူမကစိတ်မကောင်းဖြစ်ရပါတယ်။
၃။ စောင့်နေတာကို မေ့ထားလို့
ဖုန်းပြန်ဆက်မယ်ဆိုပြီး မေ့နေတာမျိုး၊ ချိန်းထားရဲ့သားနဲ့ မေ့ပြီးပျက်ကွက်နေတာမျိုးတွေကတော့ သူမကို မလေးစားရာရောက်သလို မချစ်တော့ဘူးလို့လည်းသူမက တွေးမိပါတယ်။
၄။ တခြားမိန်းကလေးတွေနဲ့နှိုင်းလို့
မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိကြပါတယ်။ ဒါပေမဲ့ သူများနဲ့တော့ မနှိုင်းပါနဲ့။
၅။ ဘာမဆိုဒေါသတကြီးတုံ့ပြန်လို့
စိတ်တိုစရာတွေ ရှိခဲ့တယ်ဆိုရင်တောင်မှ သေသေချာချာရှင်းပြပါ။ ဒေါသတကြီး အော်ဟစ်ဆူဆဲတာမျိုးကို မိန်းကလေးတိုင်း မုန်းကြပါတယ်။
၆။ လိမ်ညာလို့
အနောက်တိုင်းစကားတစ်ခုရှိပါတယ်။ လုပ်ချင်တာသာလုပ်၊ မညာဘူးဆိုရင် မိန်းမတွေက ခွင့်လွှတ်ကြတယ်တဲ့။
၇။ တခြားလူကိုပိုအလေးထားလို့
ဒါကတော့ အဆိုးဆုံးပါပဲ။ ကိုယ်ရှိနေလျက်နဲ့ တခြားလူတစ်ယောက်ကို အလေးထားတယ်ဆိုတာကတော့ မိဘကလွဲရင် ခွင့်ပြုဖို့ခက်ခဲလွန်းပါတယ်။ တခြား သူစိမ်းမိန်းမတစ်ယောက်ကို ကိုယ့်ထက်ပိုပြီးအလေးထားနေပြီဆိုရင်တော့ သစ္စာဖောက်တဲ့ချစ်သူကို ဘယ်လောက်ချစ်ချစ် ကျေားခိုင်းလိုက်တာပါပဲ။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top